Tuesday, January 26, 2016

လွှတ်တော်အစည်းအဝေးသစ်တက်ရောက်ရမည့် ကိုယ်စားလှယ်သစ်များအား စိစစ်ရေးကတ်ပြားများ စတင်ထုတ်ပေး


ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးသစ်များသို့ တက်ရောက်ရန် ရှိသည့် ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်မှရွေးကောက် ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများအား နေပြည်တော်၊ စည်ပင် ဧည့်ရိပ်သာဝင်းအတွင်း ကိုယ်စားလှယ်စိစစ်ရေး ကတ်ပြားများထုတ် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
‘‘ကိုယ်စားလှယ်အသိအမှတ် ပြုလွှာထုတ်ပေးဖို့အတွက်ကို သူ့ ရဲ့ သက်ဆိုင် ရာနိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့မှ အသိအမှတ် ပြု လွှာကိုထုတ်ပေးရတယ်။ နေ့စဉ် အစည်းအဝေးတွေမှာ အသုံးပြုဖို့ အတွက် ကိုယ်စားလှယ်စိစစ်ရေး ကတ်ပြားကိုလည်း ထုတ်ပေးရ တယ်’’ဟု အမျိုးသားလွှတ်တော် ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကပြော သည်။

ရွေးကောက်ပွဲအနိုင်ရလွှတ် တော်ကိုယ်စားလှယ်လောင်းများ သည် နေပြည်တော်ရုံးအမှတ် (၂၀)သို့လည်းကောင်း၊ နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင် လည်းကောင်း သတင်းပေးပို့နိုင် ပြီး ဇန်န၀ါရီ ၂၆ ရက်နောက်ဆုံး ထားသတင်းပေးပို့ရမည်ဖြစ် ကြောင်း သိရသည်။

‘‘အရင်တုန်းကတော့ လွှတ် တော်ထဲက I-19 မှာလုပ်တယ်။ ပထမအကြိမ် ပထမပုံမှန်အစည်း အဝေးတုန်းကတော့ ရုံးအမှတ် (၂၀) မှာလုပ်တယ်။ ဒီမှာကတော့ ဒါပထမဆုံးလာလုပ်ပေးတာပါ’’ ဟု ဦးလွင်ဦးကပြောသည်။

ရောက်ရှိလာသည့် ကိုယ် စားလှယ်လောင်းများအား သက်ဆိုင်ရာငွေ စာရင်းကောင်တာများတွင် ခရီးစရိတ်များ ရှင်းလင်းပေးခြင်း၊ နေထိုင်စားသောက်ရေး စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

‘‘ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ လာရင် မော်တော်ယာဉ်ဝင်ထွက် ခွင့်တွေ လုပ်ပေးတာတို့ကို၊ အဲဒီ အထဲမှာ တစ်ခါတည်းလုပ်ပေး တယ်’’ဟု ဦးလွင်ဦး ကဆက်လက် ပြောကြားသည်။

ထို့အပြင် ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များ လေ့လာနိုင် ရန် ဥပဒေ၊ နည်းဥပဒေ ၁၅ မျိုး ကိုလည်း တစ်ပါတည်းထုတ်ယူ နိုင်သည်။

စည်ပင်ဧည့်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် လောင်းများသာ စာ ရင်းပေးသွင်းခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိကြောင်း သိရသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ကျင်းပဆဲ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော်သစ်သို့ တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၆၁၂ ဦး နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List