Thursday, January 28, 2016

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာရန် ရေပန်းစားနေသည့် ကြံ့ခိုင်ရေး အမာခံ ဦးတီခွန်မြတ်မှာ မူးယစ်ဆေးလုပ်ငန်းဖြင့် ဆက်နွယ်နေဟု ဆို


၂၀၁၅ ရွေးကောက်ပွဲတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြန်နိုင်သော အသက် ၆၇ နှစ်အရွယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာရန် ရေပန်းစားနေသူ ဖြစ်သည်။

ဒုတိယလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို ရွေးချယ်ခြင်းက အားလုံးကို မျက်ခုံးပင့်ကြည့်စရာ ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းသံတော် ဆင့် သတင်းစဉ်၏ စုံစမ်းဖော်ထုတ် ရေးသားမှုများအရ ဦးတီခွန်မြတ်သည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုနှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်များ ကြောင့် ဖြစ်သည်။

ကချင်လူမျိုး ဦးတီခွန်မြတ်သည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘာသာဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမာခံတစ်ဦးဖြစ်သည့် ဦးတီခွန်မြတ်က အထွေထွေ ရွေးကောက်ပွဲက ကွတ်ခိုင်မြို့တွင် ၀င်ရောက် ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော် အမတ်နေရာကို ရခဲ့သည်။

၁၉၉၀ မှ ၂၀၁၀ ခုနှစ်အထိ ရှေ့နေချူပ်ရုံး၌ ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် အရှေ့မြောက်တိုင်း တိုင်းမှူး၏ အမိန့် ဖြင့် ကွတ်ခိုင်မြို့နယ် ပြည့်သူ့ စစ်ခေါင်းဆောင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်တွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။ ဦးတီခွန်မြတ်သည် ကွတ်ခိုင် ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ အမှုဆောင်လည်း ဖြစ်သည်။ သူ၏ ဇနီး ဒေါ်ရင်မေသည် အငြိမ်းစား အထက်တန်းပြ တစ်ဦးဖြစ်သည်။

ထင်ရှားသည့် ကချင်ဒူးဝါးမိသားစုမှ ဆင်းသက်လာသူ ဦးတီခွန်မြတ်၏ အမည်ပါ 'တီ' ဆိုသည့် စကားလုံးမှာ မိသားစုမျိုးနွယ်အမည် တန်ဘောင်ကို ရည်ရွယ်သည်ဟု ဆိုသည်။ အခြားထင်ရှားသည့် ကချင်စီးပွားရေးသမား ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခွန်မြတ်လာတော် နှင့် ကွဲပြားစေရန် ထိုအမည်ကို အသုံးပြုခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးခွန်မြတ်လာတော်သည် ၁၉၉၄ တွင် အစိုးရနှင့် ကေအိုင်အို တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် စေ့စပ်ရာတွင် ပါဝင်ကူညီခဲ့သူတစ်ဦး ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးတီခွန်မြတ်သည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။ ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းအသစ်များ ရေးဆွဲခြင်း၊ ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေဟောင်းများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းကို ဆောင်ရွက်သည့် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ယင်းသည် အရေးပါသည့် လွှတ်တော်ကော်မတီတစ်ခု၏ ဥက္ကဋ္ဌ ဖြစ်သည့်အပြင် ကွတ်ခိုင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်ဟု ရှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက ၂၀၁၁ တွင် ထုတ်ပြန်ခဲ့သည့် “လွှတ်တော်တွင်းမှ မူးယစ်ရာဇာများ” အစီရင်ခံစာတွင် ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူ့စစ်အဖွဲ့သည် ယင်းတို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း မူးယစ်ဆေး သယ်ဆောင်မှုများကို ခွင့်ပြုကာကွယ်ပေးလျက်ရှိသည်ဟု ဖော်ပြ ထားသော်လည်း ဦးတီခွန်မြတ်သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်ဟု တွေ့ဆုံဖူးသူများက ပြောကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

လက်တွေ့ ကွင်းဆင်း လေ့လာခဲ့သူ တစ်ဦးက “သူ့ လူတွေ လုပ်နေတာကို ကျွန်တော်တို့ မသိဘူးဆိုရင် ဘိန်းလုပ်ငန်းမှာ သူ ပါဝင်ပတ်သက်နေတယ်ဆိုတာ ယုံဖို့ ခက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုအခါ ဖျက်သိမ်းပြီးဖြစ်သည့် မြန်မာမေဖလားဝါးဘဏ်တွင် ဦးတီခွန်မြတ်က ရှယ်ယာဝင်တစ်ဦး ဖြစ်သည်ဟု ရှမ်းသံတော်ဆင့်က ၂၀၁၀ တွင် ဖော်ပြခဲ့သည်။ Wikileaks က ဖော်ပြခဲ့သည့် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ စာများတွင် မေဖလားဝါးဘဏ်အား သံသယရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာမေဖလားဝါးဘဏ်နှင့် အခြားဘဏ်အချို့အား ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ သံသယများမြင့်တက်လာပြီးနောက် မြန်မာအစိုးရက ပိတ်သိမ်း စေခဲ့ပြီး အချိန်အနည်းငယ်အကြာ ၂၀၀၅ တွင် အမေရိကန်သံတမန်တစ်ဦး က “မူးယစ်မှောင်ခိုတွေ၊ သူတို့ရဲ့ ငွေကြေးခ၀ါချမှု လုပ်ငန်းတွေနဲ့ မြန်မာ မေဖလားဝါးဘဏ် ပတ်သက်နေတာ မငြင်းနိုင်ပါဘူး” ဟု ပြောကြားကြောင်း Wikileaks က ဖော်ပြသည်။

သတင်းဌာနများတွင် ဖော်ပြခဲ့သည့် ဦးတီခွန်မြတ်နှင့် သူ၏ ပြည်သူ့စစ်အဖွဲ့ အပေါ် စွပ်စွဲချက်များမှာ ဖော်ရွေမှုရှိသည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သော ယင်းအပေါ် သက်ရောက်မှု လုံးဝ မရှိ (သို့) အနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်သည်။ ဦးတီခွန်မြတ်သည် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တည်ရှိခဲ့ပြီး ၂၀၁၂ တွင် အမေရိကန်သို့ သွားရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ ထိုခရီးစဉ်တွင် ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ပေါလ်နစ်ဇ် နိုင်ငံတကာ အဆင့်မြင့် လေ့လာရေးကျောင်း၏ တစ်ပတ်ကြာ အုပ်ချုပ်ရေးသင်တန်းတွင် ပါဝင်ခဲ့သည်။

ဦးတီခွန်မြတ်နှင့် အဖွဲ့၏ အမေရိကန် လွှတ်တော် ခရီးစဉ်တွင် ဒီမိုကရက် တစ်ပါတီ ဆီးနိတ်လွှတ်တော်အမတ် ဂျင်ဝဘ်၊ ရီပက်ဘလီကန် ဆီးနိတ် လွှတ်တော်အမတ် ဂျိမ်းအင်ဟိုဖ်တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဦးတီခွန်မြတ်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ အလားတူ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၁၃ ဂျပန် ခရီးစဉ်များကိုလည်း ဦးဆောင်ခဲ့သည်။

The Ladies News Journal


No comments:

Post a Comment

My Blog List