Friday, January 29, 2016

ဦးအေးသာအောင်အား လွှတ်တော်ဒုဥက္ကဋ္ဌရာထူးအား ပေးအပ်မှု ရခိုင်အမျိုးသားပါတီ လက်ခံ


ရခိုင်အမျိုးသားပါတီမှ ပါတီခေါင်းဆောင် နှင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ရန် NLD စီစဉ်မှုအပေါ် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးက The Ladies News Journal သို့ပြောသည်။
‘သူ (ဦးအေးသာအောင်)ကို လွှတ်တော်ဘက်မှာ ဒုတိယဥက္ကဋ္ဌ ခန့်တာ ဖြစ်တဲ့အတွက် ပါတီအနေနဲ့ ဘာမှကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ ထုတ်ပြန်တာက အစိုးရအဖွဲ့မှာ မပါဘူးလို့ပဲ ထုတ်ပြန်တာပါ’ ဟု ပါတီဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့်နှင့် ရခိုင်ပြည်နယ်အတွင်း နေရာအများစု အနိုင်ရရှိထားသော ANP ပါတီမှ ပါတီဝင်အား ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်မူကို ကိုင်စွဲကာ အန်အယ်လ်ဒီနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မကြာသေးခင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းမူဝါဒကို အန်အယ်လ်ဒီအနေဖြင့် လက်ခံခြင်းမရှိပါက အတိုက်အခံ အဖြစ် ရပ်တည်သွားမည် ဖြစ်ပြီး ပါတီ ခွင့်ပြုချက်မရှိဘဲ အစိုးရအဖွဲ့ဝင်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်သူ မည်သည့်ပါတီဝင်မဆို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပစ်မည်ဟုပါ ကြေညာထားခဲ့သည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal

No comments:

Post a Comment

My Blog List