Tuesday, January 26, 2016

မန္တလေးခရိုင်ဗကသအတွင်းရေးမှူးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မလေးခုဖြင့် စွဲချက်တင်


ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းနံရံတွင် မှုတ်ဆေးဖြင့် အစိုးရကိုဆန့် ကျင်သည့် စာသားများရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့သော မန္တလေးခရိုင် ဗကသအ တွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးကို ဇန်န၀ါရီ ၂၅ရက်က တတိယအ ကြိမ်ရုံးထုတ်ရာ ပုဒ်မ လေးခုဖြင့် အမရပူရမြို့နယ်တရားရုံးက စွဲချက်တင် ခဲ့သည်။
ကျောက်ဆည်နည်းပညာ တက္ကသိုလ်မြို့ပြအင်ဂျင်နီယာ (တတိယနှစ်)ကျောင်းသားကိုရဲ ရင့်ပိုင်မှူးကို ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းနံရံတွင် မှုတ်ဆေးဖြင့် အစိုးရကိုဆန့်ကျင်သည့် စာသားများရေးသားကာ ဆန္ဒထုတ် ဖော်မှု၊ တက္ကသိုလ်ကျောင်းဝင်းအ တွင်း အစိုးရဆန့်ကျင်သည့်စာ သားများရေးသားထားသော စာ ရွက်များဖြန့်ဝေရာတွင် ပါဝင်ခဲ့မှု ကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည် ခြင်းဆိုင်ရာပုဒ်မ ၁၈၊ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ကြောင့်ပုဒ် မ ၁၄၃၊ ၁၄၅တို့ဖြင့် အမရပူရမြို့ နယ်တရားရုံးက စွဲချက် တင်ခြင်း ဖြစ်သည်။

စွဲချက်တင်ခြင်းနှင့်ပတ် သက်၍ ကျောင်းသားများသည် ကျောင်းသားတစ်ဦး အလုပ်ကို လုပ်ခြင်းဖြစ်ပြီး တစ်နေ့ထောင်ကျမည်ကို ကြိုသိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့် ပတ်သက်၍ ဘာကိုမှမျှော်လင့်ထားခြင်း မရှိကြောင်း၊ မကောင်းသောအစိုးရကို ကျောင်းသားတစ်ဦးအနေဖြင့် တော်လှန်ခြင်းသာဖြစ်၍ ၎င်းတို့တွင် အပြစ်မရှိကြောင်း ရုံးထုတ်ရာ၌ ကျောင်းသားကိုရဲရင့်ပိုင်မှူးက ပြောသည်။

‘‘မကောင်းတဲ့အစိုးရလက် ထက်မှာ တော်လှန်ရေးလုပ်ရပ် မှန်သမျှဟာ တရားပါတယ်။ အဲဒါ ကြောင့် တချို့ဥပဒေတွေကို ဖောက်ဖျက်ခဲ့တာပါ’’ဟု ကိုရဲရင့် ပိုင်မှူးကပြောသည်။

စွဲချက်တင်ခဲ့သည့်အမှုများ နှင့်ပတ်သက်၍ ဇန်န၀ါရီ ၂၉ရက် တွင် ကိုရဲရင့် ပိုင်မှူး၏ အကျိုး ဆောင်ရှေ့နေက တရားရုံးသို့ လျှောက်လဲချက်ပေးမည်ဖြစ် ကြောင်း အကျိုးဆောင်ရှေ့နေက ပြောသည်။

၂၀၁၅ ဇွန်လ ၂၆ရက်က ရတနာပုံတက္ကသိုလ်ရှေ့အုတ်နံရံတွင် မှုတ်ဆေး ဖြင့် ရေးသားဆန္ဒ ထုတ်ဖော်ခြင်းကြောင့် ဇူလိုင် ၁ ရက်၌ အမရပူရမြို့မ ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက ရတနာပုံတက္က သိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားလေးဦးကို ဖမ်းဆီးခဲ့ ပြီး ကိုရဲရင့်ပိုင်မှူးအပါအ၀င် ကျောင်းသား သုံးဦးကို ၀ရမ်းထုတ် ခဲ့ခြင်းဖြစ်သည်။

ဝရမ်းထုတ်ထားသည့် ကျောင်းသားသုံးဦးအနက် ကိုရဲ ရင့်ပိုင်မှူးကို ဒီဇင်ဘာ ၂၅ရက်က ချမ်းမြသာစည်မြို့နယ်တွင် သ တင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၁၆ဇန်န၀ါရီ ၁ရက်၌ အမရပူရမြို့နယ် တရားရုံးတွင် ပထမဆုံးရုံးထုတ် စစ်ဆေးခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List