Tuesday, December 25, 2012

သုံးနိုင်ငံ လက်နက်မှောင်ခိုလမ်း အိန္ဒိယ ထောက်လှမ်းရေး စုံစမ်းနေ

Photo: သုံးနိုင်ငံ လက်နက်မှောင်ခိုလမ်း အိန္ဒိယ ထောက်လှမ်းရေး စုံစမ်းနေ
Monday, 24 December 2012

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ခ်ျ နှင့် မြန်မာတို့တွင်ရှိသည့်လက်နက်ကုန်သည်များ
အကြား ဆက်စပ်နိုင်ခြေများကို အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး
အေဂျင်စီ (NIA) က ရှာဖွေလေ့လာနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း အနယ်နယ် အရပ်ရပ်မှ တားမြစ်ကန့်သတ်ထားသည့် နိုင်ငံခြားလုပ် ခေတ်မီ လက်နက်များ တွေ့ရှိနေမှုနှင့်ပါတ်သက်ပြီး NIA 
ဌာန အကြီးအကဲများက သတိရှိရှိ ကိုင်တွယ်နေကြောင်း NIA နှင့် 
တွဲဖက် တာဝန်ထမ်းဆောင်သည့် ရဲအရာရှိကြီးတဦးအား ကိုးကား၍ 
The Telegraph သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။  

သြဂုတ် လကုန်ပိုင်းက အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း
ဖြောင့်ချက်ပေး ထွက်ဆိုခဲ့ကြောင်း ပြည်နယ် ရဲချုပ်က ဆိုသည်။

ထိုမှတဆင့် နိုင်ငံခြားလက်နက်များရရာ လမ်းကြောင်းကို သိရှိခဲ့ရပြီး ထိုလမ်းကြောင်းကိုမူ သတင်းထောက်များအား ရဲညွှန်ချုပ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အပြန်အလှန်အားဖြင့် ဒီဇင်ဘာ လဆန်းပိုင်းကလည်း ဥရောပမှ တားမြစ်ထားသော ဆွီဒင်နိုင်ငံလုပ် လက်နက်များ အိန္ဒိယမှတဆင့်
မြန်မာနိုင်ငံသို့ ရောက်ရှိသွားမှုသည်ဟူသည့် စွပ်စွဲချက်များလည်း ဓာတ်ပုံအထောက်အထားများဖြင့် ထွက်ပေါ်လာခဲ့သည်။ 

အိန္ဒိယ အနေနှင့် မြန်မာနိုင်ငံအား မည်သည့်အခါကမျှ လက်နက်
မရောင်းချခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ငြင်းချက်ထုတ်ခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လအတွင်းကလည်း မြန်မာလူမျိုး သုံးဦးကို ဒုံးပစ်
လောင်ချာ ၅ လက်နှင့်အတူ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်
ရှိသည့် မီဇိုရမ်ပြည်နယ်တွင် ဖမ်းမိခဲ့ဖူးသည်။

အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များနှင့် ဘီဟာပြည်နယ်တို့အား ၎င်းတို့ လက်နက်များ သယ်ယူရာတွင် ကြားခံစခန်းအဖြစ် အသုံးချလျက်ရှိသော လက်နက်မှောင်ခိုများနှင့် အမြဲလိုလို စဉ်ဆက်မပြတ် တိုက်ပွဲများ
ဖြစ်ပွားနေကြောင်းလည်း ရဲအရာရှိအား ကိုးကား၍ The Telegraph က ရေးသားထားသည်။

ဝင်ပေါက်ထွက်ပေါက် များစွာရှိသည့် နှစ်နိုင်ငံ နယ်နိမိတ်မှာ ၁,၆၄၃ ကီလိုမီတာ ရှည်သည်။ အိန္ဒိယသူပုန် ၉ ဖွဲ့ခန့်သည် စစ်ကိုင်းတိုင်းအတွင်း အခြေချနေကြသည်ဟု အိန္ဒိယစစ်ဘက်နှင့် နယ်စပ် သတင်းရပ်ကွက်များက ဆိုထားသည်။

နယ်စပ်ဖြတ်ကျော် သောင်းကျန်းမှုများ၊ လက်နက်မှောင်ခို
ရောင်းဝယ်ခြင်းများနှင့် နယ်စပ်စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများနှင့် ပါတ်သက်ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ပုံမှန် အစည်းအဝေးများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

မဇ္ဈိမ
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ခ်ျ နှင့် မြန်မာတို့တွင်ရှိသည့်လက်နက်ကုန်သည်များအကြား ဆက်စပ်နိုင်ခြေများကို အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ရှာဖွေလေ့လာနေပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတွင်း အနယ်နယ် အရပ်ရပ်မှ တားမြစ်ကန့်သတ်ထားသည့် နိုင်ငံခြားလုပ် ခေတ်မီလက်နက်များ တွေ့ရှိနေမှု နှင့်ပါတ်သက်ပြီး NIA ဌာနအကြီးအကဲများက သတိရှိရှိ ကိုင်တွယ်နေကြောင်း NIA နှင့် တွဲဖက်တာဝန် ထမ်းဆောင်သည့် ရဲအရာရှိကြီးတဦးအား ကိုးကား၍ The Telegraph သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။

သြဂုတ် လကုန်ပိုင်းက အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်းဖြောင့်ချက်ပေး ထွက်ဆိုခဲ့ကြောင်း ပြည်နယ် ရဲချုပ်က ဆိုသည်။
ထိုမှတဆင့် နိုင်ငံခြားလက်နက်များရရာ လမ်းကြောင်းကို သိရှိခဲ့ရပြီး ထိုလမ်းကြောင်းကိုမူ သတင်းထောက်များ အား ရဲညွှန်ချုပ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အပြန်အလှန်အားဖြင့် ဒီဇင်ဘာ လဆန်းပိုင်းကလည်း ဥရောပမှ တားမြစ်ထားသော ဆွီဒင်နိုင်ငံလုပ် လက်နက်များ အိန္ဒိယမှတဆင့်မြန်မာနိုင်ငံ သို့ ရောက်ရှိသွားမှု သည်ဟူသည့် စွပ်စွဲချက်များလည်း ဓာတ်ပုံအထောက်အထားများဖြင့် ထွက်ပေါ် လာခဲ့သည်။

အိန္ဒိယ အနေနှင့် မြန်မာနိုင်ငံအား မည်သည့်အခါကမျှ လက်နက်မရောင်းချခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ငြင်းချက်ထုတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် မတ်လအတွင်းကလည်း မြန်မာလူမျိုး သုံးဦးကို ဒုံးပစ်လောင်ချာ ၅ လက်နှင့်အတူ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် မီဇိုရမ်ပြည်နယ်တွင် ဖမ်းမိခဲ့ဖူးသည်။

အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များနှင့် ဘီဟာပြည်နယ်တို့အား ၎င်းတို့ လက်နက်များ သယ်ယူရာတွင် ကြားခံစခန်းအဖြစ် အသုံးချလျက်ရှိသော လက်နက်မှောင်ခိုများနှင့် အမြဲလိုလို စဉ်ဆက်မပြတ် တိုက်ပွဲ များဖြစ်ပွားနေကြောင်းလည်း ရဲအရာရှိအား ကိုးကား၍ The Telegraph က ရေးသားထားသည်။

ဝင်ပေါက်ထွက်ပေါက် များစွာရှိသည့် နှစ်နိုင်ငံ နယ်နိမိတ်မှာ ၁,၆၄၃ ကီလိုမီတာ ရှည်သည်။ အိန္ဒိယသူပုန် ၉ ဖွဲ့ခန့်သည် စစ်ကိုင်းတိုင်းအတွင်း အခြေချနေကြသည်ဟု အိန္ဒိယစစ်ဘက်နှင့် နယ်စပ် သတင်းရပ်ကွက်များက ဆိုထားသည်။ နယ်စပ်ဖြတ်ကျော် သောင်းကျန်းမှုများ၊ လက်နက်မှောင်ခိုရောင်းဝယ်ခြင်းများနှင့် နယ်စပ်စီမံခန့်ခွဲမှု ဆိုင်ရာ ပြဿနာများနှင့် ပါတ်သက်ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ပုံမှန် အစည်းအဝေးများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

မဇ္ဈိမ

No comments:

Post a Comment

My Blog List