Thursday, January 28, 2016

‘‘သူ (ဒေါ်အောင်ဆန်းစုကြည်)သမ္မတဖြစ်သင့်ပါတယ်။ လုပ်နိုင်တဲ့အရည်အချင်းလည်းရှိတယ်’’ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်တွေ့ဆုံခြင်း


နှစ်ပေါင်း၅၀နီးပါး ကြာမှ ပြန်လည်ပေါ်ပေါက်လာသောပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ၂နှစ်ခွဲတာနာယကအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့သော ဦးခင်အောင်မြင့်နှင့် ဥက္ကဋ္ဌရုံးခန်းတွင် ဇန်န၀ါရီ၂၆ရက် နံနက်ပိုင်း၌ 7Day က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ 
ဦးခင်အောင်မြင့်၏ လွှတ်တော် ဥက္ကဋ္ဌ အတွေ့အကြုံများကိုလည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌရာထူးကိုစွန့် လွှတ်ရပြီးသာမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖြတ်သန်းရမည့် ရှေ့နိုင်ငံရေးခရီးကိုလည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသစ်အား ပေးလိုသည့်အကြံဉာဏ်များကိုလည်းကောင်း7Dayပရိတ်သတ်အတွက်ဖော်ပြလိုက်ပါ သည်။

အခုလို အကူးအပြောင်းကာလမှာ ၂၀၁၀ တုန်းက ဗိုလ်ချုပ်မှူးကြီး ချပေးခဲ့တဲ့ အခင်းအကျင်းကို ပြန် သတိရမိပါတယ်။ အဲဒီတုန်းက အခင်းအကျင်းဟာ အစောကြီးက တည်းက ချပေးခဲ့တာလား၊ ဒီ ရောက်တော့မှ ရွေးချယ်ကြတာ လား။ အဲဒီအကြောင်းအရာလေး သိချင်ပါတယ်။

သူက စောစောတန်းက အဘသိသလောက်တော့ အဘက နာ ယကအဖွဲ့ဝင်မဟုတ်တော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်မရှိတော့ အသေးစိတ်မသိပါဘူး။ ဒီလိုအ ခင်းအကျင်းချတယ်ဆိုတာ မသိ ဘူး။ အထူးသဖြင့် အဘဆိုရင် လျာထားတဲ့အထဲမှာ မပါဘူး။ အဘ မူလက ပြည်သူ့လွှတ်တော်၊ အကုန်လုံးပြည်သူ့လွှတ်တော်နဲ့ ဝင်ကြမယ်ဆိုပြီး ပြည်သူ့လွှတ် တော်ပေါ့နော်။ ပျော်ဘွယ်ကနေ စာရင်းပေးတာပေါ့။ ပျော်ဘွယ် ကို ရောက်သွားတာလည်း ရေစက်ပဲ။ ရွေးကောက်ပွဲအတွက် ရောက်သွားတာမဟုတ်ဘူး။ ရမည်းသင်း မှာရှိတဲ့ ဆင်ကျုံးဆရာတော်ကြီး ကို အကြောင်းပြုပြီးရောက်သွား တာ။ အဲဒီနှစ်က မိုးတွေခေါင်၊ သောက်စရာ ရေမရှိ၊ ရေတွေပြတ်ဖြစ်တော့ ရေတွင်းတွေတူးပေးတဲ့ အခါမှာ အံ့ဩလောက်အောင် ရေချိုလည်းထွက်တယ်။ ရေလျှံတွင်း တွေလည်း ထွက်တယ်။ တော် တော်တော်များများထွက်တယ်။ ရွာတော်တော်များများ ထွက် တယ်။ ဒါနဲ့ သူတို့ဆီက ဝင်ပါဆိုတာနဲ့ ပါတီကို ပျော်ဘွယ်ပြည်သူ့ လွှတ်တော်ပေးတယ်။ အမျိုးသားလွှတ်တော်က အခုပြည်သူ့လွှတ်တော်မှာရှိနေတဲ့ ဦးဘိုနီ။ ဦးဘိုနီက ရမည်းသင်းသား၊ ရမည်းသင်း နဲ့ ပျော်ဘွယ်ကအပြိုင်၊ အပြိုင်ဆို တော့ ပျော်ဘွယ်က သူ့ကိုမဲထည့်မှာ မဟုတ်ဘူးဆိုပြီး ပါတီကိုသတင်းပို့တော့ ဦးအောင်သောင်းက အဘကို အမျိုးသားလွှတ်တော်ဆိုပြီး ပြောင်းလဲတယ်။ ပြောင်းလိုက်တော့ အဘက ရမည်းသင်း ပျော်ဘွယ်ရေတွင်းလိုက်တူး၊ ရွာတွေရောက်တော့ ခင်မင်နေကြ တာပေါ့။ ပြဿနာမရှိဘူး။ နိုင်တာ ပေါ့။ အဲဒီအချိန်တုန်းက ပြိုင် ဘက်ကလည်း ကြီးကြီးမားမား မရှိဘူးလေ။ နိုင်တော့မှ အဘကို အမျိုးသားလွှတ်တော်မှာ ဘယ် သူပါသလဲမေးတော့မှ အဘပါ တယ်ဖြစ်တာ။ အဲဒါမှ ကျန်တဲ့သူ တွေကိုကြည့်တော့ အဘကို မေး တာပေါ့။ ဥက္ကဋ္ဌနေရာ။ အဘက တိုင်းရင်းသားထဲကပဲတင်ရင် ကောင်းမယ်ထင်တယ်ပေါ့။ လူမျိုးစု လွှတ်တော်ဆန်တယ်။ တိုင်း ရင်းသားထဲကတင်ရင် ကောင်း မယ်ပေါ့။ တိုင်းရင်းသားထဲက ရှာတော့ စနစ်က အသစ်ဖြစ်နေ တယ်။ လုပ်နိုင်ပါ့မလား မသိဘူး။ မင်းပဲလုပ်ပါ။ ဘာလို့လဲဆိုတော့ အဘက အမျိုးသားညီလာခံမှာ ပါခဲ့တယ်။ နောက်တစ်ခုက ဒီအ ခင်းအကျင်းအတွက် ဥပဒေ ၂၂ ခုတင်တယ်။ ရေးဆွဲတုန်းကလည်းပါတယ်။ လွှတ်တော်ဥပဒေ၊ နည်း ဥပဒေတွေ အပါအဝင်ပေါ့နော် ဆွဲခဲ့တာ။ မင်းနဲ့ပဲ သင့်တော်ပါ တယ်။ ငြင်းလို့မရဘူးပေါ့။ အဲဒါနဲ့ လွှတ်တော်ထဲရောက်လာတယ်။ ရောက်မှ အဘတို့ပါတီက နာမည်စာရင်းတင်သွင်းတာပေါ့။ ကျန်တဲ့ပါတီ ၁၇ ခုလောက်နဲ့ တစ်သီး ပုဂ္ဂလတွေရော၊ တိုင်းရင်းသား တွေရော တစ်ယောက်မှ မပြိုင် ဘူး။ အဘတစ်ယောက်တည်း မဲ ကိုမခွဲရဘူး။ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့ရတာပေါ့နော်။ ဦးသိန်းစိန် တို့၊ သူရဦးရွှေမန်းတို့ကတော့ ကြိုပြီးတော့ လျာထားပုံရပါတယ်။ ဒါပေမဲ့ ကပ်ပြီးတော့ လျာထားပုံ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုတ်ခြည်းသိရတာကိုး။ တစ် ယောက်က အစိုးရအဖွဲ့မှာ လုပ်၊ တစ်ယောက်က လွှတ်တော်မှာ လုပ်၊ အဘကတော့ သူ့ဘာသာ အခြေအနေဖန်တီးလာလို့ ဥက္ကဋ္ဌ ဖြစ်လာတဲ့အနေအထားပေါ့နော်။

ဥက္ကဋ္ဌကြီးက လွှတ်တော်လုပ်ငန်း တွေဆောင်ရွက်တဲ့အခါမှာ စနစ် ကျလှတယ်။ ဒါကြောင့် အစော ကြီးကတည်းက ဒီနေရာရမယ်ဆို တာကိုသိလို့ ကြိုတင်ပြင်ဆင်ခဲ့ တယ်လို့ ထင်ခဲ့ကြတယ်။

မဟုတ်ဘူး။ အဓိကက အဘစာဖတ်လို့။ အဘက အမျိုးသား ညီလာခံမှာ ၂၀၀၄ ကနေ ၂၀၀၇ အထိ တွဲဖက်အတွင်းရေးမှူးလုပ် တဲ့အချိန်မှာ အခြေခံဥပဒေအ တွက် အခြေခံမူတွေချဖို့ စာအများကြီးဖတ်ခဲ့ရတယ်။ အဲဒီမှာ လွှတ် တော်တွေဆိုတာ ပါလာမယ်လို့ သိတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးခါစက ကျင်းပခဲ့တဲ့ လွှတ်တော်မှတ်တမ်းတွေကို အကုန်ပြန် ဖတ်တာ။ အသေးစိတ်ဖတ်တာ။ နောက်ပြီး ပြည်ပက စာအုပ်တွေ မှာဖတ်တာ။ တခြားနိုင်ငံက လွှတ်တော်တွေ ဘယ်လိုလုပ်ကြသလဲ ပေါ့။ စိတ်ဝင်စားပြီးဖတ်ထားတာ။ နောက်ပြီး ဒီဥပဒေ၊ နည်းဥပဒေ တွေမှာမပါတဲ့ ထုံးတမ်းအစဉ်အ လာတွေရှိတယ်။ အဲဒါတွေကအစ ချပြပြီး လုပ်ခဲ့တာပေါ့။ ဒါကြောင့် အဘလုပ်ပုံကိုင်ပုံတွေကို လေး စားကြည်ညိုကြတာပေါ့။ အဓိက ကတော့ သမာသမတ်ကျတာ လည်းပါတယ်။ ဘက်မလိုက်ဘူး။ အမေရိကက လာတဲ့ပရောဖက်ဆာတစ်ယောက်က ဘက်မလိုက် တဲ့နေရာမှာ ဥက္ကဋ္ဌကြီးက နာမည် ကြီးတယ်လို့ ပြောဖူးတယ်။ ကျောသားရင်သားမခွဲခြားဘူး။ ပါတီမခွဲခြားဘူး။ ဥက္ကဋ္ဌခုံပေါ်တက်လိုက် တာနဲ့ ပါတီဆိုတာ မေ့လိုက်တယ်။ အားလုံးက လွှတ်တော်ကိုယ်စား လှယ်ပဲ။ တပ်မတော်သားတွေ ကိုလည်း ဒီလိုပဲမြင်တယ်။ စနစ်လေးနဲ့ မှန်မှန်ကန်ကန်တွေလုပ် တော့ လူတွေက သဘောကျကြ တာပေါ့။ လူသားဆိုတာ မျှတမှုကို လိုလားတာပဲ။ တန်းတူရည်တူရှိဖို့ လိုလားတာပဲ။ အဘက ဥပဒေနဲ့ နည်းဥပဒေကိုကျော်ပြီး ဘာမှမလုပ်ဘူး။ အတိအကျ ဘာ ကြောင့်လဲဆိုတော့ ဒါက ပထမဆုံးအကြိမ်ဖြစ်နေတဲ့အတွက် သားစဉ်မြေးဆက် ပြောထုံးဖြစ် အောင်ပေါ့။ လိုက်လုပ်လို့ရ အောင် ဖျက်ချင်လည်းဖျက်မှာ ပေါ့နော်။ အဘလုပ်လာတဲ့ အစဉ် အလာတွေကိုး။

ဒီလွှတ်တော်သက်တမ်းငါးနှစ်အ တွင်းမှာ ဆောင်ရွက်ခဲ့တာတွေကို အားရကျေနပ်မှုရှိရဲ့လား။

ရှိပါတယ်။ အဘတို့ လွှတ် တော်စလုပ်တဲ့အခါမှာ ဘယ်သူမှ အတွေ့အကြုံမရှိကြပေမယ့် နောက်ပိုင်းမှာတော့ ပြည်ပနိုင်ငံ က လွှတ်တော်တွေ သွားလေ့လာ တဲ့အခါကျတော့ သူတို့နဲ့ တန်းတူ လောက်ကို လုပ်နိုင်ပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့က လည်း အစပိုင်းမှာ ဘုမသိ၊ ဘ မသိဖြစ်တာ။ အဘက စွမ်းရည် မြှင့်ပေးတာ။ သူတို့ကို ပါမောက္ခ တွေခေါ်၊ ဆွေးနွေးပွဲတွေလုပ်၊ ဒီ ဘိတ်တွေလုပ်၊ အမျိုးမျိုးလုပ်ပြီး စွမ်းရည်မြှင့်ခဲ့ရတာ။ ခြောက်လ လောက်အတွင်းမှာ တက်လာ တယ်။ လုပ်နိုင် ကိုင်နိုင်၊ ပြောနိုင်ဆိုနိုင်၊ ထိန်းကျောင်းလာနိုင်တာ ပေါ့။ ဥပဒေတွေဆိုရင်လည်း ဝေ ဖန်ဆွေးနွေးလာနိုင်တယ်။ ခြောက်လအတွင်း အတင်းတွန်းပြီး စာ အုပ်တွေဖတ်ခိုင်း၊ နည်းဥပဒေတွေ ဆိုရင် ကဗျာလေးတွေစပ်ပြီး တောင် သူတို့ကို ဖြန်ခဲ့တာ။ အဲဒီတော့ ကျေနပ်ပါတယ်။

အကျေနပ်ဆုံးကိစ္စနဲ့ အားမလို အားမရဖြစ်ခဲ့တာတွေရှိရင် ပြော ပြပေးပါဦး။

အားမလိုအားမရဖြစ်ရတာ က အများဆုံးဖြတ်တိုင်းလည်း မမှန်ဘူးဆိုတာ တွေ့ရတာပေါ့။ ဒါဒီမိုကရေစီစနစ်ရဲ့ ချို့ယွင်းချက်ပေါ့။ ဒါမျိုးလေးတွေက ရံဖန်ရံခါ တွေ့ရတတ်တယ်ပေါ့။ လွှတ် တော်နှစ်ရပ်က တန်းတူဆိုသော် လည်း ဒီလွှတ်တော်က လူနည်း တာပေါ့။ လူနည်းတဲ့အခါကျ တော့ ပြည်ထောင်စုလွှတ်တော် မှာ အားနည်းတာပေါ့။ ဒါကြောင့် နာယကကြီး သူရဦးရွှေမန်းက လည်း ခဏခဏပြောပါတယ်။ ဒီမိုကရေစီအနိုင်ကျင့်တာမျိုး မဖြစ် စေနဲ့နော်။ အမှန်တရားဘက်ကပဲ လုပ်ကြလို့ သူ့လွှတ်တော်ကို သတိပေးတာပေါ့။

ကျေနပ်အားရတဲ့ကိစ္စကကော။

ဒီကာလအတွင်းမှာ ဥပဒေ တွေ ပြဋ္ဌာန်းခဲ့တယ်။ ဒါက လွှတ် တော်တစ်ရပ်ရဲ့ သာမန်တာဝန် တွေပါ။ ဒါ့အပြင် ထိန်းကျောင်း တာလုပ်ပါတယ်။ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးဥပဒေ ကြမ်းဆိုတာ အဘစလိုက်တာပဲ။ နောက်ကျမှ အဂတိတိုက်ဖျက် ရေး ဥပဒေဆိုပြီး နာမည်ပြောင်း လိုက်တာပါ။ တိုင်းပြည်မှာ အ ကျင့်ပျက်ခြစားမှု ပပျောက်မှ လူ ထုက နေ့စဉ်အဆင်ပြေမယ်၊ အစစအရာရာချောမွေ့မယ်၊ လုံခြုံ မယ်၊ သက်သာလွယ်ကူမယ်၊ ကုန်ဈေးနှုန်းလည်း တည်ငြိမ်မယ်၊ ကျ ဆင်းမယ်။ ဒါကြောင့် ဒီဥပဒေလို တယ်ဆိုပြီး လုပ်လိုက်နိုင်တာရှိ တယ်။ နောက်တစ်ခုကတော့ ပညာရေး၊ ကျန်းမာရေးမှာ ဘတ် ဂျက်တွေ တွန်းသုံးတဲ့အခါကျ တော့ Sub Contract တွေဖြစ်တဲ့ အခါမှာ အဘက ဆီးသီးဗန်းဥပမာနဲ့ ပြောလိုက်နိုင်တဲ့အတွက် အများ ကြီး Save ဖြစ်သွားတယ်ပေါ့ နော်။ အဲဒီလိုသာ မပြောလိုက်နိုင် ရင် တော်တော်အခြေအနေဆိုးပါ တယ်။ ပထမဆုံးဖြစ်တဲ့ ပလက်ဝ မှာဆိုရင် နိုင်ငံတော်က သိန်း ခြောက်ရာချပေးတာကို ကန်ထ ရိုက်ရတဲ့သူက Sub Contract ကို သိန်း ၂၄၀ နဲ့ ပြန်ပေးတယ်။ သိန်း ၃၆၀ ဖယ်ထားတယ်။ သူကလည်းဘယ်သူ့တွေကိုပေးခဲ့ရလဲတော့ မသိဘူးပေါ့နော်။ ဟိုလူက ၂၄၀ နဲ့ လုပ် တော့ စံမမီတော့။ အဲဒီမှာ စတာပဲ။ လွှတ်တော်မှာ အဘက ပါဝါပွိုင့်တွေနဲ့ တင်ခိုင်းတော့ မြင် နေရတာ။ နောက်တစ်ခုကလည်း အန္တရာယ်ရှိတဲ့ ကျောင်းဆောင် တွေကိစ္စ၊ တချို့ကျောင်းဆောင်တွေဆိုရင် ဆိုင်းဘုတ်တောင် ဘယ်လိုတပ်မလဲ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ စာ လုံးအောက်မှာ အခြေခံပညာ ကျောင်းဆိုပြီး တပ်ရတော့မှာ။ အစိုးရကျောင်း ဆိုင်းဘုတ်တောင် တပ်ဖို့ သင့်ရဲ့လား။ အဆောက်အ အအုံက ဒီလောက်ဖြစ်နေတယ် ဆိုတာလေးတွေ၊ သမ္မတကြီးက လည်း အဲဒီမှာ သိသွားတာ။ သူကလည်း ဒါလေးတွေ ကြပ်မတ်ပြီး တော့ သေချာလုပ်နိုင်တဲ့ အနေအ ထားလေးတွေရှိခဲ့ပါတယ်။ ဒါက ကျေနပ်စရာကောင်းတဲ့ အနေအ ထားပါပဲ။

လွှတ်တော်ပိုမိုအားကောင်းအ သက်ဝင်လာဖို့အတွက် ကိုယ့်ရဲ့ အတွေ့အကြုံတွေကို နောက် တက်လာမယ့် ဥက္ကဋ္ဌအသစ်ကို ဘယ်လိုများ လက်ဆင့်ကမ်းချင် ပါသလဲ။

လွှတ်တော်အားကောင်း အောင်ဆိုတဲ့ကိစ္စမှာ အဘတို့ လွှတ်တော်တွေ စခါစက ပြည် တွင်း၊ ပြည်ပက အစိုးရဆီကလာ တဲ့ဟာကို Rubber Stamp ထုပြီး လက်ညှိုးထောင်ခေါင်းညိတ်တဲ့ လွှတ်တော်ပဲဖြစ်မှာပဲလို့ ပြောခဲ့ ကြတယ်။

တကယ်တမ်း လွှတ် တော်စတော့ အဲဒီလိုမဟုတ်ဘူးဆိုတာ တွေ့ရတာပေါ့နော်။ ဒါ Check andbalance ပဲ။ ဒီစနစ် ရဲ့ သော့ချက်က Check and balance ပဲ။ အမြဲတမ်းကြီးတော့ မဟုတ်ဘူး။ လိုအပ်မှ လုပ်ရတာပေါ့နော်။ ပြည်သူ့ကိုယ်စားလုပ်ရမှာဆိုတော့ ပြည်သူ့ဘဝကို သေချာသိမှ ပြည်သူ့ဘက်က ရပ်တည်ပြီး အစိုးရကို ပြည်သူ့ကိုယ်စား ပြောပေးရတဲ့အလုပ်။ ဒီတော့ Check and bal-ance မလုပ်နိုင်ဘူးဆိုရင်တော့ လွှတ်တော်တစ်ရပ်သည် အားနည်းမှာပဲ။

တပ်မတော်သားကိုယ်စားလှယ် တွေ ဘယ်အချိန်လောက်ထိ လွှတ်တော်ထဲမှာ ဆက်ရှိနေသင့် တယ်လို့ ထင်ပါသလဲ။ သူတို့ ဒီ ထက်ပိုပြီး ပြောဆိုဆွေးနွေးလာဖို့ မျှော်လင့်ပါသလား။

သူတို့က အတွေ့အကြုံသိပ် မရှိတော့ ပထမပိုင်းက မပြောနိုင်၊ မဆွေးနွေးနိုင်ကြဘူး။ သူတို့က တော့ ကြားနေပါပဲ။ ပြည်ခိုင်ဖြိုး ဘက်လည်း မပါဘူး။ ဘယ်ဘက် ကိုမှ မပါဘူး။ ဟင်းချက်သလိုပဲ ငန်ရင်ရေရောမယ်။ အချဉ်လေး ထည့်မယ်ပေါ့။ ဒီလိုအနေအထား ပေါ့။ ဒီကိစ္စပြောရမယ်ဆိုရင် တော်တော်ရှည်တယ်။ System Change ပေါ့။ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းပြီဆိုတဲ့အခါကျ တော့ လူထုကပါ အဲဒီစနစ်နဲ့အတူ လိုက်ပါပြောင်းလဲလာဖို့ လိုတာ ပေါ့။ အကုန်လုံးက စနစ်ကိုနား လည်မယ်။ စနစ်ကို သဘော ပေါက်မယ်ဆိုရင် စနစ်အတိုင်း လုပ်။ အဲဒီလိုမဖြစ်သေးရင် သူတို့ ရှိနေရမှာပဲ။ နောက်တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပေါ့။ လက် နက်ကိုင်ဆန့်ကျင်ရေးတွေ ရှိနေ သေးသမျှ သူတို့ရှိနေဖို့လိုတယ်။ နောက်တစ်ခုက စစ်ဘက်၊ အရပ် ဘက် ဆက်ဆံရေးလို့ခေါ်တာ ပေါ့။ သုံးမျိုးခွဲလို့ရတယ်။ စစ်တပ် က ထိပ်ကဦးဆောင်တာ။ ပြီးခဲ့တဲ့ ခေတ်ပေါ့။ စစ်တပ်က တန်းတူ ဦးဆောင်တာ။ အခု အဲဒီအခြေအ နေ ဆန်ဆန်လေးရှိတာပေါ့။ တန်းတူတော့ မဟုတ်ပါဘူး။ တန်းတူ နီးပါးလောက်ပေါ့။ နောက်တစ်ခု ကတော့ စစ်ဘက်သည် အရပ် ဘက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိ တဲ့ စနစ်ပေါ့။ ဒီမိုကရေစီစံအပြည့် ကိုက်ပြီဆိုရင် အဲဒီအတိုင်းသွား ရမှာ။ ဒီအဆင့်သွားဖို့က တဖြည်း ဖြည်းလျှော့ချသွားရမှာပေါ့။ အဲဒီ တော့ လူ့အဖွဲ့အစည်းက တည် ငြိမ်အေးချမ်းဖို့လိုတယ်။ ဒီမိုကရေစီဆိုတာ လစ်ဘရယ်ကျတယ်။ လစ်ဘရယ်ကို တည်ငြိမ်မှုနဲ့ ထိန်း ညှိရတယ်။ တည်ငြိမ်မှုမရှိဘူးဆို ရင် တင်းကျပ်ရမယ်။ တည်ငြိမ်မှု ရှိတယ်ဆိုရင် လစ်ဘရယ်ကျရမှာ ပေါ့။ ဒါ လူ့အဖွဲ့အစည်းအပေါ် မှာ မူတည်တာပဲ။ နှစ်သစ်ကူးမှာ တုန်းက ပြောလိုက်မိတာပေါ့ လေ။ ခေါင်းဆောင်နှစ်မျိုးရှိတယ်။ Spiritual Leader နဲ့ Administri-tive Leader ဆိုပြီးရှိတယ်။ Spir-itual Leader ဆိုတာက ဘယ် တော့မှ မဆင်းတော့ဘူး။ ပြည်သူက တင်ထားတာ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်ကိုယ်တော်မှိုင်းတို့လိုပေါ့။ အမြဲတမ်းခေါင်း ဆောင်နေရာမှာပဲ ပြည်သူက တင်ထားတာ။ Administritive Leaderဆိုတာက သမ္မတတို့၊ ဝန်ကြီးတွေ လိုပေါ့။ သူတို့က ရွေးကောက်ပွဲ အနိုင်အရှုံးအပေါ်မူတည်ပြီး ပြောင်းနေမှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အများစုက ကြိုက်တယ်။ သူ့ကို SpiritualLeader ဖြစ်စေချင်တာပေါ့။ အဲဒါဆိုရင် လူထုက သူ့စကား နားထောင်ရမယ်။ ဟိုက ဆန္ဒပြ၊ ဒီကဆန္ဒပြ၊ ဟိုက အကျပ်ကိုင်၊ ဒီကအကျပ်ကိုင်လုပ်လို့မရဘူး။ သူတို့ယုံကြည်ပြီဆိုရင် သူလုပ် သင့်လုပ်ထိုက်တာ လုပ်သွားလိမ့် မယ်။ တို့ဆီမှာ ဘယ်လိုဖြစ်နေကြ သလဲဆိုတော့ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူးဆိုတဲ့သူကများတယ် လေ။ အဲဒီလိုသွားမလုပ်ဖို့လိုတာ ပေါ့။ ဒီခေါင်းဆောင်ရွေးထား တယ်ဆိုရင် ဒီခေါင်းဆောင်ပြော တဲ့အတိုင်း တစ်သဝေမတိမ်းလိုက် နာမယ်ဆိုရင် တိုင်းပြည်တိုးတက် မှာပဲ။ အဲဒီလိုမဟုတ်ဘဲ မတည် မငြိမ် ကလန်ကဆန်လုပ်မယ်ဆို ရင် တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေရှိတာပေါ့။ အဲဒီတော့ တည်တည်ငြိမ်ငြိမ်ရှိနေ မယ်ဆိုရင် တပ်မတော်ပိုင်းက လည်း သူ့အလိုလို မလိုအပ်တော့ သလို ဖြစ်လာတာပေါ့။

လက်ရှိအကူးအပြောင်းကာလ ဟာ တိုင်းပြည်အတွက် အလွန်အ ရေးကြီးပါတယ်။ ဒီလိုအခြေအ နေမှာ အဆင်ပြေချောမွေ့ဖို့အ တွက် ဘယ်လိုများ အကြံပြုချင် ပါသလဲခင်ဗျ။

ဒါကတော့ အင်န်အယ်လ်ဒီ ပါတီကလည်း ပေါင်းစည်းဆောင် ရွက်မယ်လို့ ပြောထားတယ်ထင် တယ်။ ကောင်းပါတယ်။ အင်န် အယ်လ်ဒီပါတီက လုပ်နေတာ တွေက မှန်ပါတယ်။ သူ့ရဲ့လွှတ် တော်ကိုယ်စားလှယ်တွေကို စွမ်း ရည်မြှင့်တာတွေ ကောင်းပါတယ်။အဘတို့တုန်းကလည်း ဒီလိုပဲလုပ် ခဲ့ရတာပဲ။ ဒါတွေကို အလကား တချို့က လျှောက်ရေးနေကြ တယ်။ အဲဒါတွေက သိပ်ဆိုးတာ။ စွမ်းရည်မမြှင့်မှတော့ ဘယ်လို လုပ်စွမ်းရည်မြင့်တဲ့ အစိုးရဖြစ် မလဲ။ စွမ်းရည်မြင့်တဲ့ လွှတ်တော် ဖြစ်မလဲ။ ဒါမှန်ပါတယ်။ အခု လည်း ပေါင်းစည်းလုပ်မယ်။ ကြိုက်တဲ့သူနဲ့ ပေါင်းစည်းမှန် တယ်။ ပါတီကြီးနှစ်ခုရှိတယ်။ ပါတီငယ်တွေရှိတယ်။ တိုင်းရင်း သားပါတီတွေရှိတယ်။ ဒါတွေ အားလုံးပါတယ်။ အမျိုးသားလွှတ်တော်ကို တိုင်းရင်းသားပေးမယ် ဆိုတာလည်း မှန်တယ်။ အရင်က တည်းက ဖြစ်စေချင်တာလည်း အဲဒီလိုပဲ။ အခုအချိန်အထိ သူ လုပ်နေတာတွေကို သဘောကျ တယ်။ ဘယ်သူတွေနဲ့ ဘယ်လို ဖွဲ့စည်းမယ်ဆိုတာတော့ အဘတို့ လည်း မသိဘူး။ ဒီနေ့အထိ အရိပ် အမြွက်မပြသေးဘူး။

ဒီချုပ်ပါတီဘက်က အစိုးရအဖွဲ့ (ဒါမှမဟုတ်) လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ပြန်ပြီးကမ်းလှမ်း လာမယ်ဆိုရင် ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုဆန္ဒရှိပါသလဲ။

လွှတ်တော်အတွက်က မကမ်းလှမ်းပါဘူး။ သူတို့လျာ ထားတာရှိတာပဲလေ။ နိုင်ငံတော် အတွက်ဆိုရင်တော့ ပေးတဲ့တာဝန်တော့ လုပ်ရမှာပေါ့။ သို့သော် လည်း မိခင်ပါတီက ရှိသေးတယ်။ မိခင်ပါတီရဲ့ သဘောတူညီချက် လည်းယူရမှာပေါ့။ ဘာကြောင့် လဲဆိုတော့ အင်အားများတာ အင်န်အယ်လ်ဒီပါတီလေ။ သူ့ရဲ့ ကမ်းလှမ်းချက် နောက်ပြီး ကိုယ့် ပါတီရဲ့ သဘောထား။ ဒါလေးကို ချိန်ထိုးပြီး ဆုံးဖြတ်ရမှာပေါ့။ ကမ်းလှမ်းတဲ့ post ကလည်း ရှိသေး တယ်။ လုပ်ချင်လှချည်ရဲ့လို့တော့ မရှိဘူး။ အဘအနေနဲ့ကတော့ အသက်အရွယ်အရ ဘာဝနာတရားဘက်ကို ပိုပြီးအားသန် လာပြီပေါ့နော်။ ခုနစ်ဆယ်ထဲ ရောက်နေပြီလေ။ ဘာမှမမက်ပါ ဘူး။ ငယ်ငယ်ကတည်းက မမက် ခဲ့ပါဘူး။ သူ့ဘာသာသူဖြစ်လာ တာ။ စာဖတ်နေရရင် ကျေနပ် တယ်။

ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဥက္ကဋ္ဌကြီးက သမ္မတလောင်းဖြစ် လာနိုင်တယ်လို့ နာမည်ကြီးခဲ့ တယ်။ အဲဒီလို သတင်းထွက်ပေါ် နေမှုတွေနဲ့ပတ်သက်ပြီး ကာယကံရှင်ပြောပြတာကို နားထောင်ချင် ပါတယ်။ တကယ်ပဲလျာထားခြင်း ခံခဲ့ရတာလား။

မဟုတ်ပါဘူး။ လျာထား ချက်မရှိဘူး။ ဒါမျိုးက လျာထား လို့လည်း မရပါဘူး။ တပ်က တင် မယ်ဆိုတဲ့ အရိပ်အယောင်လည်း ဒီကနေ့အထိ မရှိပါဘူး။ လယ်ရီ ဂျေဂင်လုပ်တာလေ။ နောက်တစ် ခု ဩဇီသွားတော့ မြန်မာကျောင်း သားတွေ ပြည်ပြေးဖြစ်နေတဲ့ ကလေးတွေနဲ့ တွေ့တယ်။ သူတို့ က သမ္မတကြီးဖြစ်ပါစေလို့ အော် တဲ့အခါကျတော့ ဘာဖြစ်လို့ အော်တာလဲ ထူးထူးဆန်းဆန်း ကွာလို့ မေးလိုက်တော့ ဆောင်း ပါးတစ်စောင်မှာ နောင်ဖြစ်မယ့် သမ္မတဦးခင်အောင်မြင့်ဖြစ်မယ် လို့ အချက်အလက်တွေနဲ့ ရေး ထားတယ်။ တပ်မတော်နဲ့ ပြေ လည်တယ်။ နောက်ပြီး ငါးချက် လောက်ရှိတယ်။ အဲဒီလို ရေးထားတယ်။ ဒါကြောင့် ပြောနေကြတာ ဆိုပြီးပြောကြတယ်။ နောက်တစ်ခါ လယ်ရီဂျေဂင်က ထပ်ရေးပြန်ရော သူရေးတာကို ဂျာနယ်တွေ က ပြန်ရေးကြနဲ့ အဲဒီလို နာမည်ကြီးသွားပြန်ရော။ အဘကို သံတော်ဆင့်က အဲဒီကိစ္စမေးတော့ ‘တ’နဲ့ ‘ထ’ မှားနေတာနဲ့ တူပါတယ်ကွာ။ အဘက သမ္မတမဖြစ်ချင် ဘူး။ သမထဖြစ်ချင်တာလို့ ပြော လိုက်တယ်။

ရွေးကောက်ပွဲမတိုင်ခင်ကာလ တုန်းက ခြောက်ပွင့်ဆိုင်တို့၊ လေး ပွင့်ဆိုင်တို့ ကြိုးစားနေတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက တစ်ဖက်၊ သမ္မတ နဲ့ တပ်ချုပ်နဲ့က တစ်ဖက် ထင် ထင်ရှားရှားရှိတယ်။ ဥက္ကဋ္ဌကြီးက တော့ တပ်ဘက်ကို ယိမ်းတယ်ဆို ပြီး ယူဆခဲ့ကြတယ်ပေါ့။ အဲဒီ တုန်းက ဥက္ကဋ္ဌကြီး ဘယ်ဘက်က ရပ်ခဲ့သလဲ။

ပထမဦးဆုံး လေးပွင့်ဆိုင် တောင်းဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်။ ကျွန်မ ဦးခင်အောင်မြင့်ကိုပါ ထည့် တောင်းတာ။ အစိုးရဘက်က လေးပွင့်ဆိုရင်ရပါပြီဆိုလို့ ဦးခင် အောင်မြင့်ကို ဖယ်ခဲ့တာလို့ပြော တော့ ရပါတယ်။ မှန်တယ်။ ကျွန် တော်သည် နိုင်ငံရေးပါတီခေါင်းဆောင်လည်းမဟုတ်ဘူး။ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက် လွှတ် တော်ကိုပဲ ကိုယ်စားပြုမှာ ကျွန် တော်မပါတာကောင်းတယ်။ ပါ စရာလည်းမလိုဘူး။ သမ္မတဆိုရင် အုပ်ချုပ်မှုဘက်က ရပ်တည်မယ်။ ကာချုပ်ဆို တပ်မတော်ဘက်က ရပ်တည်မယ်။ ဦးရွှေမန်းဆိုရင် ပြည်ခိုင်ဖြိုးပါတီဘက်က ရပ်တည်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဆို အင်န်အယ်လ်ဒီခေါင်းဆောင်၊ ကျွန်တော်က ဘာမှမဟုတ်ဘူး။ အဲဒီအခြေအနေမှာ အဘခရီးသွားနေတုန်း ပြည်ထောင်စုလွှတ်တော်မှာ ဦးမြင့်ထွန်းကတင်လိုက်တာ ခြောက်ပွင့်ဆိုင်မှာပါသွားတာ။ အဘက ဘယ်ဘက်မှမယိမ်းဘူး။ ဘယ်သူ ပြောတာပဲဖြစ်ဖြစ်၊ ပြည်သူနဲ့ နိုင်ငံတော်ဘက်က ရပ်တည်စဉ်းစားမယ်။ လက်ခံသင့်ရင် လက်ခံမယ်။ လက်မခံသင့်ရင်လည်း ပြတ်ပြတ်သားသားပဲ သဘောကလေ။ ဒါတွေနဲ့ ပတ်သက်လို့ လုပ်နေကိုင်နေတာ တွေက လောတာတွေပါတာပေါ့။ တကယ် Key ကိုလည်း မသိတဲ့ သ ဘောရှိတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပိုင်ပိုင်နိုင်နိုင် သိတဲ့လူ တစ်ယောက်အနေနဲ့ Key က သူလိုချင်တာရဖို့ ၅၉(စ) လည်း မဟုတ်ဘူး။ ၄၃၆ လည်း မဟုတ်ဘူး။ Keyက တစ်နေရာမှာရှိနေတယ်။ အဲဒီတစ်နေရာကို ကျိုးကြောင်းဆီ လျော်အောင်ပြောမယ်ဆိုရင် တစ်ဖက်က လက်မခံလို့ မရအောင်ပြောနိုင်တဲ့ အနေအထားတွေရှိ တယ်။ ပြည်သူကလည်း လက်ခံ မှာပဲ။ ပြီးတော့မှ ကျန်တဲ့ဟာ ကြိုက်သလို လုပ်လို့ရတယ်။ ဒါကိုတော့ မြင်တာပေါ့နော်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ပါသလား။

သူ(ဒေါ်အောင်ဆန်းစုကြည်) သမ္မတဖြစ်သင့်ပါတယ်။ လုပ်နိုင်တဲ့အရည် အချင်းလည်း ရှိပါ တယ်။ နိုင်ငံခြားခရီးစဉ်တစ်ခုသွား နေတုန်း ညဥ့်သန်း ခေါင်ကြီးသတင်းဌာနတစ်ခုက ဖုန်းဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင်သလဲဆိုပြီးအဘလည်း အဲဒီအချိန်မှာ အိပ်ချင် မူးတူးနဲ့ ကျွန်တော်တို့ချစ်တဲ့ ဗိုလ်ချုပ်သမီးပဲဗျာ။ ကျွန်တော်တို့ချစ်တာ ပေါ့။ အဲဒီလိုပြောလိုက်တာ။

(ဆက်လက်ဖော်ပြပါမည်)

7Day News Journal

No comments:

Post a Comment

My Blog List