Tuesday, September 01, 2015

နာဇီရထားမှ ရတနာများ မူလပိုင်ရှင်များထံ ပြန်ရောက်ရမည်ဟု ဂျူးအဖွဲ့ ပြောကြား


ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံ၌ ပျောက်သွား ခဲ့သော နာဇီရထားပေါ်မှ ရှာဖွေ တွေ့ရှိသည့် အဖိုးတန် ပစ္စည်းမှန် သမျှသည် မူရင်းပိုင်ရှင်များထံ ပြန်ရောက်ရမည်ဟု ကမ္ဘာ့ဂျူး ကွန်ဂရက်က သြဂုတ် ၂၈ ရက် တွင် ပြောသည်။

 ‘‘ပိုလန်မှာ ရှာဖွေနေတဲ့ ပစ္စည်းတွေဟာ ဂျူးလူမျိုးတွေ အသတ်မခံရခင်က ခိုးယူခံရတဲ့ ပစ္စည်းတွေဖြစ်နိုင်ပါ တယ်။ အဲဒီ ပစ္စည်းတွေကို ပစ္စည်းပိုင်ရှင် ဒါမှ မဟုတ် သူတို့ရဲ့ အမွေစားအမွေ ခံတွေဆီကို ပြန်ပို့ပေးရ ပါမယ်’’ ဟု ကမ္ဘာ့ဂျူးကွန်ဂရက် အမှု ဆောင်အရာရှိချုပ် ရောဘတ်စင် ဂါက ပြောကြားသည်။

‘‘ပိုလန်အာဏာပိုင်တွေဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သင့်လျော်တဲ့ ဆောင်ရွက်မှုတွေ လုပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ၎င်းကပြောသည်။

ပိုလန်အရာရှိများက အဆို ပါ နာဇီရထားကို ရှာတွေ့ထား သည်မှာ သေချာလုနီးပါးဖြစ် သည်ဟု သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုအတောအတွင်း အဆိုပါ နာဇီရထားပေါ်ရှိ ရတနာများကို ရုရှားအစိုးရက တောင်းဆိုနိုင် သည်ဟု ရုရှား ရှေ့နေ မီခေးလ် ဂျော့ဖ်ဖီက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အ နီးရှိ နန်းတော်တစ်ခုမှ ပေါင်သန်း ၂၅၀ ခန့် တန်ဖိုးရှိ ပယင်းရောင် ပုလဲများဖြင့် ပြုလုပ်ထားသော Amber Room ခေါ် ပယင်းရောင် အခန်းကို ဂျာမနီ တပ်သားများ ခိုးယူသွားပြီး ပိုလန်နိုင်ငံ၌ တွေ့ရှိထားသည်။

နာဇီရထားပေါ်တွင် ယင်းအခန်းမှ ပစ္စည်းများ ရှိနိုင်သည်ဟု ယူဆထားသည်။

ရုရှားအစိုးရသည် ဒုတိယ ကမ္ဘာစစ်အတွင်း နစ်နာခဲ့သော စစ်လျော်ကြေး အဖြစ် ယင်းအဖိုး တန်ပစ္စည်းများ ကို တောင်းနိုင်သည်ဟု ရုရှားရှေ့နေ ဂျော့်ဖ်ဖီက ပြောသည်။

သို့သော် အဆိုပါရထားကို ရှာဖွေတွေ့ရှိလျှင် ပိုလန်ဘဏ္ဍာ ရေးဝန်ကြီး ဌာနက ပိုင်ဆိုင်လိမ့် မည်ဟု ပိုလန် သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး ဒုတိ ယ၀န်ကြီး ဇူချော်စကီက ပြော သည်။

Ref: UOI
7Day News Journal

No comments:

Post a Comment

My Blog List