Tuesday, September 01, 2015

“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောကြား ဒီစကား


“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး ကျွန်မရှင်းပြပါစေ၊ ကျွန်မကဆိုလို့ရှိရင် ကျွန်မရဲ့ပါတီအတွက်စည်းရုံး ပိုင်ခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ ပါတီခေါင်းဆောင်ဖြစ်လို့ပါ။ဒီကိစ္စတွေကို ကျွန်မတို့ဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ သေသေခြာခြာ ရှင်းထားပြီးသားပါ။ ကျွန်မတို့စောစောကပြောတဲ့အတိုင်းပဲ ကျွန်မတို့ဟာ ဥပဒေဘောင်အတွင်းကနေပြီးတော့ လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဥပဒေတွေဟာတစ်ခါတစ်လေ တရားမျှတမှုမရှိလို့ရှိရင်တောင်မှကျွန်မတို့ဟာ ဒီဥပဒေတွေကို ပြုပြင်ပြောင်း လဲဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဒီဥပဒေတွေ တည်စဲဖြစ်သမျှတော့ ဥပဒေဘောင်အတွင်းကနေပြီးတော့ လှုပ်ရှား ဖို့ ကျွန် မတို့ကြိုးစားသွားတယ်။ ဒါဟာနိုင်ငံ့ရဲ့တည်ငြိမ်ရေး၊ ပြည်သူလူထုမထိခိုက်ရေးအတွက်ဘဲဖြစ်တယ်။ အဲ့တော့ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပါတ်သက်လို့ ဆိုလို့ရှိလို့ရှိရင် အကြမ်းပျင်းအားဖြင့် ကျွန်မတို့ ၂ မျိုးခွဲ ပြီးတော့ ကြည့်ရပါလိမ့်မယ်။

ပါတီအတွက် မဲဆွယ်တာ ကျွန်မဟာဆိုလို့ရှိရင် ပါတီအတွက်မဲဆွယ်တယ်။ ဒါပေမဲ့ကိုယ်စားလှယ်တစ်ဦး ချင်းအတွက် မဲဆွယ်ချင်းဆိုတာဟာ စက်တင် ဘာလ ၈ ရက်နေ့မှ စပြီးတော့လုပ်ရမှာပါ။ စက်တင်ဘာလ ၈ ရက်နေ့နောက် ပိုင်းဆိုဆိုတာဟာ စက်တင်ဘာလ ၉ ရက်နေ့ဆို ပါတော့ စပြီ စည်းရုံးခွင့်ရှိ ပါတယ်။

အဲ့ဒီမတိုင်ခင်လုပ်နေတဲ့သူတွေဟာ ဥပဒေကို ချိုးဖောက်နေတာပါ။ အမှန် ပြောရရင် ကျွန်မဒီမြို့နယ်မှာ နောက်အရွေးခံမယ့်ကိုယ်စားလှယ်ဆိုရင် ကျွန်မလိုက်မလာရဘူးလို့ ပြောတယ်။ 

ကျွန်မဒီမြို့နယ်မှာသွားပြီးတော့ စည်းရုံးရေးလုပ်ရင် လိုက်မလာ ရဘူး။ လိုက်လာလို့ရှိလို့ရှိရင် ပြောစရာ ထောက်စရာဖြစ်မှာဆိုးလို့ ဒီအချိန်မှာ ကျွန်မ ဘယ်ကိုယ်စားလှယ်တစ်ဦး တစ်ယောက်အတွက်မှ မဲမဆွယ် ဘူး။ နောက်လဲဆွယ်မှာ မဟုတ်ပါဘူး ပါတီအတွက်ပဲ မဲဆွယ်မှာဘဲ ဘယ်ကိုယ်စားလှယ်တစ်ဦးတစ် ယောက်အတွက်မှ မဲနိုင်ချင်လို့ ကျွန်မလုပ်နေတာမဟုတ်ဘူး။ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ပြည်သူ့ရဲ့ထောက် ခံမှုရချင်လို့ လုပ်နေတာဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်
ဇမ္ဗ္ဗူသီရိမြို့နယ်
နေပြည်တော်
NLD Chairperson

No comments:

Post a Comment

My Blog List