Tuesday, September 01, 2015

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်နယ်များတွင်ေ ရွးကောက်ပွဲ အသိပညာပေးေ ဟာပြောပွဲများပြန်လည်စတင်မည်ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်နယ်များတွင် ရွေးကောက်ပွဲ အသိပညာ ပေးဟောပြောပွဲများပြန်လည်စတင် ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အဆိုပါရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲများ၊ စက်တင်ဘာ ၅ ရက်တွင် ရှမ်းပြည် နယ်တောင် ပိုင်းမြို့၌ စတင်ပြုလုပ်မည်ဖြစ်သည်။ ထို့နောက်ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်မြောက် ပိုင်းခရီးစဉ်များကို ဆက်လက်သွား ရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်က ပြော သည်။

''စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် လောက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ကတောင်ကြီးမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်း၊ ဆီဆိုင် တို့မှာဟောပြောပါမယ်။ အဲဒီခရီးစဉ် ပြီးရင် ကယားပြည်နယ်ဘက်ကို သွားမယ်။ အဲဒီနောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်တွေလဲ ရှိပါတယ်''ဟု ဦးဝင်းထိန် က ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းခရီး စဉ်အား ယခင်ကသြဂုတ် ၁၄ရက် တွင် သွားရောက်ရန်စီစဉ်ခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ် ရွှေ့ဆိုင်းထားခဲ့ရသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင်၏မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာသတ်မှတ်ချက်တွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများစိစစ်ပြီး အတည်ပြုထုတ်ပြန်သည့်နေ့ရက်မှ စတင်ကာ ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် မဲဆွယ်စည်း ရုံးခွင့်ရှိသည်ဟုဆို ခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောမှုအနေ ဖြင့်သာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

YM
#DemocracyToday 

No comments:

Post a Comment

My Blog List