Wednesday, December 17, 2014

ရခိုင်ပြည်နယ် ထက်ဝက်ခန့် အစိုးရ လျှပ်စစ်မီးပေးနိုင်တော့မည်


ရခိုင်ပြည်နယ်၏ ရာခိုင်နှုန်း ထက်ဝက်ခန့်ကို မဟာဓာတ် အားလိုင်းမှတစ်ဆင့် လျှပ်စစ်မီး ပေးနိုင်ပြီ ဖြစ်ပြီး တစ်ယူနစ်ဈေး နှုန်းမှာ ပုဂ္ဂလိကကုမ္ပဏီများထက် ဆယ်ဆကျော် သက်သာမည်ဖြစ် ကြောင်း ပြည်နယ်အစိုးရထံမှ သ တင်းရရှိသည်။

ယခင်က ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကကုမ္ပဏီများက တစ်ယူနစ်လျှင် ၄၄၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မီးပေးဝေနေခြင်းဖြစ်ပြီး ယခုအခါ ၃၅ ကျပ်နှုန်းဖြင့် ပြည်နယ်အစိုးရက လျှပ်စစ်မီးပေးဝေမည် ဖြစ်သည်။
‘‘ရခိုင်ပြည်နယ်က ခရိုင် ငါး ခုမှာ သံတွဲ၊ ကျောက်ဖြူ၊ မြောက် ဦးနဲ့ စစ်တွေခရိုင်တွေက မြို့နယ် တော်တော်များများကို မီးပေးနိုင် ပါပြီ။ ကျန်မြို့နယ်အချို့ကို ၂၀၁၅ မကုန်ခင် မီးပေးနိုင်မှာပါ’’ဟု ရခိုင် ပြည်နယ်အစိုးရ ပြန်ကြားရေးတာ ၀န်ခံ ဦးဝင်းမြိုင်က ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အ ဖြစ် လျှပ်စစ်မီးစတင်ပေးဝေခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်မီးရရှိပြီဖြစ်သော ကြောင့် စက်မှုဇုန်များလည်း တည် ဆောက်သွားမည်ဟု ၎င်းက ဆက်လက် ပြောသည်။

‘‘အရင်တုန်းက စစ်တွေမှာ ဖိုးသီးချိုကုမ္ပဏီက လျှပ်စစ်မီးပေး တယ်ဆိုပေမယ့် အလင်းရောင်ရဖို့တစ်ခုတည်းပဲ။ စက်မှုလုပ်ငန်း တွေက ကိုယ်ပိုင်မီးစက်နဲ့ အလုပ် လုပ်ရတာ’’ဟု စစ်တွေမြို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြော သည်။

‘‘မီးရပြီဆိုတော့ ပျော်တာ ပေါ့။ ဈေးကလည်း တစ်ယူနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေထက် အများကြီးသက်သာတယ်။ မီးမမှန်မှာကို ပဲ စိုးရိမ်ရတယ်’’ဟု စစ်တွေဒေသခံ ကိုကောင်းမြတ်စည်သူက ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List