Tuesday, September 01, 2015

ဝန်ထမ်းများနှင့်ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားဒီစကား


“၀န်ထမ်းတွေကို ကျွန်မသတိပေးချင်ပါတယ်။ တစ်ချို့ဝန်ထမ်းတွေက နီးရာဓါးကြောက်တယ် လို့ ပြောနေကြတယ်။နီးရာ ဓါးကြောက်ပြီးတော့ မလုပ်ရဲ့မကိုင်ရဲပေါ့နော်။ သူတို့ဘာလဲ မလှုပ်၊မရှုပ်၊ မပြုတ် အဲ့လိုစိတ်၊အဲ့ဒီအမွေတွေနဲ့ပေါ့ နော်။ ကျွန်မကပြောချင်တာက နီးရာဓါးကြောက်နေရတယ်ဆိုရင် ကိုယ့်နားမှာ ဓါးမရှိမယ့်စနစ်ကိုပဲထောက်ခံပါလို့ ကျွန်မကပြောချင်တယ်။ 

အဲ့တော့ ကိုယ့်အနီးနားမှာ ဓါးမရှိစေမယ့် စနစ်ဖြစ်ပေါ်စေမယ့် အဖွဲ့ကိုပဲထောက်ခံပါ။ ဒီရွေးကောက်ပွဲမှာ မဲပေးဖို့ ဒုက္ခလေးဟာ ဘာမှ မဟုတ်ပါဘူး။ အများဆုံး ရက်ပိုင်းလောက်ပဲအလုပ် လုပ်ရမှာပေါ့။ ဒီမဲစားရင်းမှာပါဖို့မတွက်သွား ပြီးတော့လှုပ်ရှားမယ်၊ နောက်ပြီးတော့ရွေးကောက်ပွဲနေ့ကျရင်သွားပြီးတော့ မဲပေးရမယ်။ ဒီလိုအချိန် လေးတွေကို အကုန်ခံလိုက်ပါ။

ဒီလိုအချိန်လေးတွေဟာ ကိုယ့်ရဲ့ရှေ့ဘ၀တစ်လျောက်အတွက် ရင်းနှီး တာဖြစ်ပါတယ်ဆိုပြီးတော့ မဲပေးဖို့ဆော်သြပါလို့ မေတ္တာရပ်ခံပါတယ်။” 
ဒေါ်အောင်ဆန်းစုကြည်
ဇမ္ဗ္ဗူသီရိမြို့နယ်
နေပြည်တော် 
NLD Chairperson

No comments:

Post a Comment

My Blog List