Wednesday, December 17, 2014

ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများ လူ့အခွင့်အရေးဆုံးရှုံးနေဟုဆို



ကချင်ပြည်နယ်အတွင်း လူ့ အခွင့်အရေးချိုးဖောက်ခံရသည့် အရေအတွက်တွင် လယ်ယာစိုက် ပျိုးရေးအဓိကလုပ်ကိုင်စားသောက် နေသော ရှမ်းမျိုးနွယ်စုအများဆုံး ဖြစ်သည်ဟု ယခုလ ၁၁ ရက်တွင် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောသည်။ရှမ်းမျိုးနွယ်စုများသည် ၄င်း တို့ အသက်မွေးဝမ်းကျောင်းပြုနေ သည့် အခင်း၊ စိုက်ခင်း၊ လယ်ယာ မြေများအပေါ် KIA တို့က ဆက် ကြေးကောက်ခံခြင်း၊ လူသစ်စု ဆောင်းခြင်း၊ အလိုမတူဘဲသား မယားပြုကျင့်ခြင်း၊
မူးယစ်ဆေးဝါး ကိုအကြောင်းပြ၍ ဖမ်းဆီးနှိပ်စက် ခြင်းများကို နှစ်ပေါင်း ၅ဝ ကျော် ပြုလုပ်လာခဲ့သည့်အပြင် ရွာများ ရွှေ့ပြောင်းပေးရခြင်း၊ စိုက်ပျိုးမြေ များကို မတရားသိမ်းဆည်း၍ ဒုက္ခ သည်စခန်းများဖွင့်လှစ်လာခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန်မြေရှားပါး လာကြောင်း၊ လယ်ယာမြေကို မှီခို သူများအနေဖြင့် ၄င်းတို့ရဲ့မျိုးဆက် များအားလုံးတို့လူ့အခွင့်အရေးဆုံး ရှုံးမှုအများဆုံးဖြစ်ကြောင်း ၄င်းက ပြောသည်။


ကချင်ပြည်နယ်တွင် အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ထုတ် နေသော်လည်း ရှမ်းမျိုးနွယ်စုများ မှာ မကျွမ်းကျင်သည့်လုပ်ငန်းခွင် များတွင် ဝင်ရောက်လုပ်ကိုင်နေရ သည်။ ထို့အပြင် ဒုက္ခသည်စခန်း များနှင့် နေရာဒေသပြောင်းရွှေ့နေ ထိုင်ရသည့်အဆင့်ဆင့်တွင်လည်း ရှမ်းလူမျိုးများကိုကာကွယ်ရန် အတွက် တပ်မတော်က လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းမှာ သတိပေး ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ရှမ်း မျိုးနွယ်စုရေးရာမှပြောကြားသည်။

''ကချင်ပြည်နယ်မှာနိုင်ငံတော် အစိုးရက တရားဝင်အသိအမှတ်ပြု ထားတဲ့ ရှမ်းငါးမျိုးရှိတယ်။ ကျွန် တော်တို့ရဲ့ ရှမ်းမျိုးနွယ်စု ရှမ်းလူ မျိုးများရဲ့ အသက်အိုးအိမ်များကို ကာကွယ်တဲ့အနေနဲ့ တပ်မတော်က လက်နက်ကြီးနဲ့ သတိပေးပစ်ခတ် ခြင်းသာဖြစ်နိုင်တယ်''ဟု ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည် နယ်)မှဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောသည်။

''ကချင်ပြည်နယ်မှာရှိတဲ့ ကျွန်တော်တို့ရှမ်းလူမျိုးတွေကို KIA/KIO အဖွဲ့တွေက လက်နက် အားကိုးနဲ့ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းတွေကို လုပ် ဆောင်နေတယ်။ ဖြစ်ချင်တော့ KIA ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့မပစ်ခင်မှာ အစိုးရ စစ်တပ်က ရိက္ခာသယ်လာတာကို KIA က စတင်ပစ်ခတ်ပြီး ထွက် ပြေးခဲ့တယ်။ အလားတူ တစ်ရက် တည်းမှာပဲ အင်းတော်ကြီးဘက် မှာလဲ KIA က မြန်မာစစ်တပ်ကို စတင်ပစ်ခတ်ပါတယ်။

ပြီးတော့ KIA တပ်မတော်ကတပ်စွဲထားတဲ့ နေရာမှ ပြောင်းရွှေ့ပေးဖို့လဲ တောင်းဆိုတယ်။ တကယ်လို့ မြန်မာစစ်တပ်က သူတို့ပြောသလို ပြောင်းရွှေ့ပေးလိုက်ရင် အဲဒီဒေသ မှာရှိတဲ့ ကျွန်တော်တို့ရှမ်းလူမျိုး တွေ ပိုပြီးတော့ ဖမ်းဆီးနှိပ်စက်မှု တွေခံရဦးမယ်။ ဒါကြောင့်မြန်မာ စစ်တပ်ကသတိပေးတဲ့အနေနဲ့KIA ဗိုလ်သင်တန်းကျောင်းကိုလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်မသိနားမလည်တဲ့ရှမ်းမျိုးနွယ်စုများအနေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဆက်တိုက်ခံစားနေရတယ်''ဟုဦးစိုင်းခင်မောင်အေးကဆက်လက်ရှင်းပြသည်ရှမ်းမျိုးနွယ်စုများအနေဖြင့်လူ့အခွင့်အရေးဆိုင်ရာကိစ္စများကိုကောင်းစွာနားလည်သဘောပေါက် စေရန်အစိုးရအဖွဲ့ နှင့် နိုင်ငံတကာ NGO/INGOများ၊လူမှုအဖွဲ့အစည်း များကဝိုင်းဝန်းကူညီဖြေရှင်းပေးပြီး သင်ကြားပြသပေးနေသော ဒေသ ဖွံ့ဖြိုးရေးအတွက် လူသားအရင်း အမြစ်မွေးထုတ်ပေးရာရောက်သည့် အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်မည် ဟု ၄င်းကပြောသည်။

ရှမ်းမျိုးနွယ်စုများအနေဖြင့် လူ့ အခွင့်အရေးဆိုင်ရာ ကိစ္စများကို ကောင်းစွာနားမလည်သေးသော် လည်း၎င်းတို့တတ်သိနားလည်သမျှ ဖြင့်၎င်းတို့အပေါ်လူ့အခွင့်အရေးဆိုင် ရာချိုးဖောက်မှုများကို KIA ဒု စစ် ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ထံတွင် ဆန္ဒဖော်ထုတ်လာခြင်းမှာအကောင်း ဘက်သို့ဦးတည် လာခြင်းဖြစ်သည်။ သို့သော်နေ့စဉ်နှင့်အမျှဆိုသလို KIA တို့သည်ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများကိုကြည့် ခြင်းအားဖြင့် ကချင်ပြည်နယ်တွင် KIA တို့လူ့အခွင့်အရေးဆက်လက် ချိုးဖောက်လျက်ရှိဆဲဖြစ်ကြောင်း ဦးစိုင်းခင်မောင်အေးကပြောသည်။

ကချင်ပြည်နယ်ရှိမြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူ များကလည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ သိရှိနားလည်ကြရန် လိုအပ်ပြီး တာဝန်ရှိပုဂ္ဂိုလ်များက လည်းတာဝန်ဝတ္တရားများနှင့် စည်း မျဉ်းစည်းကမ်းများကို လေးစား လိုက်နာကြရန်လိုအပ်ကြောင်း ဦးစိုင်းခင်မောင်အေးကပြောသည်။ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က'' ကချင် ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မိမိ တို့ရှမ်းလူ မျိုးများကို မြန်မာစစ်တပ် က လူ့အခွင့်အရေးချိုးဖောက်ပြီး လုပ်ဆောင်လာရင်တိုင်ကြားရမယ့် နေရာ၊ ဖြေရှင်းရမယ့်နေရာရှိတယ်။ KIA အဖွဲ့အနေနဲ့ လက်နက်အား ကိုးနဲ့ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စု ဆောင်းခြင်း၊ ဖမ်းဆီးနှိပ် စက်ခြင်းစတဲ့ လူ့အခွင့်အရေးချိုး ဖောက်နေတာတွေကို တိုင်ရမယ့် နေရာမရှိဘူး။ဒါကြောင့်တပ်မတော် စစ်ကြောင်းက မကြာခဏဆိုသလို ဝင်ရောက်ပြီး ဖြေရှင်းပေးနေရ တယ်''ဟု၎င်းကသုံးသပ်ပြောကြား ခဲ့သည်။

The Union Daily

No comments:

Post a Comment

My Blog List