Tuesday, December 16, 2014

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ရေငုပ်သင်္ဘော စမ်းသပ်မောင်းနှင်ရန် အဆင့်သင့်ဖြစ်



နယူးဒေလီ၊ ဒီဇင်ဘာ၁၅။ အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်းလုပ် ရေငုပ်သင်္ဘော INS Arihanသည် ယခုအခါ ပင်လယ်အတွင်း သို့ပထမဆုံးအကြိမ် ငုပ်ဆင်း   မောင်းနှင်ရန် နောက်ဆုံးအဆင့်များအားလုံးကို လုပ်ဆောင်နေပြီဖြစ်သည်။

တန်ချိန်၆၀၀၀ရှိ ၎င်းရေငုပ်သင်္ဘောတွင် မောင်နှင်းမှုအတွက် သင်္ဘောတွင် ၈၃မဂ္ဂါဝပ်ထုတ်ပေးမည့် ဖိအားပေး ထားသော ရေပေါ့နျူကလီးယား ဓါတ်ပေါင်းဖို တစ်ခုတပ် ဆင်ထားပြီး လာမည့် ရက်အနည်း ငယ်အတွင်း ၀ိသာခါပတ် နမ်ကမ်းလွန်တွင် ပင်လယ်ခရီးကို စတင်မည်ဖြစ်သည်။

ယခု ရေငုပ်သင်္ဘောကို INS Arihant သို့မဟုတ် ရန်သူများကို ခြေမှုန်းသူဟု အမည်ပေးထားပြီး ဆောက်လုပ်ဆဲ ဖြစ်သော နောက်ထပ် ရေငုပ်သင်္ဘော နှစ်စီး တည်ဆောက်ပြီးပါက အိန္ဒိယသည် နျူကလီးယား ထိပ်ဖူးကို မြေပြင်၊ဝေဟင်နှင့် ပင်လယ်ပြင်တို့မှ ပစ်ခတ်နိုင်သော စစ်ဆင်ရေးစွမ်းရည်ကို ပိုင်ဆိုင်နိုင်တော့ မည် ဖြစ်သည်။

Agni တိုက်ချင်းပစ် ဒုံးကျည်များနှင့် ဗုံးကျဲတိုက်လေယာဉ်များ ပထမအဆင့်နှစ်ခုဖြစ်ပြီး နျူကလီးယား ပဲ့ထိန်းဒုံးသည် သုံးပွင့်ဆိုင်စစ်ဆင်ရေး၏ လိုနေသောအ ပိုင်း ဖြစ်သည်။

နျူကလီယား စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးကျည်များ (SSBNs)တပ်ဆင်ထားသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် သုံးပွင့်ဆိုင်စစ် ဆင်ရေး တွင် ထောက်လှမ်းရန်အခက်ခဲဆုံးနှင့်အကျိုးရှိသော အစိတ်ပိုင်းဖြစ်လာမည်ဟု ယူဆထားသည်။

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံက ရေငုပ်သင်္ဘောအသုံးပြုမှုကို တိုးမြှင့်လုပ်ဆောင်မှုနှင့် ပတ်သက်၍စိုးရိမ်မှုများလည်းမြှင့်တက်လျက်ရှိသည်။

Ref: AFP

Mizzima 

No comments:

Post a Comment

My Blog List