Monday, August 31, 2015

ကျပ်သိန်း တစ်သောင်းခုနစ်ထောင်ကျော် အသုံးပြုတည်ဆောက်သော နေပြည်တော် ကုန်သည်စက်မှုအသင်းရုံးချုပ် အဆောက်အအုံဖွင့်လှစ်


ငွေကြေးစုဆောင်းနေရသဖြင့် ခြောက်နှစ်အထိအချိန်ယူ ပြီးတည်ဆောက်ရသော နေပြည်တော် ကုန်သည် စက်မှုအသင်းချုပ်၏ အဆောက်အအုံ ကုန်ကျစရိတ်မှာ ကျပ်သိန်း တစ်သောင်းခုနစ်ထောင်ရှိကြောင်းတည် ဆောက် ရေး ကော်မတီမှ ဂုဏ်ထူးဆောင်စာရင်းစစ် ဦးစိန်ဝင်းလှိုင်ကပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နေပြည်တော် ရုံးခွဲကို ၂၀၀၉ တွင်စတင်တည်ဆောက် ခဲ့သည်။ အဆောက်အအုံအတွက် လိုအပ်သောငွေကြေးကို အသင်းဝင် များ၏ထည့်ဝင်ကြေးများ၊ ရန်ကုန်ရုံးချုပ်တွင် ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရာ မှ ရရှိသော ငွေကြေးများဖြင့် တည်ဆောက်ရ သဖြင့် အချိန်ကြာမြင့်ခြင်းဟု ၎င်းကပြောသည်။

နေပြည်တော်ရုံးခွဲ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် အစိုးရ ဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမှစီးပွားရေး အဖွဲ့အစည်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေရန်ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ရှင်းပြသည်။

နေပြည်တော်ရုံးခွဲတွင် အသင်းအဖွဲ့များသာမက နိုင်ငံတကာ လူမှုရေးအဖွဲ့စည်းများ၊ နိုင်ငံခြားလုပ်ငန်းရှင် များနှင့် တွေ့ဆုံနိုင်သည့် အပြည်ပြည် ဆိုင်ရာ စီးပွားရေးအဆောက်အအုံအဖြစ် အသုံးပြုရန် ရည်ရွယ်ထား ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် သည် နေပြည်တော်၌ရုံးဖွင့်လှစ် ရခြင်းမှာ ဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့စဉ်က မြေ ခြောက်ဧကကို အသင်းရုံး ဖွင့်လှစ်ရန် အစိုးရက ပေးထားခြင်းကြောင့် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List