Tuesday, December 16, 2014

လယ်သမားများအရေးယူခံရခြင်းမှာ သွေးထိုးမှုများကြောင့်ဟု သူရဦးရွှေမန်းပြော

သွေးထိုးလှုံ့ဆော်သည့် ကိစ္စရပ်များကို နားမယောင်ကြရန်နှင့် ဥပဒေနည်းလမ်းများကို နား လည်ထားရန် ဧရာဝတီတိုင်းအ တွင်းရှိ လယ်သမားများအား သူရ ဦးရွှေမန်းက တိုက်တွန်းပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်က ပုသိမ် မြို့တွင် ပြုလုပ်သော တောင်သူ လယ်သမားများနှင့် တွေ့ဆုံပွဲ၌ လယ်သမားများအား အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။


‘‘သွေးထိုးတဲ့ ကိစ္စရပ်တွေ ကြောင့် တောင်သူတွေက ဥပဒေ အရ အပြစ်ပေးခံရတယ်။ ဒါတွေ ကို စိတ်မကောင်းစွာ ကြားနေရ တာ။ တောင်သူတွေဟာ နားမ ယောင်ကြဖို့ လိုတယ်။ ဥပဒေကို လည်း နားလည်ထားဖို့ လိုတယ်။ စာမဖတ်တတ်လို့ဆိုပြီး လုပ်လို့ မရဘူး။ လေ့လာထားကြပါ။ သိ အောင်လုပ်ထားကြပါလို့ တိုက် တွန်းပါတယ်’’ဟု ၎င်းက တွေ့ဆုံပွဲတွင် လယ်သမားများအား အသိ ပေးသည်။

ကျုံပျော်မြို့နယ်အတွင်းရှိ ရှားခဲအင်းပြဿနာ၊ မအူပင်မြို့ နယ်၊မလတ်တိုပြဿနာတို့တွင် သွေးထိုးလှုံ့ဆော်ပေးနေ သူများ ရှိခဲ့၍ လယ်သမားအများစုမှာ ဥပဒေအရ အရေးယူခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ထုံး လုပ်နည်းနဲ့ ဥပဒေ၊ နည်းဥပဒေများကို နားလည်ထားနိုင်ရန်နှင့် သွေးထိုးလှုံ့ဆော်မှုများကို အဓိကရှောင်ရှား သွားရန် ဦးရွှေမန်းက တိုက်တွန်း ပြောကြားသွားသည်။

တောင်သူလယ်သမားများ အတွက် ချေးငွေကိစ္စများကို ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးနေခြင်းအပြင် တစ်ဦးချင်းချေးငွေကို လည် ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ရာသီဥတုကြောင့် ပျက်စီးသွားသော စိုက်ပျိုးလယ်ဧကများအတွက်ကိုပါ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် သီးနှံများကို ကာကွယ်နိုင်ရန် ဥပဒေရေးဆွဲပြဋ္ဌာန်းကာ လာမည့်နှစ်အတွင်း ရေးဆွဲထားသည့် ဥပဒေများကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။

‘‘ဧရာဝတီတိုင်းဘက်က ဆန် စပါးအပြင် ဆားကိုလည်း အဓိက ထုတ်တဲ့ နေရာဖြစ်တယ်။ ဆန် အပြင် တခြားစားသောက်ကုန်ပါ ထုတ်ပေးနိုင်တဲ့အတွက် ဆန်အိုး ကြီးအပြင် ဟင်းအိုးကြီးတစ်အိုး လည်း ဖြစ်နေတယ်။ အဲဒီအတွက်ကျေးဇူးရှင်တောင်သူလယ်သမား များအတွက် ကူညီထောက်ပံ့မှု များနဲ့ နည်းပညာထောက်ပံ့ပေး မှုများကို ဆောင်ရွက်ပေးသွားရ မှာပဲ ဖြစ်တယ်’’ဟု ၎င်းက ဆက် လက်ပြော ကြားသည်။

တစ်နိုင်ငံလုံး အနေအထား ဖြင့် ၂၅ ရာခိုင်နှုန်း ထွက်ကုန်ကို ဧရာဝတီတိုင်းဒေသကြီးရှိ ဆန်စပါး ထုတ်ကုန်မှ ရရှိပြီး ဆန်စပါးစိုက်ပျိုးရေးအတွက် မြစ်ချောင်း၊အင်း၊ အိုင်များ တည်ရှိနေခြင်း ကြောင့် မွေးမြူရေး လုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နိုင်ရန် မွေးမြူရေး သမားများကိုပါ တောင်သူများနှင့် တန်းတူချေးငွေ ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်

7Day Daily
ပြန်ခေါက်ထားပေးပါ

No comments:

Post a Comment

My Blog List