ဘန်ကောက်ဗုံးခွဲမှု မှာ အဓိက သံသယရှိသူအဖြစ် ဖမ်းမိထားသူရဲ့ လက်ဗွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခန်းတခုအတွင်းမှာ တွေ့ရှိခဲ့တဲ့ ဗုံးတည်ဆောက်ရေး ကိရိယာတွေမှာ တွေ့ရတဲ့ လက်ဗွေနဲ့ တူနေ ကြောင်း ထိုင်းရဲတွေက ပြောကြားလိုက်ပါတယ်။
အဆိုပါ သံသယရှိသူဟာ လူသူအရောက် အပေါက်နည်းတဲ့ ကမ္ဘောဒီယားနယ်စပ်ကို ဖြတ်ကျော်ဖို့ အသွား ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ထိုင်း မူဆလင်အမျိုးသမီး Wanna Suansan ရဲ့ အမျိုးသားတူရကီလူမျိုးကိုလည်း ထိုင်းရဲက ဖမ်းဝရမ်းထုတ် လိုက်ကြောင်း Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒါဟာ သံသယရှိသူအဖြစ် ဖမ်းဆီးတာ ၈ ယောက်မြောက် ဖြစ်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့မှာ ဘန်ကောက်မြို့လည် ဧရာဝဏ်နတ်ကွန်းမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ပြီး ရာနဲ့ ချီ ဒဏ်ရာ ရခဲ့ပါတယ်။
ABC

No comments:
Post a Comment