Monday, August 31, 2015

ဆရာဝန်ဘွဲ့ရသွားတဲ့ သရုပ်ဆောင်တစ်ဖြစ်လဲ ဒေါက်တာပိုင်ဖြိုးသု


ဆေးတက္ကသိုလ်မှ ဘွဲ့ ရရှိသွားပြီဖြစ်သောကြောင့် အနု ပညာအလုပ်များကို ယခင်ထက် အချိန်ပေး၍ ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောသည်။ ပိုင်ဖြိုးသုသည် ဩဂုတ် ၂၉ ရက်ကဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဆေးပညာဘွဲ့ရယူခဲ့ခြင်းဖြစ် သည်။

‘‘အရင်ကလို ဂျူတီချိန်တွေ ဘာတွေမရှိတော့ဘူး။ ဘွဲ့ရသွား ပြီဆိုတော့ အနုပညာကိုအချိန်ပို ပေးနိုင်သွား တယ်’’ဟု ၎င်းက ပြောသည်။

ဆေးကုသခွင့်လက်မှတ် (ဆ/မ လက်မှတ်)လျှောက်ထားသော်လည်း အစိုးရအလုပ်လုပ် ကိုင်ဖြစ်မည် မဟုတ်ဘဲ ပရဟိတဆေးခန်းတစ်ခု၌ ဆေးခန်းထိုင် ပေးရန်သာ အစီအစဉ်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘ပညာရေးနဲ့ပတ်သက်ပြီး လိုချင်တဲ့ဘွဲ့တွေတော့ရှိသေးတယ်။ အဲဒီအတွက် ထပ်လုပ်ဖို့ လည်းအစီအစဉ်ရှိပါ တယ်’’ဟု ပညာရေးရှေ့ခရီးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပြေတီဦးနှင့် တွဲဖက်၍ ‘လူ’ဆိုသည့် ဗီဒီယို ဇာတ်ကားရိုက်ကူး နေသည်ဟု ပိုင်ဖြိုးသုက ပြောသည်။

ခေါင်းဆောင်မင်းသမီး အဖြစ်ပါဝင်သရုပ်ဆောင်မည့် ‘ပန်းဒေါင်း’ရုပ်ရှင်ဇာတ်ကားမှာရိုက်ရက်ထပ်မံရွှေ့ ထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်က ထွက်ရှိ သောအိမ်ထောင်သည်အမျိုးသား တစ်ဦးကို စွဲလမ်းနေသည့်ဇာတ် ရုပ်ဖြင့် သရုပ်ဆောင်ထားသည့် ‘ဓားတစ်စင်းဖြင့် ချစ်မိခြင်း’ဇာတ် ကားနှင့်ပတ်သက်၍ ပိုင်ဖြိုးသုက ‘‘အဲဒီကားလေး မထွက်ခင်က အသစ်တစ်ယောက်အနေနဲ့ ပရိသတ်အမြင်စောင်းသွားမှာ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ အတတ်နိုင် ဆုံး တော့ ကြိုးစားခဲ့တယ်။ အခုအချိန် ထိတော့ ပရိသတ်တွေဆီက အဲဒီ လိုကာရိုက်တာနဲ့ နောက်ထပ် မရိုက်စေချင်ဘူးလို့ မပြောကြ ဘူး’’ဟု ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List