Thursday, January 28, 2016

"ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြည်ခိုင်ဖြိုးပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးပြောကြားမည့် နှုတ်ဆက်စကား၏ နိဂုံး"


မကြာမီရက်အတွင်းမှာ ပြည်သူများက ယုံကြည်ရွေးချယ်ထားသူ ကိုယ်စား လှယ်များနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လွှတ်တော်ဆိုင်ရာ အရေးပါတဲ့တာဝန်များကို ပြောင်းလဲဆောင်ရွက်ကြရတော့မှာ ဖြစ်ပါတယ်။ စတင်ဆောင်ရွက်စမှာအခက်အခဲမရှိအောင်လွှတ်တော်အပိုင်းကဆောင်ရွက် ပေးနေသလို ကော်မတီများကလည်း ပြင်ဆင်ပေးထားတဲ့အတွက်အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးကြမယ်လို့ ယုံကြည်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ စတင်ဖွဲ့စည်းစက အတွေ့အကြုံမရှိသေးတဲ့ လွှတ်တော်ဝန်ထမ်းများအနေနဲ့လည်း(၅)နှစ်တာကာလအတွင်း လေ့လာ သင်ယူမှုများရရှိခဲ့တဲ့အတွက် အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အများစုဟာ လာမည့်လွှတ် တော်မှာမပါဝင်နိုင်ကြတော့ပေမယ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုး အတွက်ဆက်လက်ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလို ပါတယ်။

လွှတ်တော်အတွက် လိုအပ်မှုရှိလာပါကလည်း ကူညီဆောင်ရွက်ဖို့ အသင့်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အားလုံး ပြည်သူများရဲ့ လိုအင်ဆန္ဒများ ပြည့်ဝ အောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List