Friday, January 29, 2016

ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်နာကျင်မှု များကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့ဟု သမ္မတပြော


ပြီးခဲ့သည့် အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း ထိပ်တိုက်ရင်ဆိုင်ရမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပုဂ္ဂိုလ် ရေးအရ ထိခိုက်နာကျင်မှုများကို မေ့ပျောက်ပြီး နိုင်ငံနှင့်ပြည်သူများ ၏ ရေရှည်အကျိုးစီးပွားအတွက် စိတ်ရှည်သည်းခံဆောင်ရွက်ခဲ့ ကြောင်း နိုင်ငံတော်သမ္မတဦးသိန်း စိန်က ပြောကြားသည်။
‘‘ကျွန်တော့်အနေနဲ့ မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ရပ်တန့်မသွားစေဖို့၊ နောက်ကြောင်း ပြန်မသွားစေဖို့ အတွက် ပကတိ အရှိတရားနဲ့ လက်တွေ့နိုင်ငံရေးအခြေအနေ က ခွင့်ပြုထားတဲ့ အတိုင်း အတာ အတွင်းကနေ ဖြစ်သင့်တာနဲ့ ဖြစ် နိုင်တာကို သဟဇာတဖြစ်အောင် ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နာကျင်မှု တွေကို မေ့ပျောက်ပြီး နိုင်ငံနဲ့ပြည် သူများရဲ့ ရေရှည်အကျိုးစီးပွားအတွက် စိတ်ရှည် သည်းခံ ဆောင်ရွက်ခဲ့ပါတယ်’’ ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်ကပြော သည်။

မတ်လ ၃၀ ရက်တွင် ကုန် ဆုံးတော့မည့် အစိုးရသက်တမ်း ငါးနှစ်တာကာလ အတွင်း ဆောင် ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ပြောကြား ခဲ့သောအခြေပြမိန့်ခွန်း၌ အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတပြောကြား ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုများ၊ ၀ိရောဓိများဆို ရာတွင်လွှတ်တော် နှင့်အစိုးရအဖွဲ့ကြား အထူးသဖြင့် ပြည်ထောင်စု လွှတ် တော်နာယ က သူရဦးရွှေမန်းနှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့အကြား ဖြစ် ပေါ်ခဲ့သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ၊ တင်းမာမှုများကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း လွှတ် တော်ကိုယ်စားလှယ်အချို့က သုံး သပ်ပြောကြားခဲ့သည်။

‘‘နားထောင်ရသလောက်က တော့ ဒီအစိုးရလုပ်ခဲ့တဲ့ ကောင်း ကြောင်းတွေပဲ ပြောသွားတယ်။ အထူးသဖြင့် ဖုန်းကိစ္စကို ထည့် ထည့်ပြောသွားတယ်။ အရင်ငါး နှစ်ကထက် ဘယ်လောက်တိုး တက်တယ်ဆိုတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကြားချင်တာကအဲဒီ လိုမဟုတ်ဘူး။ သူတို့သက်တမ်း မှာ ဖြစ်ခဲ့တဲ့ကောင်းတဲ့အကြောင်း အရာတွေ ပြောသလို အားနည်း ချက်ဖြစ်ခဲ့တဲ့ ဆိုးဆိုးရွားရွားအ ကြောင်းအရာတွေကိုလည်းထည့် ပြောသင့်တယ်။ ဘာကြောင့် ဒီလို ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဘယ်သူတွေက ဘယ်လိုတာဝန်ရှိ တယ်ဆိုတဲ့ တာဝန်ယူမှု၊တာဝန်ခံ မှုဆိုတာကို လုံးဝမတွေ့ရဘူး’’ဟု လွှတ်တော် ကိုယ်စားလှယ်တစ် ဦးကပြောသည်။

နိုင်ငံတော်သမ္မတ မိန့်ခွန်း တွင် စိတ်ဝင်စားဖွယ်ကောင်းသော အချက်အချို့ ပါဝင်သော်လည်း များသောအားဖြင့် ယေဘုယျ သဘော သက်ရောက် ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။

‘‘တစ်နည်းအားဖြင့် ပြောရ ရင် ၂၀၁၅ ရွေးကောက်ပွဲကနေ ဘယ်ပါတီပဲနိုင် နိုင် ဒီမိုကရေစီ အစခရီးဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ရှိနေတဲ့နိုင်ငံရေး၊ စီးပွားရေး၊လူမှု ရေး အခြေအနေများထက် ပိုမို ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ရရှိစေဖို့အတွက် အခြေခံ ကောင်းများ တည်ဆောက်ပေးခဲ့ ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကျွန် တော့်အနေနဲ့ သမ္မတအဖြစ်ဒုတိယ အကြိမ် ပြန်လည် တာဝန်ထမ်း ဆောင်ခွင့်ရရှိရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထပ်မံအနိုင်ရရှိရေးအတွက် ပိုပြီး ကျယ်ပြန့်မြင့်မားတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အကျိုးစီးပွားထက်ပိုပြီးမြင့်မားတဲ့ အမျိုးသား နိုင်ငံရေး ရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မာ ဖို့အတွက် အဓိကကျတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်’’ဟု နိုင်ငံတော် သမ္မတက ပြောသည်။

အဆိုပါ အခြေပြ မိန့်ခွန်း ပြောကြားမှုတွင် အရေးကြီးသော ကဏ္ဍတစ်ခု ချင်းစီအလိုက် ကိန်း ဂဏန်းဆိုင်ရာ တိုးတက်မှုများကို ထည့်သွင်းပြော ကြားသွားပြီးအေး ချမ်းစွာ အာဏာလွှဲပြောင်းပေး ရေးကိစ္စရပ်ကိုလည်း ထပ်မံကတိ ပြုပြောကြားခဲ့သည်။

‘‘နောက်ပေါ်ပေါက်လာမယ့် အစိုးရနဲ့လွှတ်တော်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ကြီးကို ပိုမိုအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင် ဆောင် ရွက်နိုင်ပါစေ။ မိဘပြည်သူ အား လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မအားလုံး ချစ် ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဥမကွဲသိုက်မပျက် အေးအတူ ပူအမျှ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရင်းအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်’’ဟုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List