Wednesday, January 27, 2016

တောင်ကြီးမြို့၌ နိုင်ငံတကာအဆင့်မီဗုဒ္ဓတက္ကသိုလ်အား လာမည့်သျှမ်းပြည် အမျိုးသားနေ့တွင်ဖွင့်မည်


ဗြိတိန်နိုင်ငံ အောက်စဖို့ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ပါမောက္ခ ဒေါက် တာခမ်းမိုင် ဓမ္မသာမိ ကမကထပြုကာ တည်ဆောက်သော နိုင်ငံတကာ အဆင့်မီ ဗုဒ္ဓတက္ကသိုလ် ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် လာမည့်သျှမ်းပြည်အမျိုးသားနေ့တွင် ဖွင့်ပွဲလှစ်မည်ဟုသိရသည်။
လာမည့်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ တွင်အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်တွင် တည်ဆောက်ထားသော ဗုဒ္ဓဘာသာ တက္ကသိုလ်ဖွင့်ပွဲ ကျင်းပ မည်ဖြစ်သည်ဟု တက္ကသိုလ်တည်ဆောက်ရေးတွင်ပါဝင်သော ကော်မတီဝင် ဆရာတော် အရှင်မဟော်သဒါ လင်္ကာရ က မိန့်ကြားတော်မူသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်တွင်းပြည်ပမှ ပညာရှင် သံဃာတော် ၆ ပါးက ဖွင့်လှစ်မည့် ဗုဒ္ဓတက္ကသိုလ်နှင့်ပတ်သက်၍ ဆယ်မီနာ ပြု လုပ်မည်ြ ဖစ်ကြောင်း လည်းသိရသည်။

“ ဆယ်မီနာလုပ်တဲ့ရက်မှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် လည်းတက်ရောက်မယ်။ သာသနာရေးဝန်ကြီးလည်းတက်ရောက်မယ်။ သျှမ်းပြည်နယ်နေ့ တက္ကသိုလ်ဖွင့်ပွဲနေ့မှာလည်း ဒုသမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းလည်းတက်ရောက်မယ်။ ပြည်တွင်းပြည်ပမှ သံဃာတော် ၉၉ ပါးကို ပင့်ဖိတ်ထားပါတယ်။ ပြည်တွင်းက ဗုဒ္ဓတက္ကသိုလ် ၁၅ ခုက သံဃာတော်တွေလည်း ကြွရောက်လာကြမယ်” ဟု ဖွင့်ပွဲဖြစ်မြောက်ရေး ကော် မတီဝင် ဆရာတော်တပါးကလည်း မိန့်တော်မူသည်။

အမေရိကန်၊ ဗြိတိန်၊ ထိုင်းနိုင်ငံ၊ အန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်နိုင်ငံ တို့မှ ပညာရှင်အဆင့် ပင့်သံဃာတော်များလည်း တက်ရောက် မည်ဟု သိရ သည်။

အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ ဗုဒ္ဓဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဆရာတော် ဒေါက်တာဓမ္မသာမိဦးဆောင်စီစဉ်သည့် သျှမ်းပြည် နယ် တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်မှာ ၂၀၁၄ ခု အောက်တိုဘာလက စတင်တည်ဆောက်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်မှသင်ကြားသော စနစ်ကဲ့သို့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျပ်သန်းပေါင်း ကိုးထောင်ကျော်သုံးကာ ကျောင်းဆောင် ၆ ဆောင်တပြိုင်နက် တည်ဆောက် ခဲ့သည်မှာ မပြီးစီးသေးသော်လည်း သျှမ်းပြည်အမျိုး သားနေ့ အထိမ်းအမှတ် အဖြစ် တက္ကသိုလ် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ သင်ကြားမှု ကိုလည်း ယခု ၂၀၁၆ အတွင်း စတင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List