Friday, January 29, 2016

သူရဦးရွှေမန်း နှုတ်ဆက်မိန့်ခွန်းနားထောင်စဉ် အမျိုးသမီးအမတ်အချို့ မျက်ရည်ကျ


ဇန်န၀ါရီ ၂၈ရက် ကပြုလုပ်ခဲ့သော လွှတ်တော် သက်တမ်းငါးနှစ်ကာလ အတွက် နောက်ဆုံးအကြိမ် အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ဆက်အမှာ စကားပြောကြားရာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့ မျက်ရည်ကျခဲ့ကြသည်။
သူရဦးရွှေမန်းက လွှတ်တော် သက်တမ်း ငါးနှစ်တာကာလအ တွင်း လွှတ်တော်လုပ်ငန်းများ အောင်မြင်ရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ဒဏ်ရာဒဏ်ချက်များစွာ ရရှိခဲ့ သော်လည်း စေတနာထားကာ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ခဲ့ ခြင်းအတွက် ကျေနပ်ပါကြောင်း ပြောကြားခဲ့သည်။

‘‘ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒဏ်ရာဒဏ် ချက်တွေ အများကြီးရပါတယ်။ အဲဒီလိုပဲ ကျွန်တော်နဲ့နီးစပ်သူ တွေလည်း ဒဏ်ရာဒဏ်ချက်တွေ အများကြီးရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကျေနပ်တယ်။ ကျွန် တော်မှန်ကန်စွာ ကြိုးစားတယ်။ စေတနာထားတယ်’’ဟု သူရဦး ရွှေမန်းကပြောသည်။

ပထမအကြိမ် လွှတ်တော် သက်တမ်းကို နှုတ်ဆက်သည့် အ ထိမ်းအမှတ် အဖြစ် နိုင်ငံရေးပါတီ ၁၆ ခုနှင့် တပ်မတော်သား ကိုယ် စားလှယ်တစ်ဦးစီက နှုတ်ခွန်းဆက် စကားများပြောကြားရာတွင် အများစုက သူရဦးရွှေမန်း၏ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပီပြင်စွာတာဝန်ထမ်းဆောင်မှုအပေါ်ဂုဏ်ပြုချီးကျူး စကားများ ပြောကြားခဲ့သည်။

‘‘လွှတ်တော်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျွန်တော် တို့ပါတီက ရှိသော်လည်း အဲဒီ ထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့ပါ တယ်။ ဒီလိုစွမ်းဆောင် နိုင်အောင် ပံ့ပိုးပေးခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းဖြစ်ပါတယ်။ သူရဦးရွှေမန်း ရဲ့ သမမျှတတဲ့ ဦးဆောင်လမ်း ညွှန်မှု၊ သဘောထားကြီးမြင့်မှုနဲ့ ဒီမိုကရေစီကို ဦးတည်စေမယ့် အ ခွင့်အရေးများကို လိုက်လျောခဲ့မှု ကြောင့်သာလျှင် ကျွန်တော်တို့ ဟာ တာဝန်ကျေတဲ့အတိုက် အခံ ကိုယ်စားလှယ်များ ဖြစ်လာကြ တယ်ဆိုတာ ငြင်းနိုင်မယ်မဟုတ် ပါဘူး’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးဝင်းထိန် က လွှတ်တော်တွင် ပြောကြားခဲ့သည်။

‘‘တချို့ပြောသွားတာရှိပါ တယ်။ ဗိုလ်ချုပ်ကြီးနိုင်ငံရေး သ မားလို့ပြောတယ်။ ယုံရက်ခက် ခက်ပေါ့။ အဲဒီတော့ ကျွန်တော် က ဘာလဲ၊ ကျွန်တော်ဇာတ် လမ်း ရိုက်နေတာမဟုတ်ဘူး။အိုက်တင် ခံနေတာလည်းမဟုတ်ဘူး။ ကျွန် တော်ကိုယ့်တာဝန် ကိုယ်ယူရ တဲ့အချိန်မှာ နိုင်ငံရေးလုပ်မယ်ဆို နိုင်ငံရေး သမားဖြစ်ရမှာပေါ့။ စစ် သားဆို စစ်သားဖြစ်ရမှာပေါ့။ အ သွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝရမှာပေါ့။ ဒါကြောင့် ဘာပဲ လုပ်လုပ် အသွင်သဏ္ဌာန် ရော အနှစ်သာရရော ယုံကြည်ချက်၊ ခံယူချက်နဲ့ ဟန်ပြမလုပ်ဖို့လို တယ်။ ဟန်ပြလုပ်ရင်တော့ဟန်ပြ ပဲဖြစ်သွားလိမ့်မယ်’’ဟု သူရဦး ရွှေမန်းကပြော သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ နှုတ်ခွန်းဆက် အမှာစကားပြော ကြားနေစဉ် ပထမအကြိမ် လွှတ် တော်သက်တမ်းအပြီး လွှတ်တော် ကိုစွန့်ခွာရတော့မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အချို့ မျက်ရည်ကျခဲ့ကြသည်။


7Day News Journal

No comments:

Post a Comment

My Blog List