Thursday, January 28, 2016

‘‘ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ထားတဲ့အတိုင်း ပြည်သူကို လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်’’ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့်တွေ့ဆုံခြင်း


ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က တော့ NCA ဆိုပြီး အပစ်ရပ်လက်မှတ်ရေးထိုးပြီးသွားပြီ။ အဲဒီအထဲ မှာ RCSS လည်းပါတယ်ဆိုတော့ RCSS အနေနဲ့ နောက်အစိုးရသစ် နဲ့ ငြိမ်းချမ်းရေးကိစ္စ ဘယ်လိုဆက် လုပ်သွားမယ်လို့ မျှော်မှန်းထားပါလဲ။
အခုကျွန်တော်တို့အနေနဲ့ လာမယ့်အစိုးရသစ်ရဲ့ မူဝါဒတွေ မချမှတ်ရသေးတော့ဘယ်လိုဆက်လုပ်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ဦးသိန်းစိန်အစိုးရအနေနဲ့ သက်တမ်းငါးနှစ်မှာ ကောင်းတာတွေ လုပ်ခဲ့ပြီးပါပြီ။ ဦးသိန်းစိန်အစိုးရကို ဝေဖန်ကြည့်မယ်ဆိုရင် ကောင်းတာတွေ က ဒီမိုကရေစီတံခါးကို ဖွင့်ပေးသူဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ပါတယ်။ ဒါတွေက ကောင်းတာတွေပါ။ လာမယ့်အစိုးရသစ်ကလည်း အဲဒါတွေကို ဆက်လုပ်လိမ့်မယ်လို့ထင်ပါတယ်။ လာမယ့်သက်တမ်းမှာ ဘယ်လိုကောင်းအောင်လုပ်မယ်ဆိုတာတော့ သူ တို့အပေါ် မူတည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် မယ့် အစိုးရနဲ့ ဦးသိန်းစိန်ဦးဆောင် ခဲ့တဲ့ အစိုးရအပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ဘယ် အစိုးရကို ပိုပြီးယုံကြည်မှုရှိနိုင်မ လဲ။

ကိုယ်ရေးကိုယ်တာ ခင်မင် မှုအရ ပြောရရင်ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှုက အနည်းအ ကျဉ်းပဲရှိသေးတယ်။ ကျေကျေ လည်လည် ရင်းနှီးမှုမရသေးဘူး။ ဦးသိန်းစိန်နဲ့တော့ ပိုရင်းနှီးတာ ပေါ့။ ဘယ်သူ့အပေါ်ပိုယုံလဲဆို တော့ တွေ့ဆုံမှုအပေါ်မှာ မူတည် ပါတယ်။ ဒါပေမဲ့ သူကလည်း ကောင်းအောင်ကြိုးစား လုပ်မယ် လို့တော့ မျှော်လင့်ပါတယ်။ ယုံ လည်းယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့အစိုးရ အဆက်ဆက်ပေါ့ တော်လှန်ရေး ကောင်စီအစိုးရ၊ စစ်အစိုးရ၊ အခု ဦးသိန်းစိန်အစိုးရပေါ့။ သူတို့က တချို့ တိုင်းရင်းသားအရေးတွေ လျစ်လျူရှုခဲ့တာတွေရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အ စိုးရလက်ထက်မှာကောတိုင်းရင်း သားအခွင့်အရေး ပိုရလိမ့်မယ်လို့ မျှော်လင့်ထားတာရှိလား။

လာမယ့်အစိုးရသစ်နဲ့ပတ် သက်ပြီး ကျွန်တော်တို့ကထင်မြင် ချက်မပေးနိုင်သေးပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ဘယ်လို မူဝါဒတွေနဲ့ သွားမယ်ဆိုတာ မသိ နိုင်သေးတဲ့အတွက်ပါ။

NLD က ဖက်ဒရယ်အရေး၊ တိုင်း ရင်းသား တန်းတူညီရေးတွေ ကြွေးကြော်ထားတာရှိပါတယ်။ သူတို့ အခုဘာမှမလုပ်နိုင်သေးပေ မယ့် အရင်ပြောခဲ့တာတွေအပေါ် သုံးသပ်ကြည့်ရင်ကော ခင်ဗျ။

သူတို့ကြွေးကြော်မှုက သူတို့ အတွက် ကြီးလေးတဲ့ ၀န်တစ်ခု ဖြစ်တာပေါ့။ သူတို့ကြွေးကြော်တဲ့ အတိုင်း မလုပ်နိုင်ရင် ပြည်သူယုံ ကြည်မှု လျော့ကျသွားမှာပဲ။ ဒီမို ကရေစီရဲ့ သဘောတရားအရ ရွေးကောက်ပွဲမှာ အနိုင်ရလို့ ဒီမို ကရေစီရတယ်လို့ မဆိုလိုပါဘူး။ ရွေးကောက်ပွဲက ဒီမိုကရေစီရဲ့ ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာလည်း ဖက်ဒရယ် စနစ်တွေ လေ့လာခဲ့ပြီးပြီ။ မြန်မာ နိုင်ငံမှာလည်း ဖက်ဒရယ်တောင်း ဆိုတဲ့ တိုင်းရင်းသားတွေထဲမှာ လည်း ရှမ်းတွေက ထိပ်ဆုံးကပါ တယ်လေ။ တကယ်တမ်း ဖက်ဒ ရယ်ရမယ်ဆိုရင် ဘယ်လိုပုံစံ ဖက်ဒရယ်မျိုးကို လိုချင်ပါလဲ။

ဖက်ဒရယ်ဆိုတာ အုပ်ချုပ် မှုစနစ်ရဲ့ ခေါင်းစဉ်ကြီးတစ်ခုပါပဲ။ ဖက်ဒရယ်ကို ဘယ်လိုပုံဖော်မလဲ ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒ နဲ့ လုပ်လို့မရပါဘူး။ ပြည်သူအား လုံးရဲ့ ၀ိုင်းဝန်းလုပ်ဆောင်ချက်နဲ့ လုပ်ရမှာပါ။ ဖက်ဒရယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ နေရာဒေသ ကိုလိုက်ပြီး ကွဲပြားနိုင်ပါတယ်။ အခုအားလုံးပဲ ဖက်ဒရယ်ပြောနေ ကြပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်လည်းပြောတယ်။ ဦးသိန်း စိန်လည်းပြောတယ်။ လူထုက လည်း ဖက်ဒရယ်ကိုလိုလား တယ်။ ဒါပေမဲ့ ဘယ်လိုဖက်ဒရယ် ကို ပုံဖော်မလဲဆိုတာ အခုထိ မ တွေ့မြင်ရသေးပါဘူး။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် မူ တည်မယ်လို့ ထင်ပါတယ်။

ဖက်ဒရယ်စနစ်တစ်ခုခုကို ကျင့် သုံးဖြစ်ခဲ့မယ်ဆိုရင် ရှမ်းပြည်အ ရေးကိစ္စပေါ့။ ရှမ်းပြည်မှာက လူ မျိုးစုမျိုးကွဲတွေ အများကြီးရှိတယ် ဆိုတော့ အဲဒီအရေးကို ဘယ်လို ကိုင်တွယ်မလဲ။

ဖက်ဒရယ်အုပ်ချုပ်ရေးကို ကျင့်သုံးတော့မယ်ဆိုရင်တော့ ကျွန်တော်တို့ နောက်ခံသမိုင်း ကြောင်းကို ပြန်လေ့လာဖို့လိုမယ်။ ကျွန်တော်တို့ နောက်ခံက ဘယ် လိုအတူတကွ နေထိုင်ခဲ့ကြတယ် ဆိုတာ ပြန်လေ့လာရမယ်။ အခု ပြဿနာတွေဖြစ်နေတာလည်း နိုင်ငံရေးရဲ့ တွန်းအားပေးမှု ကြောင့် ဖြစ်လာတာပါ။

တိုင်းနဲ့ပြည်နယ် ၁၄ ခုမူနဲ့ရှစ်ပြည် ထောင်မူနှစ်ခုမှာ RCSS အနေနဲ့ ဘယ်မူကို လက်ခံနိုင်ပါသလဲ။

ဘယ်မူကောင်းသလဲဆိုတာ နိုင်ငံရေးဆွေးနွေးပွဲပေါ် မူတည် ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအ ပေါ်မှာ အများအားဖြင့် မူတည်နေ ပါတယ်။ ပြည်သူလူထုရဲ့ဆုံးဖြတ် ချက်၊ လိုလားချက်ကိုပဲကျွန်တော် တို့ လိုက်နာရမှာပါ။ လာမယ့် အစိုးရသစ်ကလည်း ပြည်သူက ရွေးကောက်တင်မြှောက်ထားတာ ဖြစ်တဲ့အတွက် ပြည်သူလိုလား ချက်ကို သူတို့က ပိုပြီးအလေးထား လိုက်နာရမယ့် သဘောရှိပါ တယ်။

တပ်ကိစ္စတွေနဲ့ပတ်သက်လို့တိုင်း ရင်းသားလက်နက်ကိုင်တွေ လို လားတဲ့စစ်တပ်နဲ့ တပ်ချုပ်က တင်တဲ့ စစ်တပ်ကွဲလွဲမှုရှိနေပါ တယ်။ အဲဒီအပေါ်မှာကော ဘာ ပြောချင်ပါသလဲ။

ဖက်ဒရယ်ကိုစပြီးတော့မှ ကျင့်သုံးတော့မယ်ဆိုရင် ဖက်ဒ ရယ်ကျင့်ဝတ်ကျင့်စဉ်အရ နိုင်ငံ တစ်ခုမှာ စစ်တပ်တစ်ခုပဲရှိရမယ် ဆိုပေမယ့်လည်း ဖက်ဒရယ်စစ် တပ်တွေ ထားရှိဖို့ကိစ္စက ပြည်သူ လူထုအပေါ်ပဲ မူတည်ပါတယ်။ အကယ်၍ စစ်တပ်ကတစ်ခုပဲရှိရ မယ်ဆိုပေမယ့် ပြည်သူလူထုက လည်း သူတို့ပြည်နယ်မှာ ပြည် နယ်စစ်တပ် ထားရှိရမယ်လို့ ဆန္ဒ ရှိရင်လည်း သူတို့ဆန္ဒအတိုင်းပဲ ကျွန်တော်တို့လုပ်ရမှာဖြစ်ပါ တယ်။ တိုင်းပြည်တစ်ခုရဲ့ တည် ငြိမ်မှုဆိုတာ စစ်တပ်တစ်ခုတည်း ပေါ်မှာပဲ မူတည်တယ်လို့ မထင် ပါဘူး။ ပြည်သူလူထုအပေါ်မှာ လည်း တာဝန်ရှိပါတယ်။

ငြိမ်းချမ်းရေးညီလာခံမှာ စစ်တပ် ဖွဲ့စည်းပုံက အကျေအလည်ဆွေး နွေးရမယ့် issue တစ်ခုဖြစ်လာမ လား။

အကြိတ်အနယ်ဆွေးနွေးရ မယ့် ခေါင်းစဉ်တစ်ခုပါပဲ။ စစ် တပ်ကလည်း သူ့အယူအဆတစ်ခု ပေါ်မှာ ရပ်တည်ပြီးပြောနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်က လည်း တစ်ခုပေါ့။ ဒီခြားနားမှု နှစ် ခုကြားမှာ ဘယ်လိုမျိုးတူညီမှုကို ချဉ်းကပ်ကြမလဲ။ အလျှော့အ တင်းလေးတော့ ရှိရမှာဖြစ်ပါ တယ်။ သူတို့ရဲ့ရပ်တည်မှု Standing Point မှာလည်း ပြည့် စုံလေးနက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ရှိရမှာပေါ့။ စစ်တပ်က အင်အား မရှိရင် တိုင်းပြည်က အကွဲကွဲအ ပြားပြားဖြစ်မယ်လို့ သူတို့က စွဲ ကိုင်ထားပါတယ်။ အဲဒါက မှား ယွင်းတဲ့ အယူအဆတစ်ခုလို့ကျွန် တော်မြင်ပါတယ်။ မြန်မာနိုင်ငံ မတိုးတက်ရတဲ့ အကြောင်းရင်း ကလည်း တပ်ကြောင့်ပါပါတယ်။ တပ်ကြောင့် ပြည်ထောင်စုထဲမှာ ပြဿနာတွေဖြစ်လာတာပါ။တပ် ရဲ့အာဏာသိမ်းမှုတွေကြောင့် ကျွန်တော်တို့ပြည်ထောင်စုဆို တာ ပျက်စီးရခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင် ပြီးတော့မှ တောင်းဆိုနေရတာ ဟာ ပြည်ထောင်စုဆိုတဲ့ လက္ခ ဏာမစုံလင်တော့ဘူးပေါ့။ ဘာ ကြောင့် တိုင်းရင်းသားတွေ လက် နက်ကိုင်ရသလဲ၊ စစ်တပ်ရဲ့ အာ ဏာသိမ်းမှုကြောင့်ပါပဲ။

NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲမှာ စစ်တပ်နဲ့ ပထမ ဆုံးသေနတ်ပြန်ဖောက်ခဲ့တာက RCSS နဲ့ပဲဆိုတော့ ဘာကြောင့် များလဲ။

ဒီကိစ္စကတော့ တပ်ရဲ့လုပ် လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခု ပေါ့၊ မှားလေ့မှားထရှိတဲ့ အမှား တစ်ခုပေါ့။ လက်မှတ်မရေးထိုးခင် တုန်းကလည်း ဒီလိုဖြစ်ခဲ့ပါတယ်။ ရေးထိုးပြီးသွားတော့လည်း ဒီလို ဖြစ်တာပါပဲ။ အကယ်၍ စစ်တပ် ကပဲ အားလုံးရဲ့အပေါ်မှာ ရပ် တည်ချင်တယ်၊ အားလုံးရဲ့အ ထက်မှာရှိရမယ်ဆိုတဲ့ အယူအဆ နဲ့ စွဲကိုင်ထားရင်တော့ ဒီခေတ် ဒီကာလမှာ မှန်လိမ့်မယ်လို့မထင် တော့ဘူး။

အခုရေးထိုးထားတဲ့ NCA အပေါ် မှာ အပြည့်အ၀ ယုံကြည်မှုရှိရဲ့ လား။

အလုပ်တစ်ခုကို လုပ်တော့ မယ်ဆိုရင်တော့ ယုံကြည်မှုထားရ မှာပေါ့။ ယုံကြည်မှုမရှိရင် ဒီ အ လုပ်ဟာ မအောင်မြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပဲ ယုံကြည် နေလို့မရဘူးပေါ့။ အချင်းချင်း ယုံ ကြည်မှုထားပေးရမှာပေါ့။ NCA က ပြည်ထောင်စုမြန်မာနိုင်ငံအ တွက် အလွန်အရေးပါပါတယ်။ တကယ်လို့ ဒီ NCA ပျက်သွား မယ်ဆိုရင် တိုက်ပွဲတွေ၊ပြည်တွင်း စစ်တွေ ဒီထက်မက ပိုပြီးဖြစ်လာ လိမ့်မယ်လို့ ထင်ပါတယ်။

သုံးနှစ်က ငါးနှစ်အတွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်ရမယ် ဆိုတဲ့မူအပေါ်မှာ RCSS အနေနဲ့ လက်ခံပါသလား။

ဦးသိန်းစိန်အစိုးရက ငြိမ်း ချမ်းရေးကို အပြည့်အ၀ ဖော် ဆောင်ခဲ့တယ်လို့ မယူဆပါဘူး။ ငြိမ်းချမ်းရေးတံတားကို ဆောက် ပေးခဲ့ခြင်းသာဖြစ်ပါတယ်။ ကျွန် တော်တို့ပြည်တွင်းစစ်ဖြစ်ခဲ့တာ နှစ် ၆၀ ကျော်ခဲ့ပြီ။အဲဒါကို ၂ နှစ်၊ သုံးနှစ်အတွင်းမှာ ဖြေရှင်းနိုင်မယ် လို့တော့မထင်ဘူး။

ဒီချုပ်အစိုးရသက်တမ်း ငါးနှစ်အ တွင်းမှာလည်း ဒီပြဿနာပြေလည် မယ်၊ မပြေလည်ဘူးပြောလို့မရ သေးဘူးပေါ့။

ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆို တာ သူ့(ဒေါ်အောင်ဆန်းစုကြည်) အပေါ်မှာ မူတည်ပါတယ်။အစိုးရ သစ်မှာ သူက အာဏာရှိတဲ့ လူ တစ်ယောက်ဖြစ်လာမှာပါ။ သူ ဘယ်လိုဦးဆောင်မလဲဆိုတာ သူ့ အပေါ်မှာ အများကြီးမူတည်ပါ တယ်။

အစိုးရသစ်အတွက် သတင်းစ ကားတစ်ခုခု ပေးချင်တာများရှိပါ လား။

ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ထားတဲ့အတိုင်းပဲ ပြည်သူကို လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ သူနဲ့ ပထမ ဆုံးအကြိမ်တွေ့တုန်းက ပြောဆို ခဲ့တဲ့အထဲမှာ စကားသုံးခွန်းကို အမှတ်ရနေပါတယ်။ ပထမအ ချက်အနေနဲ့ နိုင်ငံတစ်ခုရဲ့ ပြောင်းလဲခြင်းက အာဏာရှိတဲ့လူ တစ်ယောက်ရဲ့လက်ထဲမှာ မူ တည်တယ်တဲ့။ အခု သူအာဏာ ရ လာပြီ။ သူဘယ်လိုလုပ်မလဲ။ ဒုတိယအချက်ကတော့ ဒီမိုကရေ စီမွေးဖွားဖို့အတွက် စာသင် ကျောင်းကတည်းက မွေးထုတ် ပေးဖို့လိုအပ်ပါတယ်။ တတိယအ ချက်ကတော့ ဗမာဆိုတာလည်း တိုင်းရင်းသားတစ်ခုပါပဲ။ ဒါ ကြောင့် အချင်းချင်းသင့်သင့်မြတ် မြတ် ပေါင်းစည်းနေထိုင်တတ်ဖို့ အရေးကြီးပါတယ်တဲ့။ ဖက်ဒ ရယ်ဆိုတာ ခွဲထွက်ခြင်းကို ကာ ကွယ်ထားတဲ့ အရာတစ်ခုပါပဲ။ ခွဲ ထွက်တယ်ဆိုတာ ရပိုင်ခွင့်ကိုမရ တဲ့အခါမှာ ခွဲထွက်ဖို့တွေ ဖြစ်လာ ရတာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ကို ရရှိလာပြီဆိုရင် ရသင့်ရထိုက်တာ တွေကို ဝေငှပေးပြီဆိုတာတော့ တွေ့ရလိမ့်မယ်ဆိုတာတွေပါပဲ။ သူပြောခဲ့တဲ့ စကားအခုထိ မှတ်မိ နေသေးပါတယ်။

ကျေးဇူးတင်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List