Thursday, September 03, 2015

မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင်မတူညီသည့် ကိုးကွယ်ယုံကြည်မှု အပေါ် ထိခိုက်နစ်နာစေမည့်ကိစ္စရပ်များ မပေါ်ပေါက်စေရေး အထူး သတိပြုရန် သမ္မတ ပြောကြား


ရွေးကောက်ပွဲကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းစဉ်များသည် နိုင်ငံ၏လူမှု သဟဇာတဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်နစ် နာစေမည့်ကိစ္စရပ်များ မပေါ်ပေါက်စေရန် အထူးသတိပြုရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ၏လစဉ်ရေ ဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့ သည်။

''အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ နိုင်ငံသားအချင်းချင်းစည်းလုံး ညီညွတ်မှု ပျက်ပြားစေမယ့် လှုံ့ဆော် ဟောပြောမှုတွေမပေါ်ပေါက်စေဖို့ နိုင်ငံ ရေးပါတီများအနေနဲ့ အထူး တာဝန်ယူ စောင့်စည်းကြဖို့တိုက်တွန်း ပြောကြား လိုပါတယ်။ 

တစ်ဆက်တည်းမှာပဲ နိုင်ငံ ရေးအင်အားစုအချင်းချင်းပြစ်တင်ဝေ ဖန်ရှုတ်ချစွပ်စွဲပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပျက်ပြားစေမယ့်ဟော ပြောစည်းရုံးမှုတွေအစား မိမိတို့ကိုယ် စားပြုမယ့်ပြည်သူတွေ ရဲ့အနာဂတ် အိပ်မက်တွေဖြစ်တဲ့ မြန်မာနိုင်ငံသစ် အတွက်ရည်မှန်းချက်တွေ လုပ်ငန်းစဉ် တွေပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုတွေဖြစ် စေဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ အ ထူးသဖြင့်တော့ကိုယ်စားပြုမှု ကိုယ်စီ အခိုင်အမာရှိကြတဲ့ နိုင်ငံရေးအင်အား စုအသီးသီးဟာစေ့စပ်ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေး မှုဆက်လက် ရှင်သန်နေစေဖို့ ကြိုးပမ်း ရမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။

ထို့ပြင်အစိုးရအဖွဲ့ အနေနှင့် လည်း အုပ်ချုပ်ရေးကဏ္ဍ၏လုပ်ပိုင်ခွင့် ဘောင် အတွင်းကနေ သန့်ရှင်းလွတ် လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲများဖြစ်စေဖို့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မတိုင် မီနှင့် ရွေးကောက်ပွဲအပြီး ကြားကာလများ၏ နိုင်ငံရေးတည်ငြိမ်မှုရှိစေပြီး ပြည်သူလူ ထု၏မဲဆန္ဒများ နှင့် အညီပေါ်ပေါက် လာမည့် နိုင်ငံရေးအခင်း အကျင်းသစ်တစ်ရပ်ကို ညင်သာစွာအသွင်ကူးပြောင်း နိုင်စေ ရန်လည်း ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူ့အ ဖွဲ့အစည်းများ နှင့် နိုင်ငံတကာလေ့ လာရေးအဖွဲ့အစည်းများကိုလည်း ရွေး ကောက်ပွဲဖြစ် စဉ်များ လေ့လာစောင့် ကြည့်နိုင်ဖို့ ဆောင်ရွက်ထား ကြောင်း လည်း တစ်ဆက်တည်း အသိပေးပြော ကြားအပ်ပါသည်ဟု ရေဒီယိုမိန့်ခွန်း တွင်ပြောကြားခဲ့သည်။

''ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံး ရေးလုပ်တဲ့အခါမှာအခက်အခဲမဖြစ် အောင်နိုင်ငံရေးပါတီတွေ အားလုံး သဘောတူထားပြီးသားပါ။ ဒီသဘော တူညီချက်တွေကို ပါတီတွေအနေ နဲ့ လိုက်နာဆောင်ရွက်ကြရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး''ဟု ဖက်ဒရယ်ပြည်ထောင် စုပါတီမှ ဒုတိယဥက္ကဋ္ဌ(၁)ဦးစောသန်း မြင့်ကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ်ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံ ရေးဆွေးနွေးပွဲများကို အမြန်ဆုံး စတင် နိုင်ဖို့လိုအပ်ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များမှလည်း အပစ်ရပ် စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြ ဖို့ ဖိတ်ခေါ်ပါသည်ဟု ပြောကြားခဲ့သည်။

‪#‎YangonTimesJournal‬

No comments:

Post a Comment

My Blog List