Tuesday, December 16, 2014

ကွပ်မျက်ခံရသော တရုတ်ဆယ်ကျော်သက် ၁၈နှစ်ကြာမှ အပြစ်မရှိကြောင်း တွေ့ရှိ


တရုတ်ဆယ်ကျော်သက်တစ် ဦးမှာ လူသတ်မှု၊ မုဒိမ်းမှုဖြင့် စွဲချက် တင်ခံရကာ လွန်ခဲ့သော ၁၈နှစ်က ကွပ်မျက်ခံခဲ့ရသည်။ 

တနင်္လာနေ့၌ ၄င်းတွင် အပြစ်မရှိကြောင်း တရားရုံး တစ်ခုက ကြေညာခဲ့သည်။
မှားယွင်း ဆုံးဖြတ်သည့် စီရင်ချက်များကို ပြန် လည်သုံးသပ်သည့် ရှားရှားပါးပါး ကိစ္စရပ်ဟုဆိုကြောင်း AFP သတင်း က ရေးသားခဲ့သည်။ 

အသက် ၁၈ နှစ် ဟတ်ဂျီတူ ခေါ် ချိုဆီလက်တူအား အပြစ်ရှိ သည်ဟုဆိုကာ ၁၉၉၆ခုနှစ်အတွင်း မွန်ဂိုလီးယား၌ သေဒဏ်ပေးခဲ့ သည်။ သို့ရာတွင် ၂ဝဝ၅ခုနှစ်က အခြားတရားခံတစ်ဦးအား ဖမ်းဆီး ရမိခဲ့ရာ အပြစ်ကို ဝန်ခံခဲ့သဖြင့် အဆိုပါ စီရင်ချက်အပေါ် သံသယ ဝင်ခဲ့ကြသည်။ 

အတွင်းမွန်ဂိုလီးယားပြည်သူ့ တရားရုံးက ဟတ်ဂျီတူ၏ မူလအပြစ် ရှိကြောင်း စီရင်ချက်မှာ အချက်အ လက်များနှင့် မကိုက်ညီကြောင်း၊ သက် သေများလည်း လုံလောက်မှုမရှိ ကြောင်း၊ ဟိုဟုတ်မြို့တရားရုံး၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။ 

ဟတ် ဂျီတူ၌ အပြစ်မရှိကြောင်းလည်း ဆုံး ဖြတ်ခဲ့သည်။
ဤအမှုအား တရားဥပဒေစိုး မိုးရေးအတွက် အာဏာရကွန်မြူနစ် ပါတီခေါင်းဆောင်များက တရုတ် ထုံးတမ်းစဉ်လာနှင့်အညီ ကတိပေး ခဲ့ပြီးနောက် ကျွမ်းကျင်သူများက တရားရုံးကို ဗဟိုချုပ်ကိုင်မှုကို သတိ ပေးခဲ့ကြသည်။ တရားစီရင်ရေးလွတ် လပ်မှုမရှိဟုပြောကြားခဲ့ကြသည်။ 

တရားရုံး၏ ဒုတိယဥက္ကဋ္ဌက ဟတ်ဂျီတူ၏ အမှုနှင့်ပတ်သက်၍ သူ၏မိဘများအား ဝန်ချတောင်းပန် ကြောင်းပြောကြားချက်ကို ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ထို့အပြင် လျော်ကြေးယွမ် ၃ဝဝဝဝ (ဒေါ်လာ ၄၈၅ဝ) ပေးမည်ဟုလည်း ဖော်ပြခဲ့သည်။ ဤကိစ္စအား အာ ဏာပိုင်များက ချက်ချင်းအတည်မ ပြုခဲ့ဟု ဆိုသည်။တရားရုံးက ဟတ်ဂျီတူ၏ ဝန် ခံချက်နှင့် ရင်ခွဲစစ်ဆေးမှုများ ကွာ ဟနေသည့်အပြင် အခြားသက်သေ အထောက်အထားများနှင့်လည်း ကွာ ခြားနေကြောင်း၊ DNA တင်ပြချက် မှာလည်း ရာဇဝတ်မှုနှင့် တိကျစွာ မရှိဟု ဆိုသည်။ 

Ref: AFP
Democracytoday

No comments:

Post a Comment

My Blog List