Thursday, September 03, 2015

သက်သေခံမဲလက်မှတ်ကိုခုတုံးလုပ်ပြီး မဲမသမာမှုလုပ်မည်ကို မစိုးရိမ်ကြရန် ကော်မရှင်သတိပေး


ရွေးကောက်ပွဲတွင် မဲပေးရမည့် သက်သေခံမဲလက်မှတ်ကို ခုတုံးလုပ်ပြီး မဲမသမာမှုလုပ်မည်ကို မစိုးရိမ်ကြ ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောကြားသည်။ ''သက်သေခံ လက်မှတ် ကို ခုတုံး လုပ်ပြီး မသမာမှုတွေ ရှိနိုင်တယ်ဆိုပြီး ပြောနေတဲ့အချက်ဖြစ်ပါတယ်။ 

ကျွန်တော် တို့ မဲစာရင်းပြုစုတဲ့အခါ မဲဆန္ဒရှင်စာ ရင်း ရရှိပြီးဖြစ်ပါတယ်။ ဒါကို ပြင်ဆင် ဖြည့်စွက်ပြီး ဆောင် ရွက်ပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲစာရင်း ကြေညာတဲ့အခါ ၁၄ရက်ကပ်ထား ကြေ ညာပြီး ပြင်ဆင်၊ ဖြည့်စွက် ပယ်ဖျက်တာ လုပ်လို့ရမှာဖြစ်ပါတယ်။ 

အားလုံးပြင်ဆင် ပြီးတဲ့ မဲစာရင်းအရ သက်သေခံလက် မှတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ မဲပေး ဖို့လာတဲ့ အခါမှာလဲ ဒီသက်သေခံလက် မှတ်နဲ့ မဲစာရင်းကိုပြပြီး တိုက်ဆိုင်စစ် ဆေးဦးမှာဖြစ်ပါတယ်။ မဲစာရင်းနဲ့ မကိုက် ညီရင် မဲရုံမှာရှိတဲ့ မဲရုံမှူးနဲ့အဖွဲ့ဝင်တွေ က ရပ်ကွက်ကျေးရွာ အုပ်စုကော်မတီ တာဝန်ရှိသူတွေ၊ မဲရုံကိုယ်စားလှယ်တွေ ကပါ မဲမသမာမှု ဟုတ်မဟုတ် စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်။ မသမာမှုဆိုရင်တော့ မဲရုံလုံခြုံရေးအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု စက်တင်ဘာ ၁ရက်တွင် ပြုလုပ်သော ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက် မှုဆိုင်ရာ ဆဋ္ဌမ အကြိမ်မြောက်အစည်း အဝေးတွင် ဦးတင်အေးကပြောသည်။

ထို့ကြောင့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်အပေါ်တွင် မသမာမှုပြုလုပ် ရန်မှာ မလွယ်ကူကြောင်း ယင်းက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင် မဲရုံအဖွဲ့ မှူးနှင့်အဖွဲ့ဝင်များကို သင်တန်းပေးခြင်း လုပ်ငန်းများကို ကော်မရှင်အ နေဖြင့် ဆောင်ရွက်နေပြီဖြစ်ပြီး ယခုအခါ ဗဟို အဆင့်နည်းပြများကို သင်တန်းပေးဖြစ် ကာ စက်တင်ဘာ ၃ရက်နှင့်၎ရက်များ တွင် တိုင်းဒေသကြီးပြည်နယ်ခရိုင် အ ဆင့်နည်းပြများကို ဆက်လက်သင်တန်း ပေးပို့ချ မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အဆင့် ရပ်ကွက်ကျေးရွာ အဆင့်မဲရုံဝန်ထမ်းများ သင်တန်းပေးရန် ဆင့်ပွားဆောင်ရွက်မည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအ တွက်လည်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် အဖွဲ့များ၊ လျှောက်ထားသည့် အဖွဲ့များကိုစိစစ်ခွင့်ပြုကာ အသိအမှတ် ပြုလက်ခံပေးနေကြောင်း သိရသည်။

#YangonTimesJournal

No comments:

Post a Comment

My Blog List