Monday, December 24, 2012

ကျိုက်ထီးရိုးတွင် ကားသမားထံမှ အတင်းအဓမ္မ တောင်းယူသွားသော ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေးအပ်

Photo: ကျိုက်ထီးရိုးတွင် ကားသမားထံမှ အတင်းအဓမ္မ တောင်းယူသွားသော
ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေးအပ်
Sunday, 23 December 2012 

KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက်ယာဉ်တစ်စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
 
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KNU တပ်မဟာ (၁) မှ ကမ်းဘဲ ဦးဆောင်သော လက်နက်ကိုင် ၈ ဦးဟာ ထိုင်ဝမ်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စီးနင်းလာသော ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းမှ ကားတစ်စီးကို တားပြီး ကားမောင်းသမားထံမှ ငွေ ၇ သိန်းကို အတင်းအဓမ္မ တောင်းယူ သွားခဲ့ပါသည်။ 

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး KNU မှတာဝန်ရှိသူများအား တိုင်ကြား
ခဲ့သည့်အတွက် KNU အဖွဲ့ ကျိုက်ကော်မြို့ ဆက်ဆံရေးတာဝန်ခံအရာရှိ
အောင်သောင်းသိန်း နှင့်အဖွဲ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်
တောင်တက်မော်တောယာဉ်အသင်းရုံးကို ရောက်ရှိလာခဲ့ပြီး 
ကမ်းဘဲနှင့် အဖွဲ့ဝင်များလုပ်ရပ်ကို တောင်းပန် ကြောင်းနှင့် ငွေ ၇ သိန်း
ကိစ္စကို ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ 

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU တပ်မဟာ(၁)မှ တပ်ခွဲမှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်းစခန်းကို
ရောက်ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်
တောင်တက်မော်တော်ယာဉ်အသင်း  ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော ငွေ ၇ သိန်းကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောပြခဲ့ပါသည်။ 

Myanmar Online News
KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက် ယာဉ်တစ်စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KNU တပ်မဟာ (၁) မှ ကမ်းဘဲ ဦးဆောင်သော လက်နက်ကိုင် ၈ ဦးဟာ ထိုင်ဝမ်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စီးနင်းလာသော ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းမှ ကားတစ်စီးကို တားပြီး ကားမောင်းသမားထံမှ ငွေ ၇ သိန်းကို အတင်းအဓမ္မ တောင်းယူ သွားခဲ့ပါသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး KNU မှတာဝန်ရှိသူများအား တိုင်ကြားခဲ့သည့်အတွက် KNU အဖွဲ့ ကျိုက်ကော်မြို့ ဆက်ဆံရေးတာဝန်ခံအရာရှိအောင်သောင်းသိန်း နှင့်အဖွဲ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်တောင်တက်မော်တော ယာဉ်အသင်းရုံးကို ရောက်ရှိလာခဲ့ပြီး ကမ်းဘဲနှင့် အဖွဲ့ဝင်များလုပ်ရပ်ကို တောင်းပန် ကြောင်းနှင့် ငွေ ၇ သိန်းကိစ္စ ကို ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU တပ်မဟာ(၁)မှ တပ်ခွဲမှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်းစခန်းကိုရောက်ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်တောင်တက်မော်တော်ယာဉ် အသင်း ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော ငွေ ၇ သိန်းကို ပြန်လည်ပေးအပ် ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

Myanmar Online News

No comments:

Post a Comment

My Blog List