Tuesday, September 01, 2015

၂၀၁၅ အမ်တီဗီ တေးဂီတဗီဒီယိုဆုတွေ သိမ်းကျုံးဆွတ်ခူးသွားတဲ့ တေလာဆွစ်ဖ်


အမေရိကန်နိုင်ငံ  လော့စ်အန်ဂျလိစ်မြို့၌ သြဂုတ် ၃၀ ရက်ညက ကျင်းပခဲ့ သော ၂၀၁၅ အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ထူးခြားသောဖျော်ဖြေ တင်ဆက်မှုများနှင့် အမှတ်တရကာလများပြည့်နှက်ခဲ့သည်။ ၂၀၁၅ အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲည၏ ဆုအများဆုံး ပိုင်ရှင်မှာ အသက် (၂၅)နှစ် အရွယ်ရှိ အဆို တော်မလေး တေလာဆွစ်ဖ်ဖြစ်သည်။ 

တေလာဆွစ်ဖ်သည် နာမည်ကျော်ကြား လူကြိုက်များသော Bad Blood တေးဂီတဗီဒီယိုဖြင့် ယင်းဆုပေး ပွဲ၏ဂုဏ်ရှိန်ကျော်ကြားသောဆုဖြစ်သည့် တစ်နှစ်တာ အကောင်း ဆုံးတေးဂီတဗီဒီယိုဆု ကို ဆွတ်ခူးရရှိ ခဲ့သည်။ 

တေလာဆွစ်ဖ်နှင့်အဆိုတော်ကန်းဒရစ်လာမားတို့ ပူးပေါင်းတင်ဆက်ထား သော Bad Blood တေးဂီတ ဗီဒီယိုသည် ယင်းဆုပေးပွဲမှ ချီးမြှင့်သော အကောင်းဆုံးတင် ဆက်မှုဆုကိုရရှိခဲ့သည်။ တေလာဆွစ်ဖ်သည် Blank Space တေးဂီတဗီဒီယိုဖြင့်လည်း အကောင်းဆုံးအမျိုးသမီးတေးဂီတဗီဒီယိုဆုနှင့် အကောင်းဆုံးပေါ့ပ် တေးဂီတဗီဒီယိုဆုတို့ကို ရရှိခဲ့သည်။

၎င်းသည် ၂၀၁၅ အမ်တီဗီတေးဂီတဗီဒီယိုဆု ဆန်ခါတင် စာရင်း၌ ဆုပေါင်း ၁၀ ဆုဖြင့် ဆုအများဆုံးအမည် တင်သွင်း ခံရသူဖြစ်ပြီး ဆုပေးပွဲ၌လည်း ဆုပေါင်းလေးဆုဖြင့်ဆုအများ ဆုံးဆွတ်ခူးသူဖြစ်ခဲ့သည်။ 

အမ်တီဗီတေး ဂီတဗီဒီယိုဆုပေးပွဲ က ချီးမြှင့်သော တစ်သက်တာအောင်မြင်မှုဆုခေါ် မိုက်ကယ်ဂျက်ဆင် ဗီဒီယိုတပ်ဦးဆုကို တေလာဆွစ်ဖ်က အဆိုတော်အန် ယေးဝက်စ်အား ပေးအပ်ခဲ့သည်။ အန်ယေးဝက်စ် သည် ယင်းဂုဏ်ထူး ဆောင်ဆုကို လက်ခံရရှိပြီးနောက် ကျေးဇူးတင် စကားများပြောကြားရာတွင် ၎င်းသည် လာမည့် ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ် ပြိုင်မှုဟုပြောကြားခဲ့သည်။

၂၀၁၅ တွင် တစ်နှစ်တာအကောင်းဆုံးတေးဂီတဗီဒီယိုဆု ဆန်ခါတင်စာရင်း ထုတ်ပြန်စဉ်က လူမှုကွန်ရက် ၌ အငြင်းပွားမှုဖြစ်ခဲ့ သော တေလာဆွစ်ဖ်နှင့် နစ်ကီ မင်နက်တို့သည် ဆုပေးပွဲည ဖျော်ဖြေတင်ဆက်မှု၌ အလွန်ချစ် ကြည်ရင်းနှီးစွာဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ တေလာဆွစ်ဖ်နှင့် နစ်ကီမင် နက်တို့သည် Bad Blood, Trini Dem Girls နှင့် The Night Is Still Young သီချင်းများဖြင့် တင်ဆက်ခဲ့ကြသည်။

နစ်ကီမင်နက်သည် ယင်းဆု ပေးပွဲမှချီးမြှင့်သော အကောင်းဆုံးဟစ်ဟော့ပ် တေးဂီတဗီဒီယိုဆုကို ၎င်း၏ Anaconda တေးဂီတဗီဒီယို ဖြင့် ဆွတ်ခူးရရှိခဲ့ သည်။ ယင်းဆု ပေးပွဲကာလအတွင်း ဆုပေးပွဲ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်သော မိုင်လေဆိုင်းရပ်စ်နှင့် နစ်ကီမင်နက်တို့အကြား အဆင်မပြေမှုများရှိခဲ့သည်ဟု လည်း သိရသည်။ ယခုနှစ်အမ်တီဗီတေး ဂီတဗီဒီယိုဆုပေးပွဲသို့ ကေတီ ပယ်ရီတက်ရောက်ခဲ့ခြင်းမရှိပေ။

Ref: AP
7Day News Journal

No comments:

Post a Comment

My Blog List