Thursday, September 03, 2015

တရုတ်မှာ စစ်ရေးပြအခမ်းအနား အကြီးအကျယ် ကျင်းပ








တရုတ်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တို့ စစ်ရှုံးနိမ့် ခဲ့ရတာရဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေနဲ့ စစ်ရေးပြ အခမ်းအနားကို ဘေဂျင်းရှိ Tiananmen ရင်ပြင်မှာ ယနေ့ အကြီးအကျယ် ပြုလုပ်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင် တက်ရောက်ခဲ့ပါတယ်။

ဂျပန်တွေရဲ့ ကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့ပြီး မဆုတ်မနစ် ကြိုးစားတိုက်ခိုက်ခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေ ကို ချီးကျူးဂုဏ်ပြုပါတယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်းက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားသွားပါတယ်။

ဒါ့အပြင် တရုတ်စစ်သား ၃ သိန်းကိုလည်း တရုတ်စစ်တပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကနေလျှော့ ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အချိန်အတိအကျကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံဟာ စစ်အင်အားကြီးထွားလာမှုကြောင့် တင်းမာမှုတွေ ရှိနေတဲ့ကြားက နိုင်ငံတကာရဲ့ ဂရုစိုက် စောင့်ကြည့်ခြင်း ခံနေရပါတယ်။

ဘေဂျင်းမြို့တော် တီယန်မင် ရင်ပြင်မှာ တရုတ် စစ်သား တစ်သောင်းနှစ်ထောင် နဲ့ ဗုံးကြဲ စစ်လေယာဉ် ၂၀၀ အပါအ၀င် သံချပ်ကာ ကားတွေနဲ့ ဒုံးကျည်တွေကို ပြသခဲ့ပါတယ်။

အခု အခမ်းအနားမှာ စက်ယန္တရား ၈၀ ရာခိုင်နှုန်းကျော်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ခင်းကျင်းပြသ ထားတာ ဖြစ်တယ်လို့ တရုတ်မီဒီယာက ဆိုပါတယ်။

BBC Burmese 

No comments:

Post a Comment

My Blog List