Tuesday, December 16, 2014

ကင်ဂျုံအီ ကွယ်လွန်သည့် နှစ်ပတ်လည် အခမ်းအနားသို့ တောင်ကိုရီးယား အမတ်တစ်ဦး တက်ရောက်မည်


KimJongIlFuneral

ဆိုးလ်၊ ဒီဇင်ဘာ ၁၅။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်သည့် သုံးနှစ်ပြည့် အခမ်းအနား တစ်ရပ်အတွက် တောင် ကိုရီးယား အကြီးတန်း နိုင်ငံရေးသမား တစ်ဦး မြောက်ကိုရီးယားသို့ သွားရောက်မည်ဟု သိရသည်။ ယင်းခရီးစဉ်သည် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးရန်သာဖြစ်ပြီး နိုင်ငံရေးအရ သွားရောက်သည့် ခရီးစဉ်မဟုတ်ဟု တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၁၅ ရက် ကပြောကြားသည်။
မြောက်ကိုရီးယားသို့သွားရောက်မည့် အဖွဲ့ဝင် ခုနှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီရေးရာ နိုင်ငံရေး မဟာမိတ်ပါတီ NDAP မှ ပါတီဝင် တစ်ဦးဖြစ်သည့် ပါ့ခ်ဂျီဝမ် က ဦးဆောင်မည်ဖြစ်သည်ဟု ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြား သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်း၏ ဖခင်လည်း ဖြစ်သည်။

ပါ့ခ်ဂျီဝမ်သည် ယခုခရီးစဉ်တွင် မြောက်ကိုရီးယား၏ နယ်စပ် ရေးရာ ကိစ္စရပ်များကို ကိုင်တွယ်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ် သည့် မြောက်ကိုရီးယားအာရှ-ပစိဖိတ် ငြိမ်းချမ်းရေး ကော်မတီ၏ ဒုတိယ အကြီးအကဲ ၀မ်သုန်ယွန်းနှင့် တွေ့ ဆုံသွားဖွယ်ရှိသည်ဟု ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဗြောင် ချိုးက ပြောသည်။

ထို့ပြင် ယခု ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ရန် သက်သက်သာ ဖြစ်သည်ဟု လင်က ပြောကြား သည်။ အသက် ၇၂ နှစ်အရွယ်ရှိ ပါ့ခ်ဂျီဝမ်သည် ယခင်တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ၏ အနီးကပ် လက်ထောက်တစ်ဦးဖြစ် သည်။ ကင်ဒေးဂျုံသည် ၎င်း၏ လက်ထက်တွင် မြောက်ကိုရီးယားနှင့် ပြန်လည် သင့်မြတ်ရေးအပေါ် အလေးထားလုပ်ဆောင်ထားခဲ့သည်။

Mizzima

No comments:

Post a Comment

My Blog List