Tuesday, December 16, 2014

ညီညီညွတ်ညွတ်နဲ့ ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ထဲရောက်အောင်လုပ်ခဲ့ကြတာ



သာသနာရေးဝန်ကြီးဟောင်း ဦး ဆန်းဆင့်၏ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့ ကြသည့် တရားလွှတ်တော် ရှေ့နေများမှ မီဒီယာများနှင့်တွေ့ဆုံပွဲကို ဒီဇင်ဘာ(၁၄) ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လမ်းတွင် ပြုလုပ်ခဲ့ကြသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ရာ ဇ၀တ်မကင်းသော ယုံကြည်အပ်နှံမှု၊ ဖောက်ဖျက်မှု ပုဒ်မ ၄၀၉၊ နိုင်ငံတော် အစိုးရအပေါ်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ထောင် ဒဏ် (၁၃)နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်ခဲ့သည်။

“နိုင်ငံတော်အုပ်ချုပ်ရေးအပိုင်းက တရားစွဲတာကို တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးက လွှတ်ရဲသလားဆိုရင် မထင်ပါဘူး။ အစကတည်းက မထင်ပါ ဘူး။ ကျွန်တော်တို့ အကျိုးဆောင်တွေ အနေနဲ့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့ တယ်။ ၀န်ကြီးဟောင်း ဦးဆန်းဆင့်က လည်း တရားစီရင်ရေးကို ယုံကြည်တယ်။ အခုသူယုံကြည်တာဟာ အလကားဖြစ် သွားတာ တွေ့ရမှာဖြစ်ပါတယ်”ဟု တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြော သည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးမှ နုတ် ထွက်ပေးရန် ပြောခဲ့သော်လည်း လာဘ် စားခဲ့ခြင်းမဟုတ်သည့်အတွက် မနုတ် ထွက်ဘဲ တရားရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ ကြောင်း ၎င်းင်းက ထပ်ဆင့်ဆိုသည်။

လယ်ဝေးမြို့နယ်၊ ယက္ကန်းစင် တောင်၊ အောင်တော်မူနှစ်ကျိပ်ရှစ်ဆူ စေတီတော်ကို ၀န်ကြီးဟောင်းဦးဆန်း ဆင့် အနေဖြင့် ၀န်ကြီးမဖြစ်ခင်ကတည်း က စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စေတီတော်၌ သုံးစွဲသော ငွေ ကြေးများအတွက် ပုဒ်မ (၄၀၉)ဖြင့် အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ ဒီပုဒ်မ ၄၀၉ နဲ့အမှု ဖွင့်ခဲ့တာက အမှုမမြောက်ဘူး။ ဘာဖြစ် လို့လည်းဆိုတော့ ၀န်ကြီးဌာနတိုင်းမှာ ရှိတဲ့ ဘတ်ဂျက်တွေထဲမှာ ၀၅၀၈ ဆိုတဲ့ ခေါင်းစဉ်ရှိတယ်။ အဲဒီခေါင်းစဉ်အောက် ကနေ ၀န်ကြီးဌာနအနေနဲ့ သုံးလို့ရတယ်။ ဒီခေါင်းစဉ်အောက်ကနေ သုံးခဲ့တယ်ဆို တာ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးက စစ် ဆေးချက်မှာလည်း ဒီအတိုင်းပဲတွေ့ တယ်။ ဒါကြောင့် လာဘ်စားတယ်ဆို မဟုတ်ဘူးလို့ ပြောတာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

တရုတ်နိုင်ငံတွင်ရွှေတိဂုံဘုရားပုံစံတူ တည်ထားကိုးကွယ်မည့်အစီအစဉ်အတွက် အစည်းအဝေးကို  ၂၀၁၃  ခုနှစ်က သာသနာရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ၀န်ကြီးဟောင်း ဦးဆန်း ဆင့်က ဒီအစိုးရက အတု၊ နောင် ပေါ် ပေါက်လာမည့် အစိုးရက အစစ်ဟု ပြော ခဲ့သည်ဆိုကာ စွဲချက်တင်ခံခဲ့ရပြီး၊ ထို ကဲ့သို့ ပြောခဲ့သည့်အတွက်ကြောင့် ၁၂၄ (က)ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

“ဒီအမှုမှာလည်း ၀န်ကြီးဟောင်း ဦး ဆန်းဆင့် ကိုယ်တိုင်က ကျွန်တော့်ကို ပြောခဲ့တာက သူကိုယ်တိုင် အစိုးရအဖွဲ့ ထဲမှာပါနေတာ ဒီစကားကိုပြောပါ့မလား ဆိုပြီး ပြောခဲ့တယ်။ ဒီအမှုမှာလည်း အစည်းအဝေးမှတ်တမ်းတွေမှာ ဒီစကား ကို ဖော်ပြထားတာမရှိပါဘူး။ ဒီအမှုကို စစ်တဲ့အခါမှာ သက်သေအဖြစ် အပြင်က လူတစ်ယောက်မှမပါဘူး။ သာသနာရေး ၀န်ကြီးဌာနက ကြီးစဉ်ငယ်လိုက် ၀န်ထမ်း တွေပဲ စစ်ခဲ့တယ်”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းအမှုကို စစ်ဆေးခဲ့ရာ၌ လူညီရင် ဤကို ကျွဲဖတ်လို့ရတယ်ဆိုတဲ့ အတိုင်း ညီညီညွတ်ညွတ်နဲ့ ၀န်ကြီး ဟောင်း ဦးဆန်းဆင့်ကို ထောင်ထဲ ရောက်အောင်လုပ်ခဲ့ကြတာဟု ၎င်းက ပြောသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အနေ ဖြင့် မြန်မာ့တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ရာထူးခန့်ချုပ် အဖြစ် တာဝန်ယူခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတာဝန်၊ သာ သနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။

ဦးဆန်းဆင့်မှာ ပြီးခဲ့သည့် ဇွန်လက ရာထူးမှ ဖယ်ရှားခံရပြီး တရားစွဲဆိုခံခဲ့ရ  ခြင်းဖြစ်ကာ ယခုအချိန်တွင် တောင်ငူ ထောင် ကြိုကိုက်ထဲတွင်ထားရှိထားပြီး အခန်း၏အကျယ်မှာ (၈)ပေပတ်လည်၊ အခန်းထဲတွင် နေထိုင်ရကြောင်း သိရ သည်။

ကျွန်တော်တို့ ၀န်ကြီးဟောင်း ဦး ဆန်းဆင့်ကို သွားတွေ့တဲ့အခါမှာ လုံခြုံ ရေး အထူးကြပ်မတ်ထားပြီး အသံဖမ်း စက်များ တပ်ထားတယ်။ နောက်ဆုံးဗျာ သူနေတဲ့နေရာမှာ စီစီတီဗွီကင်မရာတွေ တပ်ထားတယ်။ အိမ်သာထဲအထိ တပ် တာကိုတော့ လူ့အခွင့်အရမလုပ်ပါနဲ့လို့ ကန့်ကွက်တော့မှ မတပ်တော့တာ”ဟု ၀န်ကြီးဟောင်းဦးဆန်းဆင့်အပေါ်ချမှတ် ထားသည့် ပြစ်ဒဏ်များအတွက် အယူခံ ၀င်သွားမည်ဖြစ်သော် လည်းလုံးဝအသနား ခံမည်မဟုတ်ကြောင်းနှင့် ပြစ်ဒဏ်မှ ကွင်း လုံးကျွတ်လွတ်ရန်သာ တင်ပြသွားမည် ဖြစ်ကြောင်းကို ၎င်းက ထပ်မံပြောကြား ခဲ့သည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှု ကို မန်္တလေးတိုင်းဒေသကြီး တရားလွှတ် တော်တွင် အယူခံတင် ခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း သိရသည်။

The Hot News

No comments:

Post a Comment

My Blog List