Thursday, September 03, 2015

ဘန်ကောက် ဗုံးကွဲမှုနှင့် ပတ်သက်၍ ထိုင်းရှိ ၀ိဂါများကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေ


ဘန်ကောက် ဗုံးပေါက်ကွဲမှုတွင် ၀ိဂါ အစွန်းရောက်များ ပါဝင်ပတ်သက်နေသည့် အလားအလာများ တွေ့ရ ပြီး နောက် ထိုင်းနိုင်ငံတွင် နေထိုင်သည့် ၀ိဂါလူမျိုး ၃ ထောင်ခန့်ကို အာဏာပိုင်တို့ က စောင့်ကြည့် နေကြာင်း Bangkok Post သတင်းတွင် ရေးသားထားသည်။

အဆိုပါ ထိုင်းနိုင်ငံရှိ ၀ိဂါများမှာ တရုတ် သို့မဟုတ် တူရကီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားပြီး၊ ထိုသူ များ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန်၊ ၀ိဂါ အသိုင်းအ၀န်းအတွင်း မှ နိုင်ငံကူးလက်မှတ် အတုပြုလုပ်မှု၊ လူကုန်ကူးမှုများကို ရှာဖွေတင်ပြရန် ထိုင်းရဲတပ်ဖွဲ ဒုတိယအကြီးအကဲ Chakthip Chaijinda က ရာဇ၀တ်မှု နိုမ်နင်းရေးဌာန(CSD)ကို အမိန့်ပေးထားကြောင်း သိရသည်။

ယခုဗုံးပေါက်ကွဲမှုသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း တရုတ်ပြည်မှ ထွက်ပြေးလာသည့် ၀ိဂါမွတ်ဆလင် ၁၀၉ ဦးကို တရုတ် ပြည်သို့ ပြန်လည် ပို့ဆောင်မှုနှင့် ပတ်သက်နေသည်ဟု ယူဆပြီး ၊ ထိုစဉ်ကလည်း ၀ိဂါအရေးနှင့် ပတ်သက်၍ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခဲ့ရသည်။

ထို့အတွက် ဘန်ကောက်ဗုံးကွဲမှုမှာ ၀ိဂါအစွန်းရောက်များ၏ လက်စားချေခြင်းဟုထိုင်းရဲတပ်ဖွဲ့က စောစော ပိုင်းကတည်းက ယူဆခဲ့သော်လည်း လက်ရှိရရှိထားသည့် သက်သေအထောက်အထားများကတော့ ကောက်ချက်ချဖို့ လိုသေးသည်ဟု အမျိုးသား လုံခြုံရေးကောင်စီ အတွင်ရေးမှူး Anusit Kunakorn ကဆို သည်။

ယခုနောက်ဆုံး ကမ္ဘောဒီးယား နယ်စပ်တွင် ဖမ်းဆီးရမိသူကို ဘန်ကောက်မြို့ရှိ အမှတ် ၁၁ စစ်ဌာနချုပ် တွင် စုံစမ်းမေးမြန်းမှုပြုလုပ်နေပြီး ဧရာဝဏ် နတ်ကွန်း အနီး ဗုံးခွဲသူဟု ယုံကြည်နေသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List