Friday, January 29, 2016

အနှိပ်ခန်းပိုင်ရှင် ပါတီခေါင်းဆောင် ချူဝစ်နှင့် အပေါင်းအပါ ၆၅ ဦးကို ထောင်ဒဏ် ၂ နှစ်ချ

အနှိပ်ခန်းပိုင်ရှင်ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ရပ်ထိုင်းပါတီ ခေါင်းဆောင် ချူဝစ် ကမွန်ဝီဆစ်နဲ့ အပေါင်းအပါ ၆၅ ဦးကို ထိုင်းဗဟိုတရားရုံးက ဇန်န၀ါရီ ၂၈ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ၂၀၀၃ ခုနှစ် ဆူကူဗစ်ရင်ပြင်မှာ အရက်ဆိုင်နဲ့ ဆိုင်တွေကို ဖျက်ဆီးမှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
လူထုရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးဖို့ လူတွေကို ငှားရမ်းခဲ့သလို ညအချိန်မှာ ကျူးကျော်မှုနဲ့ ဆိုင်တွေကို ဖျက်ဆီးမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၃ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်မှာ လူ ၃၀၀ လောက်က အရက်ဆိုင်နဲ့ ဆိုင်တွေရဲ့ တံခါးကို လိုက်ခေါက်ပြီးတဲ့နောက် မြေတူးစက်နဲ့ ဆိုင်နဲ့ အရက်ဆိုင် ၆၀ လောက် ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဖျက်ဆီးမှုတွေကြောင့် ဘတ်ငွေ သန်း ၁၀၀ နီးပါး ဆုံးရှုံးသွားခဲ့သလို ဖျက်ဆီးတဲ့လူတွေကို တားဆီးတဲ့လူတွေလည်း အရိုက်ခံရပါတယ်။

ဖျက်ဆီးခံရတဲ့ ဆိုင်ပိုင်ရှင် ၄၄ ဦးအနက် ၄၂ ဦးက ဖျက်ဆီးမှုအတွက် ချူဝစ်နဲ့ အပေါင်းအပါ ၁၃၀ ဦးကို အရေးယူပေးဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

၃ လကြာ တရားစွဲဆိုမှုအပြီး ၂၀၀၆ ခုနှစ် ဇူလိုင် ၁၃ ရက်မှာ ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်မှု တရားရုံးက အားလုံးကို လွှတ်ပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာမှာ အယူခံတရားရုံးက ချူဝစ်အပါအ၀င် ၆၆ ဦးကို ၅ နှစ် ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

နောက်ပိုင်း အယူခံ ပြန်လည်လျှောက်ထားခဲ့ရာမှာ ဇန်န၀ါရီ ၂၈ ရက်မှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List