Thursday, September 03, 2015

တိုင်းရင်းသားသတင်းဌာန အများစုပါဝင်သည့် BNI ၂၃ ကြိမ်မြောက် အစည်းအဝေး ထိုင်းနိုင်ငံ စံခရ ပူရီ၌ ကျင်းပ



တိုင်းရင်းသား သတင်း ဌာနများ အဓိက ပါဝင်သော နိုင်ငံတကာ မြန်မာ သတင်း BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား ထိုင်းနိုင်ငံ မွန်တို့ဌာနေ ကန်ချန ပူရီခရိုင် စံခလ ပူရီ မြို့၌ ၂၀၁၅ စက်တင်ဘာ ၂ ရက် မှ ၄ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပပါသည် ။

အစည်း အဝေး၌ BNI အဖွဲ့ဝင် သတင်း ဌာန အသီးသီး၏ လုပ်ဆောင် ခဲ့သော လုပ်ငန်းစဉ် များ ၊ လုပ်ဖို့ ရန် ပြင်ဆင် ထားသည့် လုပ်ငန်းစဉ် များ ၊ လုပ်ငန်း အတွင်း ကြုံတွေ့ရသည့် အခက် အခဲများ ၊ အားသာ ချက် အားနည်းချက် များအား ဆွေးနွေး ဖလှယ် ခဲ့ကြသည် ။

အစည်း အဝေး ဖြစ်မြောက်ရေး အတွက် ဦးဆောင် ပါဝင်သည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA အယ်ဒီတာ ချုပ်လဲဖြစ် ၊ BNI ဘုတ် အဖွဲ့ဝင်လဲ ဖြစ်သည့် ဆရာနိုင် ကဆော့မွန် က - “ ဒီစံခလပူရီမြို့ဟာ မွန် လူမျိုးများရဲ့ သမိုင်း တလျှောက် မွန် အမျိုးသားရေး အတွက် ဦးဆောင်မှု အဓိက ကျတဲ့မြို့ တမြို့ဖြစ် တယ် ။ ဒီ အခမ်း အနားကနေ ဒီမှာ နေနေတဲ့ မွန်တို့ရဲ့ လူနေမှုဘ၀ ၊ ယဉ်ကျေးမှု ၊ အထင်ကရ စံခလပူရီကို လေ့လာ နိုင်အောင် စီစဉ် ထားတယ် ” - ဟု အခမ်း အနား၌ ပြောကြားသည် ။

အဆိုပါ BNI ၏ ၂၃ ကြိမ်မြောက် အစည်း အဝေးအား အဖွဲ့ဝင်များ ဖြစ်ကြ သည့် နိုင်ငံတကာ မွန်သတင်း အေဂျင်စီ IMNA , ချင်းဝေါလ်ဒ် Chin World , ကန္တရ ၀တီတိုင်း(မ်) ၊ ကချင် သတင်းဌာန ၊ ကုလားတန် သတင်း ၊ လွတ်လပ် သော အရခိုင် သတင်း အေဂျင်စီ (Narinjara) ၊ ချင်း သတင်းဌာန Khonumthung , သတင်နှင့် မီဒီယာ ကွန်ယက် Network Media Group , ကရင်သတင်းစဉ် KIC , မဇ္ဈိမ ၊ သံလွင်တိုင်း(မ်) ၊ ပေါက်ထောမွန်သတင်းအတင်း Phophtaw News Assocation နှင့် သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ Shan Herald Agency for News စသည့် သတင်းဌာန ၁၃ ခု ပါဝင် ဖွဲ့စည်း ထားသည် ။

Panglong(Burmese) 

No comments:

Post a Comment

My Blog List