Tuesday, September 01, 2015

NLD ကိုယ်စားလှယ် လောင်းများ ပယ်ချခံရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်း ၆ဦးကို သက်ဆိုင်ရာခရိုင်အဆင့်ရွေးကောက် ပွဲ ကော်မရှင်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ NLD အနေနဲ့ အဆင့်ဆင့် စိစစ်ပြီးမှ ကိုယ်စားလှယ်လောင်း ၁၃၀၀ ကျော်ကို တင်သွားခဲ့တာ ဖြစ်လို့ ဒီကိစ္စကို အယူခံသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာအယူခံ ခွင့်ရှိပြီး ထွက်လာမယ့် အဖြေဟာ နောက်ဆုံးအတည်ဖြစ်ပါတယ်။

အဲဒီ ကိုယ်စားလှယ် လောင်းတွေ အပယ်ခံရရင်တော့ သူတို့နေရာမှာ အစားထိုး ခန့်ထားခွင့် မရှိတာကြောင့် အဲဒီဒေသတွေမှာ ပါတီတွေ အနေနဲ့ ၀င်ပြိုင်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

လွတ်တော် ကိုယ်စားလှယ် လောင်း ၆၁၈၉ ဦး အမည်စာရင်း တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် လောင်း စီစစ်ခြင်းကို သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့မှ ဆောင်ရွက်နေပြီး စီစစ်ပြီးပါက ကိုယ်စားလှယ်လောင်းအမည်စာ ရင်းတွေကို အတည်ပြု ကြေညာသွားမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဆိုပါတယ်။

မဲစာရင်းတွေကို စက်တင်ဘာလလယ်မှာ  ကြေညာမှာဖြစ်ပြီး ၁၄ရက် ကပ်ထားကြေညာမှာဖြစ်ပြီး ရက် ပေါင်း ၁၈၀ ကျော်လွန်နေထိုင်သူတွေအနေနဲ့ ပုံစံ ၃(က)နဲ့ လျှောက်ထားနိုင်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ရေဘေးသင့်ဒေသက ပြည်သူတွေအနေနဲ့ မှတ်ပုံတင်ကတ်တွေ ၊ အခြားသက်သေခံကတ်တွေ၊ အိမ်ထောင်စုစာရင်းများ ပျက်စီးပျောက်ဆုံးတာတွေရှိတဲ့အတွက် အလွယ်တကူမဲပေးနိုင်အောင် သက်သေခံ လက်မှတ်များထုတ်ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List