Tuesday, September 01, 2015

ကန့်ကွက်ဆန္ဒပြခံရပေမယ့် ရာထူးကနှုတ်ထွက်မှာမဟုတ်ဘူးလို့ မလေးရှား ၀န်ကြီးချုပ်ပြော



မလေးရှားဝန်ကြီးချုပ်က ဒေါ်လာသန်း ၇၀၀ ငွေကြေးအရှုပ်တော်ပုံကိစ္စကြောင့် သူရာထူးကနေဆင်းပေး မှာမဟုတ်ကြောင်း တနင်္ဂနွေနေ့ကပြောပြီး သူနှုတ်ထွက်ပေးဖို့အကြီးအကျယ်ဆန္ဒပြခဲ့သူတွေဟာ အမျိုးသား ရေး စိတ်ဓာတ်ချို့တဲ့သူတွေ ဖြစ်တယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

လူထောင်သောင်းချီတဲ့ စနေ၊ တနင်္ဂနွေ ဆန္ဒပြပွဲတွေအပြီးမှာ အစိုးရဟာ ကွာလာလမ်ပူလမ်းတွေကို ပြန်ထိန်းချုပ်ခဲ့ပြီး ၀န်ကြီးချုပ် နာဂျစ်ရာဇက် နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မှာ လူ ၁၃၀၀၀ ပါဝင်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်ချီတက်ပွဲကို တက်ရောက်ခဲ့ပါတယ်။ သူတို့ဟာ အထင်ကရလွတ်လပ် ရေးရင်ပြင်ကြီးပေါ်မှာ ဂျက်လေယာဉ်တွေပျံဝဲတာကို ကြည့်ရှု အားပေးခဲ့ကြပါတယ်။

သီတင်းပတ်ကုန်ကတော့ သည်ရင်ပြင်ကို ဆန္ဒပြသမား သောင်းနဲ့ချီပြီး ၀ိုင်းရံခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ညပိုင်းမှာပြောတဲ့ အမျိုးသားနေ့မိန့်ခွန်းမှာ နာဂျစ်က ` ဆန္ဒပြသူတွေဟာ စိတ်သဘောထား သေးသိမ်ပြီး အမျိုးသားရေးစိတ် ဓာတ်ချို့တဲ့သူတွေဖြစ်တယ်´ လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ တရားဥပဒေစိုးမိုးမှုကိုအဟန့်အတားဖြစ်စေပြီး ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ မကျေနပ်မှုကို ပြသတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စနေ၊ တနင်္ဂနွေ ဆန္ဒပြတဲ့လူဦးရေဟာ ၃၅၀၀၀ ခန့်ရှိတယ်လို့ မလေးရှား ရဲကခန့်မှန်းပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲရဲ့ နောက်ကွယ်က အဓိကလှုပ်ရှားသူ ဘာစီးအဖွဲ့ကတော့ ဆန္ဒပြသူဦးရေဟာ စနေနေ့မှာ နှစ်သိန်း ရှိပြီး တနင်္ဂနွေနေ့မှာ သုံးသိန်းအထိမြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

`၂၀၀၀၀ ဆိုတာဘာရှိလို့လဲ´ လို့ နာဂျစ်က ရဲရဲ့ခန့်မှန်းချက်ကိုတောင် လျှော့ပြောပြီး ` ကျနော်တို့က လူသောင်းနဲ့သိန်းနဲ့ချီပြီး လူစုနိုင် တယ်´ လို့ တနင်္ဂနွေနေ့မနက်ပိုင်းက ကျေးလက်ဒေသတစ်ခုမှာ ပြောတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့ပါတယ်။

`ကျန်တဲ့မလေးရှားပြည်သူတွေက အစိုးရဘက်မှာရှိတယ်´လို့ နာဂျစ်က ပြောကြောင်း မလေးရှားပြည်တွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဘာသာပြန် - စုပြည့်စုံ
Ref: AP
Kumudra

No comments:

Post a Comment

My Blog List