Monday, August 31, 2015

လက်ရှိ ဖမ်းမိထားတဲ့ ဘန်ကောက်ဗုံးခွဲမှု တရားခံအဖြစ် သံသယရှိသူ လူမှောင်ခိုဂိုဏ်းဝင် ဖြစ်ခဲ့ဖူးတယ်လို့ ထိုင်းရဲပြော


လူနှစ်ဆယ်လောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘန်ကောက်မြို့ရဲ့ ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တဲ့သူ တစ်ဦး အဖြစ် သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သူဟာ လူမှောင်ခိုဂိုဏ်သားတစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ကြေညာခဲ့ပြီး စစ်ဆေးမေးမြန်းမှု တွေကိုတော့ ဖြေဆိုခြင်း မရှိသေးဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောကြားလိုက်တယ်လို့ CAN သတင်းဌာနမှာ ဖော်ပြထား ပါတယ်။


စနေနေ့ မနက်အစောပိုင်းက ဘန်ကောက်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက တိုက်ခန်းတစ်ခုမှာ ထိုင်းရဲတပ် ဖွဲ့က အသက် ၂၈ နှစ်အရွယ် နိုင်ငံခြားသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူဟာ ဘယ်နိုင်ငံကလဲ ဆိုတာနဲ့ ဘယ် သူလဲ ဆိုတာကို အခုအချိန်အထိ မသိရသေးပါဘူး။

“စစ်ဆေးမေးမြန်းတာက တိုးတက်မှုမရှိ ဖြစ်နေပါတယ်။ သံသယရှိသူက တကယ်အသုံးဝင်မယ့် အချက်အ လက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိလို့ပါ။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် စစ်ဆေးမေးမြန်းမှုတွေ ထပ်လုပ်ဖို့ လိုနေသေးပြီးသူ အခုထက် ပိုနားလည်လာအောင်လည်း လုပ်ရပါဦးမယ်။ ဒါမှ သူက အခုထက်ပို ပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာမှာပါ” လို့ ဗိုလ်ချုပ်ကြီး အူဒုံဒေ့ဂ်ျဆီတာဘတ်ရ်က ပြောပါတယ်။

အခု ဖမ်းဆီးရမိထားတဲ့သူဟာ လူမှောင်ခိုဂိုဏ်းသား တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက် လာသူတွေ အတွက် စာရွက်စာတမ်းတွေ အတုပြုလုပ်ပေးတဲ့ သူလို့ ယူဆရပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ မကြာသေး ခင်က ပြုလုပ်ခဲ့တဲ့ လူမှောင်ခိုဂိုဏ်း နှိမ်နင်းတာကို မကျေနပ်လို့ ဗုံးခွဲတိုက်ခိုက်ကာ လက်စားချေတာဖြစ်နိုင် တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အခု ဖမ်းဆီးရမိထားတဲ့သူဟာ လုံခြုံရေးကင်မရာ ကနေတစ်ဆင့် မြင်တွေ့လိုက်ရတဲ့ အဓိက သံသယရှိသူ ဟုတ်မဟုတ် ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

The Voice Weekly

No comments:

Post a Comment

My Blog List