Tuesday, December 16, 2014

၂၀၁၄ ခုနှစ်အတွင်း အင်ဒိုနီးရှားရှိ လူ့အခွင့်အရေး ချိုးဖောက်မှု အများစုကို ရဲများ ကျုးလွန်ခဲ့ကြ


IndoPolice

ဂျာကာတာ၊ ဒီဇင်ဘာ၁၅။ ပျောက်ဆုံးလူများနှင့် အကြမ်းဖက်ဓါးစာခံများ ဆိုင်ရာကော်မရှင် (Kontras) ၏ နှစ်ကုန် အစီအရင်ခံစာ အရ အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၁၄ခုနှစ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အများစုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ ကြကြောင်း သိရသည်။

ထိုနှစ်တစ်နှစ်လုံး ကျူးလွန်သူအများစုမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး အထူးသဖြင့် သဘာဝရင်းမြစ်များနှင့် ဆက်နွယ်နေသောအမှုကိစ္စများ သို့မဟုတ် ပါပူအာကဲ့သို့ပဋိပက္ခဇုံများရှိ အမှုကိစ္စများ ချိုးဖောက်လေ့ရှိသည်ဟု Kontras မှ ဒု-ညိနှိုင်းရေးမှူး ခရစ္စဘီယန်တိုရိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ရဲတွေဟာ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး သူတို့ဟာ သာမန်ပြည်သူ တွေကို ကူညီရမဲ့အစား စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ပြည်နယ်အာဏာပိုင်တွေကို အမြဲတမ်းပံ့ပိုးခဲ့ကြပါတယ်“ဟု ခရစ္စဘီယန်တိုရိုက ဒီဇင်ဘာ၁၄ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ အမှုများ အနက် ၇၇ ခုမှာ မြေယာ အငြင်းပွားမှု ဖြစ်သည်ဟု Kontras က မှတ်တမ်းတင် ခဲ့သည်။

"သာဓက တစ်ခုကတော့ အနောက်ဂျာဗားက ကာရာဝန်မှာ ဒေသခံတွေနဲ့ ဘိလပ်မြေ စက်ရုံကြားက အငြင်းပွားမှု တစ်ခုပါ။ ရဲတွေက အမြဲတမ်း မြေပိုင်ရှင်တွေ ဖြစ်ခဲ့တဲ့ ဒေသခံ ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်“ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ပါပူအာတွင်ဖြစ်ခဲ့သော အကြမ်းဖက်မှု ၆၇ မှုရှိခဲ့ပြီး ရဲများ၏ ကျူးလွန်မှုတွင် အလွန်ကြီးမားသည့် ပမာဏဖြစ်ခဲ့သည်။ ပါပူအာတွင်ဖြစ်ခဲ့သည့် အမှု ၂၇ မှုတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည်ကို တွေ့ခဲ့ရသည်။ အခြား ကျူးလွန်သူများတွင် စစ်ဘက်၊ အရပ်ဘက် သို့မဟုတ် အမည်မဖော် နိုင်သည့် အဖွဲ့အစည်းများ ပါဝင်သည်ဟု ဆိုသည်။ ညင်းပန်း နှိပ်စက်မှုလည်း ၂၀၀ အထိ ရှိခဲ့ပြီး ၁၄၂ မှုကို ရဲများက ပြုလုပ်ခဲ့သည်။ ထို့အပြင် ၂၇ မှုကို စစ်တပ်က ပြုလုပ်ခဲ့ပြီး ၃၁ မှုကို အကျဉ်းထောင် အစောင့်များက ပြုလုပ်ခဲ့သည်။

Mizzima

No comments:

Post a Comment

My Blog List