Tuesday, September 01, 2015

မြန်မာနိုင်ငံအနှံ့ မျိုးစောင့်ဥပဒေ အောင်ပွဲ အထိမ်းအမှတ် ကမ်းပိန်း ပြုလုပ်မည်ဟု ဦးဝီရသူဆို


မြန်မာနိုင်ငံ အနှံအပြားတွင် မျိုးစောင့်ဥပဒေ အောင်ပွဲအထိမ်းအမှတ် ကမ်းပိန်းပြုလုပ် သွားမည်ဖြစ်ကြောင်း မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ မျိုးစောင့် ဥပဒေအား ပြည်ထောင်စု လွှတ်တော် က အတည်ပြု သတ်မှတ် ပေးခဲ့သည့် နောက်ပိုင်းတွင် အောင်ပွဲ အထိမ်းအမှတ် အဖြစ် နိုင်ငံအနှံတွင် ကမ်း ပိန်း ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

““မျိုးစောင့် ဥပဒေ ရရှိရေးအတွက် ၀ိုင်ဝန်းကြိုးစားခဲ့တဲ့ သူတွေကို ဂုဏ်ပြုကြောင်းနဲ့ စကြိုးစားခဲ့တဲ့ အကြောင်း အချင်းအရာတွေကို စာအုပ်အဖြစ် ရိုက်ပြီး ဝေငှသွားမယ် ရန်ကုန် မှာလည်း ဒါနဲ့ပတ်သက်ပြီး ခမ်းခမ်းနားနားလုပ် သွားဖို့ရှိပါတယ်””ဟု ဆရာတော်က မိန့်ကြားသည်။

ကမ်းပိန်းအား တိုင်းနှင့်ပြည်နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မျိုးစောင့် ဥပဒေအား စာအုပ်တစ်သိန်း ကျော် ရိုက်နှိပ်ကာ ဝေငှသွားမည်ဖြစ်ပြီး စီဒီခွေများကိုလည်း ဝေငှသွားမည် ဖြစ်သည်။

၎င်းအစီအစဉ်အား တော်သလင်းလဆန်း တစ်ရက်နေ့မှ တော်သလင်း လပြည့်နေ့အထိ တပြိုက်နက်ထဲ ပြုလုပ်သွားမည် ဖြစ်သည်။

““ ဦးဇင်းအနေနဲ့ ရေဘေးပြန်လည် ထူထောင်ရေးကိုလည်း ကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခုလည်း မတည် ငွေတွေ ရရှိနေပါပြီ ဆက်လက် လုပ်ဆောင် ဖို့ပဲရှိပါတော့တယ်””ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအား ပြန်လည် ထူထောင်ရန်အတွက် ကော်မတီအား သြဂုတ်လ (၃၁)ရက်နေ့တွင် ဖွဲ့စည်းပြီး မတည်အလှူငွေ အဖြစ် သိန်း (၁၅၀၀) ကျော်ရရှိခဲ့ပြီ ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment

My Blog List