Tuesday, September 01, 2015

ည်တော်အနီးရှိ ဆင်စခန်းပို့


ဆင်ခြောက်ကောင်ထဲမှ အုပ်စုကွဲကျန်ခဲ့သည့် ဆင်ငယ်လေးကို မိသားစုနှင့်ပြန်ပေါင်းမ ပေးတော့ဘဲ မင်္ဂလာအချိန်ရွေးကာ သြဂုတ် ၃၁ ရက် နံနက် ၉ နာရီ ၂၇ မိနစ်က နေပြည်တော်အနီးရှိ ဆင်စခန်းတစ်ခု သို့ ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ် မြေအတွင်း တပ်ကုန်းအနီးရှိ ကင်းသာဆင် စခန်းသို့ ပို့လိုက်ခြင်းဖြစ် သည်ဟု ညောင်ဦးမြို့နယ်သစ် တောဦးစီးအရာရှိ က ပြောသည်။

‘‘ဒီနေ့ မနက်ခင်း ၉ နာရီ ၂၇ က စသယ်သွားတာ။ အချိန်ကိုက် တွက်ချက်ပြီး ခေါ်သွားတာ။ ကိုးနဝင်းနဲ့ တွက်ချက်ပြီး။ သူ့မိသားစု နဲ့မပေါင်းတော့တာက သူတို့က အုပ်စုလိုက်လာပေမယ့် ဘာကြောင့်ထားခဲ့ သလဲ မသိဘူး။ အခု အနေအထားကျမှ ပြန်ပေါင်းပေး မယ်ဆိုရင်လည်း ဟိုဘက်အဖွဲ့က လက်ခံမှာမဟုတ်ဘူး။ ဒါသဘာဝ အရ။ အဲဒီလို ပြန်ပို့တာထက်စာ ရင် ကင်းသာဆင်စခန်းမှာ ထားတာက သူ့အတွက်ပိုပြီး အန္တရာယ် ကင်းတယ်’’ဟု ၎င်းက ပြောသည်။ဆင်ငယ်မှာ အသက်(၄)နှစ် ခွဲရှိမည်ဟု ခန့်မှန်းထားပြီး ဆင် သတင်းကို စိတ်ဝင်စားသူများ အားလုံးက မိသားစုနှင့် ပြန်ပေါင်း စေလိုသော်လည်း အကောင်းဆုံး ရွေးချယ် မှု ပြုလုပ်ခဲ့ခြင်းဟု ဆို သည်။

ဆင်အုပ်နောက်သို့ ခြောက် ရက် ဆက်တိုက်လိုက်ခဲ့သည့် ပုပ္ပား တောင်ချစ် သူများအသင်း နာယက ဆရာတော်ဦးယုဇနက ‘‘ငါ့သဘောကတော့ အခုချက်ချင်းကို ဆင်အုပ်ထဲ သွားပေါင်းပေးချင်တာ။ လူတွေနဲ့ အနေကြာလို့ လူနံ့နံသွားရင် အကောင်ကြီးတွေက လက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆင်လေးက နေမကောင်း ဘူးဆိုတော့လည်း ပြောရခက်သား။ စိတ်တော့ မကောင်းဘူး’’ဟု မိန့်သည်။

ကျန်ဆင်ငါးကောင်ကို မြို့သစ်မြိ့နယ် အိုင်မဲဒေသရှိ သစ်တောကြိုးဝိုင်းသို့ သြဂုတ် ၃၀ ရက်ကဆင်ယဉ်များ ၏အကူအညီဖြင့် ပို့ဆောင်နိုင်ခဲ့ပြီး တောဆင်ရိုင်းအုပ်စုမှာ နတ်မောက်၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦး ဒေသများတွင် ဆယ်ရက်ကြာ မျက်စိလည်နေခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List