Tuesday, January 26, 2016

မြန်မာသတင်းသမားငါးဦးကို သမ္မတလွတ်ငြိမ်းခွင့်ပေးပါက တပ်မတော်က ကန့်ကွက်မည်မဟုတ်ဟု တပ်ချုပ်ပြောဟုဆို


နိုင်ငံတော်လျှို့ဝှက် ချက်အက်ဥပဒေဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ယူနတီဂျာနယ်မှ သတင်းထောက် ငါးဦးကို သမ္မတက လွတ်ငြိမ်း ခွင့်ပေးပါက တပ်မတော်မှ ကန့်ကွက်မည် မဟုတ်ကြောင်း မြန်မာသတင်းမီ ဒီယာကောင်စီအဖွဲ့နှင့် တွေ့ဆုံ စဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် မြန်မာသတင်းမီဒီ ယာကောင်စီဝင်များ နေပြည် တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် ဇန်န၀ါရီ ၂၄ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

‘‘သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့ နှစ်ကြိမ်စလုံး ယူနတီက သတင်းထောက်တွေ ကို လွတ်ငြိမ်းခွင့်ပေး ဖို့ပြောတော့ တရားစီရင်ရေးကိစ္စပြီးရင် သူလုပ်ပေး မယ်လို့ ကတိ ပေးခဲ့တယ်။ တရားစီရင်ရေးကိစ္စ ပြီးပြန်တော့လည်း လွတ်ငြိမ်းခွင့် ပေးမယ်လို့ ထပ်ကတိပေးတယ်။ အခုထိ မပါသေးဘူး။ တပ်ချုပ်နဲ့ မနေ့က တွေ့တော့ သူတို့က တရားစွဲခဲ့တာတော့ မှန်တယ်။ 

ဒါပေမဲ့ လွတ်ငြိမ်းခွင့်ပေးတဲ့ကိစ္စကတော့ သူတို့နဲ့ မဆိုင်တော့ဘဲ အစိုးရအဖွဲ့က သမ္မတပေးမှရမှာ။ သမ္မတက ပေးရင်တော့ ကန့်ကွက်စရာမရှိ ဘူးလို့ ပြောတယ်’’ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်း ရေးမှူး ဦးသီဟစောက ပြော သည်။တရားစီရင်ရေးကိစ္စများ ပြီး ဆုံးပါက ယူနတီဂျာနယ်မှ သတင်းသမားများကို လွတ်ငြိမ်းသက်သာ ခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် ကတိပြုခဲ့သည်ဟု ဆိုသည်။

ဦးသိန်းစိန်သည် မတ်လ ၃၀ ရက်အထိ သမ္မတအဖြစ် ရှိနေ သောကြောင့် လက်ကျန်သက် တမ်းအတွင်း လွတ်ငြိမ်းခွင့်ပေး ရန် ဖြစ်နိုင်ပြီး အစိုးရသစ် လက်ထက်တွင် လွတ်ငြိမ်းခွင့်စောင့် မျှော်ပါက သုံးလေးလစောင့်ဆိုင်း ရနိုင်ကြောင်း ဦးသီဟစောက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ဇန်န၀ါရီ ၂၂ ရက်က အကျဉ်းသား၁၀၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း နှစ်ရှည်ထောင် ဒဏ်ကျခံနေရသည့် ယူနတီဂျာ နယ်မှ သတင်းသမား ငါးဦးမှာမူလွတ်မြောက်ခြင်းမရှိသေးပေ။

‘‘သူများတွေ လွတ်တော့ ကျွန်မ မောင်လေးကိုလည်း လွှတ်ပေးမလားဆိုပြီး မျှော်မိတယ်။ ပါ မလာဘူးဆိုတော့ မျက်ရည်ကျမိ တယ်။ အခုပဲ လွတ်စေချင်တယ်။ မျှော်လည်း မျှော်လင့်နေတယ်’’ ဟု ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၏ အစ်မ ဒေါ်ရင်မေက ပြောသည်။

ယူနတီဂျာနယ်မှ အမှု ဆောင်အရာရှိချုပ်အပါအ၀င် သတင်းသမား ငါးဦးသည် ၂၀၁၄ ဇူလိုင် ၁၀ ရက်တွင် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ၃ (၁) (က) ဖောက်ဖျက်မှုဖြင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံရပြီးနောက် အယူခံ တက်ရာ မလွတ်မြောက်ဘဲ ခုနစ် နှစ်သို့ ပြစ်ဒဏ်လျှော့ချပေးခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List