Tuesday, January 26, 2016

အစိုးရသစ်နှင့် အဆင်ပြေစွာလက်တွဲနိုင်မည်ဟု တပ်ချုပ်ပြော


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နှင့် အဆင်ပြေစွာ လက်တွဲဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း သတင်းရရှိ သည်။

‘‘အခုလာမယ့် အစိုးရသစ်နဲ့ သူတို့အဆင်ပြေမယ်၊ ဒီအစိုးရ သစ်နဲ့ လက်တွဲဆောင်ရွက်လို့ရ မယ်ပြောတယ်’’ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအတွင်းရေးမှူးဦးသီဟ စောကပြောသည်။

ရွေးကောက်ပွဲ ကာလတွင် ပြည်သူရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ မယိမ်းမယိုင်လျှောက်လှမ်း နိုင်ရန် ထိန်းသိမ်းလုပ်ဆောင်ခဲ့ပြီး အစိုးရသစ်နှင့်လည်း တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများဆက် လက်လုပ်ဆောင်မည်ဟုတပ်ချုပ် ကပြောကြောင်း တပ်မတော်က လည်း သတင်းထုတ်ပြန်သည်။

ဇန်န၀ါရီ ၂၄ ရက်က တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင် စီအဖွဲ့ဝင်များ နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ၌တွေ့ဆုံ ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည် ဟု ဦးသီဟစောက ပြောကြား သည်။

ဇန်န၀ါရီ ၂၅ ရက် (ယနေ့)၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် တို့ တွေ့ဆုံမည်ဟု ဘီဘီစီမြန်မာပိုင်း ကဖော်ပြကာ အဆိုပါတွေ့ဆုံမှု နှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံသ တင်း မီဒီယာကောင်စီအဖွဲ့ဝင်အ ချို့က မေးမြန်းခဲ့သော်လည်း ဖြေ ကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘မနက်ဖြန် ဒေါ်စုနဲ့တွေ့မ လား၊ မတွေ့ဘူးလား၊ တွေ့ရင် ဘယ်အချိန်တွေ့မလဲဆိုတာမေး တာကို လုံးဝမဖြေပေးဘူး။ အဲဒီ မေးခွန်းကိုကျော်သွားတယ်’’ဟု ဦးသီဟစောက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဒီဇင်ဘာ ၂ ရက်ကနှစ်ဦး တည်းသီးသန့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုရလဒ်အဖြစ် နှစ် ဖက်သဘောတူညီမှုကို သတင်း ထုတ်ပြန်ရာတွင် ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုး မိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအသစ်ဖွဲ့စည်းပြီးေ နာက် ပိုင်း တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များ ယခုကဲ့သို့တွေ့ဆုံမှုသည် ပထမ ဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီတွေ့ ဆုံမှုတွင် တပ်မတော်ဆိုင်ရာ သ တင်းရယူရေးပိုမိုအဆင်ပြေရန် ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံး က သတင်းထုတ်ပြန်သည်။

ထို့အပြင် သတင်းများရေး သားရာတွင် တပ်မတော်ဟု သုံး နှုန်းစေလို ကြောင်း၊ တိကျစွာဖော် ပြစေလိုကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။

‘‘တိကျစေချင်တယ်၊ ဒါ ဆို မေးခွန်းမေးတယ်။ ဘယ်လိုဖြေ မလဲဆိုတော့ တိတိကျကျမပြော လိုက်ဘူး။ မေးပါ၊ သတင်းမီဒီယာ ကောင်စီက တစ်ဆင့်မေးပါ။တင် ပြပြီး အပေါ်ကဖြေလို့ရရင် ဖြေ ပေးပါမယ်။ ငါတို့လိုချင်တာက အခုသွားမေး။ အခုဖြေ၊ အဲဒါမျိုး တော့ သူတို့လုံးဝအာမမခံထား ဘူး’’ဟု ဦးသီဟစောက ဆိုသည်။

လက်ရှိတပ်မတော်ကထုတ် ဝေနေသည့် မြ၀တီ၊ ရတနာပုံသ တင်းစာတို့သည် ဒီမိုကရေစီမဆန် သည့်အတွက် ပြင်ဆင်သင့်သည် ဟုပြောကြားရာ တပ်မတော်ဘက် က ပြင်ဆင်ရန်ဆောင်ရွက်မည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List