Monday, August 31, 2015

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံကွင်း ပြုပြင်မည်


ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် ယခင်နှစ်က မိုးရွာ၍ ကွင်းအတွင်း ရွှံ့ဗွက်များ ခဲ့သောကြောင့် မီးပုံးပျံပြိုင်ပွဲဝင် ပရိသတ်များ အဆင်မပြေမှု ရှိခဲ့သဖြင့် ယခုနှစ်တွင်မီးပုံးပျံလွှတ်ကွင်းအတွင်း မြေအကြမ်း ထည်ကွန်ကရစ် ခင်းခြင်းနှင့် ပရိသတ်ကြည့်ရှုရန် ပွဲကြည့်စဉ်အ သစ်များ ဆောက်လုပ်မည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော် မတီမှ သတင်းရရှိသည်။

၂၀၁၅ ပြင်ဦးလွင်တန် ဆောင်တိုင်မီးပုံးပျံပွဲတွင် မိုးရွာ လျှင် ကွင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်း များ၊ မီးပုံးပျံလွှတ် ကွင်း အတွင်းမြေအကြမ်း ထည် ကွန်ကရစ်ခင်းခြင်းနှင့် အဆင့် နှစ်ဆင့်ပါရှိသော ၅၂၅ ပေ အရှည် ရှိသည့် ပွဲကြည့်စင်အသစ် ထပ် မံဆောက်လုပ်ခြင်းတို့ ပြုလုပ်မည်ဖြစ် ကြောင်း ပွဲတော်ကျင်း ပရန် ကွင်း ပြင်ဆင်မှုအပိုင်းကို တာဝန်ယူထားသည့် ဦးစိန်လွင်က ပြော သည်။

‘‘ဒီနှစ်မှာ မီးပုံးပျံပြိုင်ပွဲဝင် အသင်းတွေ အဆင်ပြေအောင် လွှတ်ကွင်းထဲမှာ ကွန်ကရစ်ခင်းမယ်။ မီးပုံးပျံ လွှတ်တဲ့အဖွဲ့တွေ သူ့အဖွဲ့နဲ့သူ မဆိုင်သူတွေ ဝင်လို့ မရအောင် သံပန်းသံဆန်ခါတွေ ခတ်မယ်။ အဓိကက လုံခြုံရေးအ တွက်ပေါ့။ အရင်နှစ်တွေက ပရိ သတ်တွေက ဒီလိုပဲ မြေကုန်းကမူ ပေါ်မှာ ထိုင်ကြည့်ရတဲ့အ တွက် ပင်မပွဲကြည့်စင်ကိုလည်း ထပ်ချဲ့ မယ်။ နောက်မျက် နှာချင်းဆိုင် တစ်ဖက်မှာလည်း ပွဲကြည့်စင်အ သစ်တွေ ထပ်ဆောက်ပေး မယ်။ ကျွန်တော်တို့မိုးကာတော့ မိုးပေး လို့မရဘူး။ မီးပုံးပျံလွှတ်တဲ့လေ လမ်း ကြောင်းရှိလို့ပါ’’ဟု ကွင်းပြင်ဆင်မှုအပိုင်းတာဝန်ယူထားသည့် တာဝန်ခံ ဦးစိန်လွင်က ပြောသည်။

၂၀၁၅ နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အတွင်း ကျင်းပမည့် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲ တွင် ရာသီ ဥတုအန္တရာယ် ကာကွယ်ပြီး ကွင်းအားနည်းချက်များကို အဆင့်မြှင့် ပြင်ဆင်ထားသည့်အတွက် ယခင်နှစ် များထက် ကုန်ကျစရိတ် ပိုမိုများပြားခဲ့ကာ အောက်တိုဘာတွင် ကွင်းပြင်ဆင်မှုအပိုင်း အပြီးသတ်ဆောင် ရွက်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

‘‘ကျွန်တော်တို့ကွင်းထဲမှာ နေရာယူရတော့ ပါဖောမန့်အက အလှတွေတင်ဆက်ရတာ ဗွက်ထတော့ အဆင် မပြေဘူးပေါ့။ ကျွန်တော်တို့ပြိုင်တဲ့ အဖွဲ့တွေက လယ်ကွက်ထဲမှာ လယ်ထွန်ရင်း မီးပုံးပျံဝင်ပြိုင်နေရသလိုပဲ။
ရွှံ့ ဗွက်ထဲမှာ ဖိနပ်ဗလာနဲ့ အကြိတ် အနယ်ပြိုင်ရ၊ ကကြရတာပဲ။ မိုး ရွာရင် မီးပုံးပျံကိုယ်ထည်နဲ့ ယမ်း စင်တွေ ရေမစိုအောင်လည်း ဂရု စိုက်လုပ်ရ သေးတယ်ဗျာ။ မြင် ယောင်သာကြည့်လိုက်တော့ဗျာ’’ ဟု မီးပုံးပျံပြိုင်ပွဲ သုံးနှစ်ဆက်တိုက်ပထမဆုရရှိခဲ့သည့် ရှမ်းတောင်သူညမီးကျည်အသင်း တာဝန်ခံ ကို အိုက်ဦး က ဆိုသည်။

၂၀၁၅ တွင် ကျင်းပသည့် ပြင်ဦးလွင်   တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲသည်  (၁၁)ကြိမ် မြောက်ဖြစ်ပြီး နေ့ အလှပြအရုပ် များနှင့်မီးပုံးပျံစုစုပေါင်းနှစ်စဉ် အလုံးရေတစ်ရာကျော် ပြိုင်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List