Thursday, January 28, 2016

အာဖဂန်တွင် လုပ်ဖော်ကိုင်ဖက်များကို သတ်ဖြတ်သွားသည့် ရဲအရာရှိကို လိုက်လံရှာဖွေနေ


အာဖဂန်နစ္စတန်တွင် လုပ်ဖော်ကိုင်ဖက် ၁၀ ဦးကို သတ်ဖြတ်သွားသည့် ရဲအရာရှိတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှာဖွေနေကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်းရှိ အူရက်ဇ်ဝန်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ မူးယစ်ဆေးသုံးစွဲထားသည်ဟု ယူဆရပြီး တာလီဘန်စစ်သွေးကြွများကို ထောက်ခံကူညီနေသည်ဟု ယုံကြည်ရသည့် ရဲအရာရှိက လုပ်ဖော်ကိုင်ဖက်များကို သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
ထို့နောက်တွင် အသတ်ခံရသူများ၏ လက်နက်များကိုခိုးယူကာ ရဲကင်းစခန်းကို မီးရှို့ပြီး ခြေရာဖျောက်သွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့က ၎င်းကို ဖြန့်ကျက်ရှာဖွေနေပြီး တာလီဘန်ဘက်တော်သားတစ်ဦးဖြစ်မည်ဟု ယူဆထားသည်။

တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးကလည်း အူရက်ဇ်ဂန်းရှိ ချီနာတိုအရပ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုသည် မိမိတို့၏ ညွှန်ကြားချက်အရ ပေါ်ပေါက်လာခြင်းဟု AFP သို့ ပြောကြားခဲ့သည်။

အာဖဂန်တွင် အခြေစိုက်သည့် နိုင်ငံတကာတပ်ဖွဲ့များနှင့် အာဖဂန်တပ်ဖွဲ့များကြားတွင် အချင်းချင်း လုပ်ကြံတိုက်ခိုက်မှုများသည် အကြီးမားဆုံးလုံခြုံရေး ခြိမ်းခြောက်မှုများအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် စိတ်ဓာတ်ခံယူချက် အားနည်းမှု၊ လူသစ်စုဆောင်းပုံ စနစ်မကျမှုများကြောင့် ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားနေသည်။

အာဖဂန် ရဲတပ်ဖွဲ့နှင့် စစ်တပ်အတွင်း နောက်ကျောဓားနှင့်ထိုးသည့် လုပ်ရပ်ဆန်ဆန် အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိနေပြီဟုလည်း သိရသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List