Tuesday, September 01, 2015

ပြည်သူများရဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားဒီစကား


“ရှင်းရှင်းလေးပဲ ပြည်သူတွေက လွတ်လပ်မှုနဲ့လုံခြုံမှုကိုလိုချင်တယ်။ ကျွန်မ ဒါကို ပြည်သူတွေနဲ့ ဆွေးနွေးပြီးတော့စကား ပြောကြည့်တဲ့ အခါကြရင် ပြော တာကအမျိုးမျိုးဘဲ ဒါပေမယ့် အားလုံးကို ခြုံငုံကြည့်လိုက်ရင် ပြည်သူတွေက လွတ်လပ်မှု နဲ့၊ လုံခြုံမှုကိုလိုချင်တယ်။ 

လွတ်လပ်မှုဆိုတာက လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဘ၀ကို ထူထောင်ပိုင်ခွင့်ကိုပြောတာလွတ်လွတ် လပ်လပ်နဲ့ လူများကို အနိုင်ကျင့်ပိုင်ခွင့်ကိုပြောတာမဟုတ်ပါဘူး။

လုံလုံခြုံခြုံနဲ့ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် ထူထောင်ပိုင်ခွင့်ကို လိုချင်ကြတယ်။ လုံလုံခြုံခြုံဆိုတာ ဘေးကနေ ပြီး ဖမ်စီးချုပ်နှောင်တာကို ပြောတာ မဟုတ်ပါဘူး။ ဥပဒေရဲ့ အကာအကွယ်အရ လုံခြုံမှုရှိတာကိုပြောတာပါ။ ကျွန်မ သိပ်လိုချင်တာဘဲ အဲ့တော့ တစ်ခြားပြည်သူတွေလဲလိုချင်ကြ တာပဲ။

ကျွန်မကဆိုလို့ရှိရင် လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုတာဟာ နိုင်ငံသူနိုင်ငံသား တိုင်းရဲ့ ရပိုင်ခွင့်လို့ ကျွန်မဒီလိုဘဲမြင်တယ်။ အားလုံးကိုတန်းတူညီတူ အကာအကွယ်ပေးရမယ်။ တာဝန်ယူမှုဆိုတာအဲ့တာပဲ ဒါကြောင့်မိုလို့ တာဝန်ယူမယ့် အစိုးရတစ်ခု တက်လာ ရေးအတွက် ပြည်သူများဟာ ကူညီကြပါ၊

ကျွန်မ ပွင့်ပွင့်လင်းလင်းပြောမယ် NLD ကိုမဲပေးပါ။ NLD ကိုယ်စားလှယ်တွေကို လုံဝမျက်နှာမကြည့်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးတော့ ဘယ်စနစ်ကို ဒီနိုင်ငံမှာ ကျင့် သုံးသွားမယ်ဆိုတာ ကိုယ်စားလှယ်တစ်ယောက်ခြင်း တစ်ယောက်ခြင်းက ဆုံးဖြတ်မှာမဟုတ်ဘူး။ 
အဖွဲ့ချုပ်ရဲ့မူဝါဒများအရကျွန်မတို့ဟာချမှတ်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်
ဇမ္ဗ္ဗူသီရိမြို့နယ်
NLD Chairperson

No comments:

Post a Comment

My Blog List