Thursday, January 28, 2016

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီ ဖွဲ့စည်းတာဝန်ပေး လွှတ်တော်ဥက္ကဋ္ဌများဖြစ်မည်ဟု သတင်းထွက်ပေါ်နေသော ဦးဝင်းမြင့်နှင့် မန်းဝင်းခိုင်သန်းတို့ နှစ်ဦးစလုံးပါဝင်


ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် လွှတ် တော်အသစ်၏ လုပ်ငန်း များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင် ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်များဖြင့် လွှတ်တော် ရေးရာဦးဆောင်ကော်မတီတစ် ရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ပါတီက သတင်းထုတ်ပြန်သည်။
ဇန်န၀ါရီ ၂၇ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည့် လွှတ်တော်ရေးရာ ဦးဆောင်ကော် မတီတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ ၀င်ငါးဦးပါဝင်ပြီး ပြည်သူ့ လွှတ် တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တို့၏ လွှတ်တော်ဥက္ကဋ္ဌများ အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သတင်းထွက်နေသူ ဦးဝင်းမြင့်နှင့် မန်းဝင်းခိုင်သန်းတို့ပါဝင်သည်။

ကော်မတီတွင် ဒီချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်တို့၏ ဥက္ကဋ္ဌနေ ရာများအတွက် သတင်းထွက်နေ သူ ဦးဝင်းမြင့်နှင့် မန်းဝင်းခိုင်သန်း တို့သည် ဒေါ်အောင် ဆန်းစုကြည် ဖွဲ့စည်းပေးလိုက်သည့် အဆိုပါ ကော်မတီတွင် ပါဝင်နေသဖြင့် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌနေရာ များအတွက် သေချာသလောက် ရှိပြီဖြစ် ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက သုံးသပ်ကြ သည်။

ကော်မတီသည် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများအတွက် သက်ဆိုင်ရာလွှတ်တော်အကြီး အမှူးများ၊ လွှတ်တော်ရုံးအသီး သီးမှ တာဝန်ရှိသူများနှင့်ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ် ကာ လွှတ်တော်အစည်းအဝေး များ ကျင်းပမည့်အစီအစဉ်များ ရေးဆွဲခြင်း၊ လွှတ်တော်အစည်း အဝေးများသို့ တက်ရောက်ရန် ဧည့်သည်တော်များ ဖိတ်ကြား ခြင်း၊ လွှတ်တော်အစည်းအဝေး များသို့ လေ့လာခွင့်တင်ပြမှုများ စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော် အ စည်းအဝေးများသို့ သတင်းယူရ မည့် ပြည်တွင်း၊ ပြည်ပမီဒီယာ များ စိစစ်ခွင့်ပြုခြင်း၊ အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သည်။

ကော်မတီအဖွဲ့ဝင်များကို မေးမြန်းရာတွင် စတင်ဆောင် ရွက်မည့်အချိန်မှသာ ဖြေကြား မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List