Monday, August 31, 2015

ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အာရှလမ်းမကြီး ဒုသမ္မတတက်ရောက် ဖွင့်လှစ်


ခြိမ်းခြောက်ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့က အာရှလမ်း (မြ၀တီ-ကော့ကရိတ်လမ်းပိုင်း) ကို အောင်မြင်စွာ ဖွင့်လှစ်လိုက် သည်ဟု သတင်းရရှိသည်။

သြဂုတ် ၃၀ ရက် နံနက် ၉ နာရီတွင် မြ၀တီ-ကော့ကရိတ် ကြားရှိ သင်္ကန်း ညီနောင်ဂိတ်အနီး ဖွင့်ပွဲ ကျင်းပ ခဲ့ပြီး လူအင်အား ၁၅၀ ပါဝင်သည့် ထိုင်းအစိုးရအဖွဲ့ လည်း တက်ရောက်သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီကေဘီအေမှ ခွဲထွက် လက်နက်ကိုင်အဖွဲ့က အာရှ လမ်းဖွင့်ပွဲနေ့တွင် တိုက်ခိုက်မှု များပြုလုပ်မည်ဖြစ် ကြောင်း ကြေ ညာထားပြီး သြဂုတ် ၂၉ ရက်က ယင်းလမ်းမပေါ်သို့ (၄၀-မမ) ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခံခဲ့ ရသော ကြောင့် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးကိုယ်တိုင်ဦး ဆောင်ကာ လုံခြုံရေးပိုင်း တင်း တင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ သည်ဟု ဒေသတွင်း သတင်းရင်း ဖြစ်များက ပြောသည်။

အာရှလမ်းဖွင့်ပြီးနောက် မြန်မာ-ထိုင်း အမှတ်(၂) ချစ် ကြည်ရေးတံတား အုတ်မြစ်ချခြင်း ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိ သည်။

အာရှလမ်းဖွင့်ပွဲကို ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကရင်အမျိုး သားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးတက်ရောက်ခဲ့ပြီး အစိုးရက အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည် ဟု ကရင် တိုင်းရင်းသားခေါင်းဆောင် အသိုင်းအ၀ိုင်းက ပြောသည်။ ယင်းလမ်းဖွင့်ပွဲကို မတက်ရောက် ရန် (KNU) ဥက္ကဋ္ဌထံသို့ နိုင်ငံတကာ ကရင်အမျိုးသားများအစည်းအရုံး (International Karen Organization) ကသြဂုတ် ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာတစ် စောင် ပေးပို့ခဲ့သည်ဟု သတင်းရ ရှိသည်။

အာရှလမ်းဖွင့်ပွဲသို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိများ နှင့် ၀န်ကြီးများအပါအ၀င် အစိုး ရအဖွဲ့ဝင် ၁၇ ဦး လိုက်ပါလာခဲ့ ပြီး ဖွင့်ပွဲသို့ ရဟတ်ယာဉ်ဖြင့် လာ  ရောက်ခဲ့သော်လည်း အပြန်တွင် မူ ရာသီဥတုအခြေအနေကြောင့် ရဟတ်ယာဉ် တက်မရဘဲကားဖြင့် ပြန်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်းဦးနှင့်အတူ လိုက်ပါလာခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ  မယ်တော် ဆေး ခန်းသို့သွားရောက်ပြီး ဆေးခန်းသို့အလှူငွေလှူဒါန်းကာတိုင်းရင်းသား လက်နက်ကိုင်ခေါင်း ဆောင် အချို့နှင့် အစည်းအဝေး တစ်ခုပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List