လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းပေးနိုင်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ဖက်မှ ဗဟိုအလုပ် အမှူဆောင်များဖြစ်သည့် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ အောင်သူတို့တက်ရောက်ပြီး အစိုးရဖက်မှ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး အပါအ၀င် ၅ဦးတို့က ဆွေးနွေးခဲ့ ကြသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းခြင်း အပြင်၊ ၀န်ကြီးဌာနများ၏ ဆောင်ရွက်ဆဲလုပ်ငန်းများအကြောင်းကို နှစ်ဖက်ဆွေးနွေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ လူမှုကွန်ယက် စာမျက်နှာမှသိရသည်။
နိုင်ငံတော်အကြီးအကဲအာဏာလွှဲပြောင်းခြင်းအစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလတွင် ထပ်မံပြုလုပ်ရန်လည်း နှစ်ဖက်သဘောတူခဲ့ ကြသည်ဟု သိရသည်။
Mizzima - News in Burmese
No comments:
Post a Comment