Friday, January 29, 2016

လွှတ်တော်ခေါင်းဆောင်များ အမည်စာရင်း တရားဝင်ထုတ်ပြန်


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက ရွေးချယ်တာဝန်ပေးမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများအမည်စာရင်းကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ လာမည့် သက်တမ်း ငါးနှစ် အတွက် အစိုးရသစ်ဖွဲ့စည်းရေး၊ နိုင်ငံတော် သမ္မတရွေးချယ်တင် မြှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစီးဆောင်ရွက် ရမည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အာ ဇာနည်ခေါင်းဆောင်ကြီး မန်းဘ ခိုင်၏ မြေးဖြစ်သူ NLD ပါတီမှ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ရခိုင် အမျိုးသားပါတီမှ ဦးအေးသာ အောင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် NLD ပါတီမှ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုး ပါတီမှ ဦးတီခွန်မြတ်တို့အား ရွေး ချယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
ဒုတိယအကြိမ်လွှတ်တော် သက်တမ်းတွင် တာဝန်ထမ်း ဆောင်မည့် NLD ပါတီကိုယ်စား ပြုလွှတ်တော်ကိုယ်စားလှယ်များ အား ဇန်န၀ါရီ ၂၈ ရက် နံနက် ပိုင်းက ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအမှာစကားပြောကြားရာ တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

‘‘လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်တာ လုပ်ပြီးမှဖြစ်မှာပါ။ ဒါ ကြောင့် အခုတော့ ဒါနဲ့ပတ်သက် လို့ ဘာမှ ပြောစရာမရှိသေးဘူး’’ ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအ ဖြစ် လျာထားသတ်မှတ်ခံရသူ ဦးဝင်းမြင့်က ပြောသည်။

ထို့အပြင် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ လက်ရှိတွင် အထူးတလည်ပြောဆို ရန် မရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအ ဖြစ် လျာထားခံရသူ ဦးမန်းဝင်း ခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ဦးအေးသာ အောင်တို့က ပြောသည်။

‘‘ဒီမနက်ပဲ ဒီကိစ္စကို ပြောပါ တယ်။ ဒါတွေက လွှတ်တော်အ သစ်စတဲ့ အချိန်ကျမှ အားလုံးလုပ် ထုံးလုပ်နည်းအတိုင်း လုပ်သွားမှာ ဖြစ်တယ်။ ရွေးချယ်ခံရတဲ့အပေါ် မှာ ဘာမှ ပြောစရာမရှိပါဘူး။ ဘာလို့လဲဆို ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဟာ လွှတ်တော်အင် အားရှိမှဖြစ်တာ။ လွှတ်တော် အင်အားရှိဖို့ ပြည်သူတွေရဲ့ ဆန္ဒ နဲ့အညီဝိုင်းဝန်းဆောင်ရွက် သွားဖို့ပဲရှိပါတယ်။ တခြားပြောစရာ တော့ မရှိပါဘူး’’ဟု ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌအဖြစ် လျာ ထားရွေးချယ်ခံထားရသူ လက်ရှိ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။

ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့ နယ်၌ အနိုင်ရခဲ့ပြီး ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် တာ မွေမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သည်။ က ချင်တိုင်းရင်းသား ဦးတီခွန်မြတ်သည် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံ တစ် ဦးဖြစ်ကာ ရှေ့နေချုပ်ရုံးတွင်ညွှန် ကြားရေးမှူးတာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။ ထို့အပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး ကွတ်ခိုင်မြို့၏ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းဖြစ်ကာ ၂၀၁၀ နှင့် ၂၀၁၅ရွေးကောက်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦး မန်းဝင်းခိုင်သန်းသည် ကရင်ပြည် နယ်မဲဆန္ဒနယ်အမတ် (၈) မှ ဒီ ချုပ်ကိုယ်စားပြု အနိုင်ရခဲ့ကာ ၎င်း၏ မိခင်ဒေါ်နန့်ခင်ဌေးရီခိုင်သည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်နှင့် ဒေါ်အေးလုံတို့၏ သားသမီးရှစ်ဦးအနက် ဒုတိယမြောက်သမီးကြီး ဖြစ်သည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၏ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်သည် ရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်အမှတ် (၆) မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ရှည်ကြာ သော ဆက်ဆံရေးရှိ ခဲ့ကာ ၁၉၇၀ ကပင် နိုင်ငံရေး နယ်ပယ် ထဲသို့ ၀င်ရောက်ခဲ့သူဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List