Tuesday, September 01, 2015

နေတိုးနှင့် ယူကရိန်းတို့ ပင်လယ်နက်ဒေသ၌ စစ်ရေးလေ့ကျင့်မှု စတင်


Sea Breeze 2015 ဟု အမည်ပေးထားသည့် စစ်သင်္ဘော ၁၄စင်း၊ လေယာဉ်ပျံ ၈စင်း၊ ရဟတ်ယာဉ်များနှင့် မော်တော်ယာဉ် ၉၀ခန့်ပါဝင်သည့် နေတိုးအုပ်စုနိုင်ငံများနှင့် ယူကရိန်းတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မနေ့က ယူကရိန်းတောင်ပိုင်း ပင်လယ်နက်ဒေသတွင် စတင်ခဲ့သည်။

ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင်မှု ရည်ရွယ်ချက်မှာ ပဋိပက္ခဒေသများ တွင် နိုင်ငံပေါင်းစုံပါဝင်သည့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်ပြီး၊ ယူကရိန်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် စွမ်းရည်ကို ပြသရန်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

စစ်ရေးလေ့ကျင့်မှုကို လာမည့် စက်တင်ဘာ ၁၂ ရက်နေ့အထိ လေ့ကျင်မည်ဖြစ်ပြီး ဘူဂေးရီးယား၊ ရိုမေး နီးယား၊ မော်ဒိုဗာ၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ဗြိတိန်၊ ဆွီဒင်၊ တူရကီ စသည့်နိုင်ငံ များမှ စစ်သည် ၁ထောင်နှင့် ယူကရိန်းနိုင်ငံ အိုဒက်ဆာ၊ နီကိုလိုင်ယက်ဗ် ဒေသမှ စစ်သည်အင်အား ၂၅၀၀ ပါဝင်မည်ဖြစ်သည်။

အလားတူ အမေရိကန်က ဖျက်သင်္ဘော USS Donal Cook နှင့် P-3C အိုရီယွန် ပင်လယ်ပြင် ကင်းလှည့်လေ ယာဉ်များ ပါဝင်မည်ဖြစ်ပြီး အမေရိကန် အမှတ် ၆ တပ်တော်စု၏ ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဂျိန်းစ်ဖော့ဂိုက “မြေပြင်၊ ရေပြင်၊ ဝေဟင်စိုးမိုးရေး အတွက် ကျနော်တို့ရဲ့ မိတ်ဆွေများနဲ့ အတူလက်တွဲ လေ့ကျင့်ရမယ့် အခွင့်အရေးကောင်းတခုလို့ဆိုသည်။

Sea Breeze စစ်ရေးလေ့ကျင့်မှုကို ၁၉၉၇ခုနှစ်ကတည်းက ယူကရိန်းနှင့် နေတိုးအကြား ပုံမှန် ပူးတွဲလေ့ကျင့် လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် အိမ်နီးချင်းရုရှားနှင့် တင်းမာမှုဖြစ်ပွားနေပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဆီဗက်စတိုပို ရှိယူ ကရိန်း ရေတပ်စခန်းကို ပြီးခဲ့သည့်နှစ်က ရုရှားက သိမ်းယူထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List