Tuesday, September 01, 2015

စက်တင်ဘာလလယ်ထုတ်ပြန်မည့် နောက်ဆုံးအကြိမ် မဲစာရင်း အမှား အယွင်း ပြင်ဆင်ခွင့်ရှိမည်



စက်တင်ဘာ လလယ်တွင်တစ်နိုင်ငံလုံးအတွက် မဲစာ ရင်းကြေညာပေးမည် ဖြစ်ကာ မဲစာရင်းမှားယွင်းမှု များကို နောက်ဆုံးအကြိမ်အဖြစ် ပြင်ဆင်ခွင့်ရရှိ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုကပြောကြားသည်။

အဆိုပါမဲစာရင်းသည် ရွေး ကောက်ပွဲမတိုင်မီ နောက်ဆုံးအ ကြိမ် ထုတ်ပြန် ပေးမည့် မဲစာရင်းဖြစ်ပြီး မဲစာရင်းအချက်အလက် မှားယွင်းမှုများ ပြင်ဆင်ခွင့် ရရှိစေရန် အခွင့်အရေးပေးခြင်းဖြစ်သည် ဟု ဦးကိုကို ကပြောသည်။

‘‘လာမယ့်လထဲမှာ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ မဲစာရင်းထပ်ပြီးကြေညာ ပေးမှာပါ။ အဲဒီမှာမှားယွင်းတာပါရင် ပြင်လို့ရမယ်။အဲဒါ က နောက်ဆုံးအချိန်ပြင်ခွင့်ပါပဲ’’ ဟု ဦးကိုကိုကဆို သည်။

စက်တင်ဘာအတွင်း ကြေ ညာမည့် အဆိုပါမဲစာရင်းတွင် မဲဆန္ဒရှင်ပြည်သူ များ၏ အမည်၊ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက် အလက်များ မှားယွင်းမှုတို့ကို ပြင် ဆင်နိုင်မည်ဖြစ်ကြောင်း   ပြည် ထောင်စုရွေးကောက်ပွဲ  ကော်မ ရှင်မှ သိရသည်။

ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကထုတ်ပြန် ထားသည့် ၂၀၁၅ အထွေထွေရွေး ကောက် ပွဲအတွက် အခြေခံမဲဆန္ဒ ရှင်စာရင်းများတွင် မပါဝင်ခဲ့သူ များအနေဖြင့်  ရွေးကောက်ပွဲမ တိုင်မီနောက်ဆုံး အကြိမ်အဖြစ် ထုတ်ပြန်မည့် အဆိုပါမဲစာရင်း၌ ပါဝင်လာနိုင်ရန် အခွင့်အရေးရရှိမည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ဦးဝင်း ကြည်က ပြောကြားသည်။

အစောပိုင်းကထုတ်ပြန်ခဲ့ သော မဲစာရင်းများတွင် မပါဝင်ခဲ့ သူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည် ဟု ဦး ၀င်းကြည် ထံမှသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ အထွေထွေရွေးကောက် ပွဲအတွက်အခြေ ခံမဲဆန္ဒရှင် မဲစာရင်းများကို တိုင်း ဒေသကြီးနှင့် ပြည်နယ် များတွင် လေးသုတ်ခွဲကာ ထုတ်ပြန်ပေးခဲ့ သော်လည်း မဲ စာရင်း၌ အားနည်း ချက်များရှိခဲ့သည်။

‘‘ပြီးခဲ့တဲ့ တစ်ခေါက်မဲစာရင်းမှာ ကျွန်တော်မပါဘူး။အခုနောက် ဆုံးမဲစာရင်း မှာ ပါအောင်လျှောက်မယ်။ ဒီတစ်ခေါက် ပါအောင်လုပ်မယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက် နေ အသက်(၂၂)အရွယ်ရှိ လူငယ်တစ်ဦးကပြော သည်။

မဲစာရင်းတွင် အမည်မပါဝင် ပါက မဲဆန္ဒရှင်စာရင်းလျှောက် ထားခြင်းပုံစံ(၃)ကိုလည်းကောင်း၊ မဲစာရင်း တွင် ကိုယ်ရေးအချက်အလက်မှားယွင်းနေပါက ပုံစံ၎(ဂ)ကိုလည်းကောင်း၊ မဲစာရင်းတွင် သေဆုံးသူများနှင့် မပါဝင်သင့်သူ များပါဝင်နေသည်ကို ကန့်ကွက် လိုပါက ပုံစံ(၄)ကိုလည်းကောင်း သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ တောင်းယူကာ    တင်ပြလျှောက် ထားနိုင် ကြောင်းပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထား သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ပေးမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List